Tuesday, February 3, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အဆင့်မြှင့်တင်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီ ၂ဝကျော် လျှောက်ထား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား နိုင်ငံတကာအဆင့်မီ ရှစ်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့် တင်ရေး လုပ်ငန်းလုပ်ကိုင်ရန်အတွက် ပုဂ္ဂလိ က ကုမ္ပဏီ ၂ဝ ကျော်မှ လာရောက် လျှောက်ထားကြောင်း အမြန်လမ်း အင်ဂျင်နီယာဌာနမှ သိရသည်။

လက်ရှိ အမြန်လမ်းမကြီး၏ လမ်းမိုင်အရှည် ၃၆၆မိုင် ၃ဖာလုံ အား မူလစီမံကိန်းရည်မှန်းချက်ပုံစံနှင့် အဆင့်မြှင့်တင်နိုင်ရန် Build Operate- Transfer (BOT) စနစ် ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ပုဂ္ဂ လိက လုပ်ငန်းရှင်များ၏ စိတ်ဝင် စားမှု အဆိုပြုလွှာခေါ်ယူခဲ့ရာ ဇန် နဝါရီလကုန်အထိ ကုမ္ပဏီပေါင်း ၂ဝကျော်မှ လာရောက်လျှောက်ထား ခဲ့ကြောင်း အမြန်လမ်း အင်ဂျင်နီယာ မှူးကြီးဦးကြည်ဇော်မြင့်က ဆိုသည်။



ဦးကြည်ဇော်မြင့်က ''အခု လျှောက်ထားတဲ့ ကုမ္ပဏီတွေထဲက သတ်မှတ်အရည်အသွေးမီတဲ့ကုမ္ပဏီ တွေကိုစိစစ်ပြီး တင်ဒါသွင်းခွင့်ပြု သွားမှာပါ''ဟု ဆိုသည်။

လက်ရှိ စိတ်ဝင်စားမှုဆိုင်ရာ အဆိုပြုလွှာလျှောက်ထားသည့် ကုမ္ပ ဏီများနှင့် ပတ်သက်သည့် အသေး စိတ်အချက်အလက်များကို ယခုလ အတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

''ရင်းနှီးမြှုပ်နှံမှုခိုင်မာမှုရှိပြီး နည်းပညာပိုင်းမှာလဲ နိုင်ငံတကာအ မြန်လမ်းတည်ဆောက်မှုပိုင်းမှာ အ တွေ့အကြုံရှိတဲ့အဖွဲ့အစည်းတွေကို ဦးစားပေးရွေးချယ်သွားမှာပါ''ဟု ဦးကြည်ဇော်မြင့်က ဆိုသည်။

အဆိုပါအမြန်လမ်းမကြီးကို ရှစ်လမ်းသွားကတ္တရာကွန်ကရစ်လမ်း (AC)၊ Guard Rail နှင့် CCTV တပ်ဆင်ခြင်း၊ လမ်းဘေး ဝဲ/ယာ တစ်ဖက်တစ်ချက်တွင် ခြံစည်းရိုး အပြည့်ကာရံခြင်း၊ ကျေးရွာချင်းဆက် (Service Roads) ကုန်ထုတ်လုပ် လမ်းများ ဖောက်လုပ်ခြင်းတို့ကို နိုင်ငံ တကာအမြန်လမ်းများကဲ့သို့ အဆင့် မြှင့်တင်သွားမည်ဖြစ်သည်။

အဆိုပါ အမြန်လမ်းအဆင့်မြှင့် တင်ရေးအတွက် ရင်းနှီးတည်ဆောက် လိုသည့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီး မြှုပ်နှံသူလုပ်ငန်းရှင်များ၊ နိုင်ငံတကာ နှင့်ပြည်တွင်း ဖက်စပ်လုပ်ငန်းရှင်များ အား အဖွဲ့အစည်းတစ်ခုခြင်းသာမက ပူးပေါင်းကော်ပိုရေးရှင်းများအနေဖြင့် ဝင်ရောက်လျှောက်ထားခွင့်ပြုထား ကြောင်း သိရသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ''ဒီအမြန်လမ်းနဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီး သုံးခု ကို ချိတ်ပေးထားတဲ့အတွက် အရေးပါ တဲ့လမ်းမကြီးတစ်ခုပါ။ ဒါပေမဲ့ လက်ရှိ အခြေအနေက အမြန်လမ်း တစ်ခုရဲ့ အင်္ဂါရပ်တွေ မပြည့်စုံသေးဘူးလို့ ပြောလို့ရတယ်။ နိုင်ငံတကာအဆင့်မီ ဖြစ်ဖို့အတွက် အမြန်ဆုံးအကောင် အထည်ဖော်သင့်တယ်''ဟု ဆိုသည်။

အဆိုပါစိတ်ဝင်စားမှု အဆိုပြု လျှောက်လွှာများကို လုပ်ငန်းရှင်များ အား၂ဝ၁၅ ဇန်နဝါရီ ၅ရက်မှ ၁၆ရက် အထိ အဆိုပြုလွှာပုံစံများ ရောင်းချပေး ခဲ့ပြီး ဇန်နဝါရီလကုန်အထိ တင်သွင်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

AK

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

Yangon Media Group

No comments:

Post a Comment