Tuesday, February 3, 2015

မိမိနိုင်ငံ သားများကို သတ်ပစ် လိုက်သည့် အိုင်အက်စ် စစ်သွေးကြွများကို ဂလဲ့စားချေမည်ဟု အာဘေးပြော


hkg10143646 5c1b45415da8590861e77ee5a3b585d7
တိုကျို၊ ဖေဖော်ဝါရီ ၂။       ။  အစ္စလာ မ္မစ်နိုင်ငံတော်  အိုင်အက်စ်  စစ်သွေး  ကြွများက  ဒုတိယမြောက်  ဂျပန်နိုင်ငံ သား ဓားစာခံ  ဂျာနယ်လစ်  တစ်ဦးကို သတ်ဖြတ်ကြောင်းပြော  ကြားခဲ့သည့် ဗီဒီယို တစ်ခု ထုတ်လွှင့်ခဲ့  ပြီးနောက်ပိုင်း ဂျပန် ဝန်ကြီးချုပ်  ရှင်ဇို အာဘေးက  ယင်းသို့ ရက်စက်စွာ သတ်ဖြတ် ခဲ့ခြင်း အပေါ်ပြင်းပြင်း ထန်ထန်ရှုတ် ချလိုက်ပြီး ''အကြမ်း ဖက်သမားများအား ၄င်းတို့ လုပ်ဆောင်ခဲ့သမျှတိုင်း အတွက် ပြန်လည်ပေး ဆပ်ခိုင်းမည်'' ဟုကတိပြုပြော ကြားသွားသည်။ အစွန်းရောက်အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် အနောက်နိုင်ငံများ မှခေါင်းဆောင်များက ထိုကဲ့သို့ကြွေးကြော်မှု များရှိခဲ့သော်လည်း လက်ရှိ အချိန်ထိ ၄င်းတို့နှင့် စစ်သွေးကြွများ အကြား ထိပ်တိုက်တွေ့ ဆုံမှုမျိုး ကိုတွေ့မြင် ရသေးခြင်း မရှိသေးပေ။


စစ်သွေးကြွများ၏ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသော ဂျပန်နိုင်ငံသား ကန်ဂျီဂိုတို နှင့် ဟာရူနာ ယူကာဝါတို့ သတ်ဖြတ်ခံခဲ့ ရပြီးနောက်ပိုင်း ထိုကဲ့သို့ ဝန်ကြီးချုပ် အာဘေးက လက်တုန့်ပြန်မည် ဟုပြောကြား လိုက်ခြင်း သည် စစ်ရေးဆိုင်ရာ ရှေးရိုးစွဲဝါဒီ နိုင်ငံတွင် အံအားသင့် စရာဖြစ်ခဲ့ရသည်။

ကာလကြာ ရှည်စွာ စစ်ဆန့် ကျင်ရေး လမ်းစဉ်ကျင့် သုံးခဲ့သောနိုင်ငံ အတွက် ယခုအကျပ် အတည်းသည် အရေး ပါသော အပြောင်း အလဲ တစ်ခု  လည်းဖြစ် သွားနိုင်သည်။

၁၂ ရက်တာ ဓားစာခံ ဖမ်းဆီးခံရမှုကာလအဆုံးသတ်ပိုင်းတွင် ဒုတိယမြောက် ဓားစာခံ ဂိုတို သတ်ဖြတ်ခံ လိုက်ရပြီးနောက် အမေရိကန်နှင့် ယင်း၏အနောက် အုပ်စု မဟာမိတ် များကြုံတွေ့ ခဲ့ရသော အကြမ်းဖက်မှု ပုံစံများနှင့် ကင်းလွတ်ခဲ့ပြီး ငြိမ်းချမ်း တိုးတက်သော ဂျပန်နိုင်ငံ အတွက် ကမ္ဘာကြီးသည် ရုတ်ခြည်းပင် ပိုမို အန္တရာယ် ကြီးမားသောနေရာ တစ်ခုနှင့် တူလာခဲ့သည်။

ဂျပန်တို့ ယခုကြုံတွေ့ ခဲ့ရသည့် အဖြစ်အပျက် ပုံစံသည် ၉/၁၁တိုက်ခိုက်မှုဖြင့် အမေရိကန်တို့ ကြုံတွေ့ခဲ့ရမှုသို့မဟုတ် ယမန်လ ကပြင်သစ်နိုင်ငံ၊ ချာလီဟက် ဒို မဂ္ဂဇင်း တိုက်နှင့် ဂျူးစူပါမားကက်တို့ အကြမ်းဖက် တိုက်ခိုက်ခံ ရမှုမျိုးနှင့် အလားသဏ္ဍာန် တူကြောင်း အချို့ကပြောသည်။

''ဒါဟာ ဂျပန်တွေအတွက် ၉/၁၁ တိုက်ခိုက်မှုပါပဲ။ ဂျပန်တွေအနေနဲ့ သူတို့ရဲ့ စိတ်ရင်းစေတနာကောင်းလေးတွေ၊ မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေ ကအန္တရာယ် ကြီးမားတဲ့ ကမ္ဘာပေါ်ရဲ့ တခြားနေ ရာတွေကနေ နိုင်ငံကို ကာကွယ်နိုင် လိမ့်မယ်လို့ အိပ်မက်မက်နေတာကို ရပ်ဖို့အချိန်ကျပါပြီ''ဟု ဂျပန်သံတမန် တစ်ဦးဖြစ်ခဲ့ ဖူးသူ ကူနီဟီကို မီယာကီ ကပြောကြား သွားသည်။

Mizzima

No comments:

Post a Comment