Wednesday, February 25, 2015

မူဆယ် (၁၀၅) မိုင်မှ ပန်ဆိုင်းအသွား ဖရဲသီးတင် (၁၂) ဘီးယာဉ်နှစ်စီး ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ

မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ ပန်ဆိုင်းမြို့အဝင် ဆိုင်းဘုတ် အနီး ပြည်ထောင်စုလမ်းမကြီးတွင် ယနေ့နံနက် ၈ နာရီခန့်က ပြောက် ကျားဝတ်စုံနှင့် စစ်စိမ်းရောင်ဝတ်ဆင် ထားသည့် လက်နက်ကိုင်အင်အား ၁၅ဦးခန့်သည် လက်နက်ကိုယ်စီ ကိုင်ဆောင်လျက် မူဆယ်(၁၀၅)မိုင် မှ ပန်ဆိုင်းသို့ထွက်ခွာလာသည့် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်နေ ယာဉ်မောင်း ဦးအေးကို (၅၁နှစ်) မောင်းနှင်လာသည့် ဖရဲသီးတင်ဆောင်လာသော (၁၂) ဘီးယာဉ်အားတားဆီးပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဦးသောင်းမြင့်တို့အား ယာဉ်ပေါ်မှ ဆင်းစေ၍ “ဆက်ကြေးတောင်းတဲ့ စာရလား၊ ဆက်ကြေးမပေးလို့” ဟု လက်နက်ကိုင်အဖွဲ့က ပြောဆိုပြီး ယာဉ်၏ရှေ့ခန်းသို့ ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲရာ ယာဉ်ခေါင်း ပိုင်းကြေမွ ပျက်စီးသွားခဲ့သည်။



အဆိုပါ ယာဉ်၏နောက်မှ အတူလိုက်ပါလာသော ယာဉ်မောင်း ဦးအေးသိန်း (၅၀ နှစ်) မောင်းနှင် လာသော ဖရဲသီးတင်ဆောင်လာသည့် (၁၂)ဘီး မော်တော်ယာဉ်ကိုလည်း လက်နက်ကိုင်များက တားဆီး၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား ယာဉ်ပေါ်မှဆင်းခိုင်းပြီး ယာဉ်အောက်သို့ ဗုံးတစ်လုံး ထပ်မံ ပစ်သွင်း ဖောက်ခွဲခဲ့သည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment