Tuesday, February 3, 2015

အာရှဈေးကွက်၌ ရေနံဈေးကျဆင်း



အာရှဈေးကွက်၌ တနင်္လာနေ့ က ရေနံဈေးကျခဲ့သည်။ လကုန်ရက် ၌ မတည်ငြိမ်သောဈေးကွက်မှ ကုန် သည်များက အမြတ်ရခဲ့သည်ဟု ဆို သည်။ အမေရိကန်ရေနံချက်စက်ရုံ တစ်ခု၏ သပိတ်ကလည်း ရေနံဈေး ကို ဖိအားပေးခဲ့သည်။

အမေရိကန် တက္ကဆက်ရေနံ အား မတ်လအတွက် ကြိုတင်ဝယ်ဈေး မှာ ၁ ဒသမ ၃၅ဒေါ်လာကျဆင်းကာ တစ်စည်လျှင် ၄၆ ဒသမ ၈၉ဒေါ်လာ ပေါက်ခဲ့သည်။ မတ်လအတွင်း ဘရင့် ရေနံတစ်စည်လျှင် ၁ ဒသမ ၄၁ဒေါ် လာကျဆင်းကာ တစ်စည်လျှင် ၅၁ ဒသမ ၅၈ဒေါ်လာပေါက်ခဲ့သည်။



အနောက်တက္ကဆက် အလယ် အလတ်ရေနံမှာ ခြောက်နှစ်တာဈေး ကျခဲ့ရာမှ ယခု ၃ ဒသမ ၇၁ဒေါ် လာ ဈေးတက်ခဲ့သည်ဟု လေ့လာ သူများက ဆိုသည်။ ဘရင့်ရေနံမှာ ယခင်ခြောက်နှစ်ကထက် ၃ ဒသမ ၄၆ဒေါ်လာ တက်ခဲ့သည်ဟု သိရ သည်။ ရေနံဈေးမှာ သဘာဝမဟုတ် ဘဲ ဈေးကစားခြင်းသာဖြစ်သည်ဟု စင်ကာပူမှ ကျွမ်းကျင်သူ ဒန်နီယယ် အန်းက ဆိုသည်။ ရေနံဈေးနှုန်းမှာ အမှန်တကယ် ဝယ်လိုအားနှင့် ထုတ် လုပ်မှုညီမျှပါက ခိုင်မာလာမည်ဟု ဆိုသည်။

လေ့လာသူများက အမေရိကန် ရေနံချက်စက်သပိတ်ကြောင့် ရေနံ ဈေးကွက်၌ အဝယ်လျော့သွားကာ ရေနံဈေး ဆက်လက်ကျဆင်းနေဦး မည်ဟု ဆိုသည်။
အမေရိကန် ပြည်နယ်ကိုးခုတွင် ရေနံချက်စက်ရုံ ၂ဝဝကျော်မှ လုပ်သား များက အလုပ်သမားသဘောတူညီ ချက်ကိုလိုက်နာရန် ပျက်ကွက်သည် ဟုဆိုကာ ဆန္ဒပြခဲ့ကြသည်။ ထို့ကြောင့် တစ်နေ့လျှင် ရေနံစည် ၁ ဒသမ ၈ သန်း အဝယ်လျော့သွားနိုင်သည်ဟု ဆိုသည်။ အမေရိကန် ရေနံချက်စက် ရုံတစ်ခု ပိတ်လိုက်ခြင်းကြောင့် ကမ္ဘာ့ ရေနံဈေးကွက်ဝယ်လိုအားကို ထိခိုက် စေနိုင်သည်ဟု ဆိုသည်။

AFP

‪Democracytoday‬

Yangon Media Group

No comments:

Post a Comment