Wednesday, February 25, 2015

မန္တလေးပဋိပက္ခတွင် အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် အမျိုးသား ၁၅ဦးအား ထောင်ဒဏ်များချမှတ်

မန္တလေးမြို့တွင် ဖြစ် ပွားခဲ့သည့် ဘာသာရေး၊ လူမျိုး ရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အ ကြမ်းဖက်မှုများ အတွင်း သေဆုံးခဲ့ သူ ကိုထွန်းထွန်း၏ နာရေးသို့လိုက် ပါပို့ဆောင်ရာ၌ အစ္စလာမ်ဘာ သာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှု ဖြင့် အမှုဖွင့်ခံရသူ အမျိုးသား ၁၅ ဦးအား ပုသိမ်ကြီးမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်တွင် နှစ်ချီထောင်ဒဏ်များ ချ မှတ်ခဲ့ကြောင်း သတင်းရရှိသည်။
အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် အမှုဖွင့်ခံရ သည့် ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်မှ အ သက်(၂၀)ကျော်အရွယ် အမျိုး သား ၁၅ ဦးအား သာသနိက အ ဆောက် အအုံဖျက်ဆီးမှုအတွက် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၃၆ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့ ခြင်းဖြစ်သည်။ အမှုဖွင့်ခံရသူ ၁၅ ဦးအနက် ၁၃ ဦးအား ပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ်တစ်နှစ် စီနှင့် အမျိုးသားနှစ်ဦးအား ပုဒ်မ ၄၃၆ အရ ထောင်ဒဏ်၂ နှစ်စီ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြစ်ဒဏ်ကျခံရသူတို့၏ မိသားစု ၀င်များကပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ဇူလိုင်လ ဆန်းက မန္တလေးမြို့တွင် ဖြစ်ပွား ခဲ့သော ဘာသာရေး၊လူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူ ကိုထွန်းထွန်း (ခ)ရောင်ပြန်၏ နာရေးလိုက်လံပို့ ဆောင်ရာ လူငယ်အချို့က ကြာနီ ကန်(အေးရိမ်ငြိမ်)ရှိ အစ္စလာမ် ဘာသာဝင်တို့၏ သင်္ချိုင်းအား မီး ရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု ဆိုကာ ပုသိမ်ကြီးမြို့မရဲစခန်းက အမျိုးသား၁၅ ဦးကို ဖမ်းဆီးကာ အမှုဖွင့် တရားစွဲဆိုခဲ့သည်။
ဆရာတော်၊ သံဃာတော် များ၏ သြ၀ါဒနှင့်အညီ မန္တလေး မြို့သူမြို့သားများ၏ ဘာသာ ပေါင်းစုံချစ်ကြည်ရင်းနှီးမှုကို ပြသ သည့်အနေဖြင့် အစ္စလာမ်သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရ သူ ၁၅ ဦးအား အစ္စလာမ်သင်္ချိုင်း အုပ်ချုပ်မှုကော်မတီက ပြီးခဲ့သည့် အောက်တိုဘာအတွင်း ခွင့်လွှတ် ကျေအေးပေးခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က လက်မခံဘဲ ဆက်လက်တရား စွဲဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
‘‘အစ္စလာမ်သင်္ချိုင်းအုပ်ချုပ် မှုကော်မတီက အမှုကျေအေးပေး တယ်။ ဒါပေမဲ့ တိုင်းဒေသကြီးအ စိုးရအဖွဲ့က လက်မခံဘူး။ ဆက် လက်တရားစွဲပြီး ပြစ်ဒဏ်ချမှတ် တာဖြစ်ပါတယ်’’ဟု တရားခံများ ဘက်မှ ရှေ့နေလိုက်ပေးခဲ့သူရှေ့ နေဦးသိန်းသန်းဦးကပြောသည်။
ပြစ်ဒဏ်ကျခံရသော်လည်း ဆက်လက်အယူခံဝင်မည်မဟုတ် ဘဲ ချုပ်ရက်များကြောင့်အမြန်ဆုံး ပြန်လည်လွတ်မြောက်လာရေးကို သာ မျှော်လင့်ကြောင်း ပြစ်ဒဏ် ကျခံရသူတို့၏ မိသားစုဝင်များက ပြောသည်။
၂၀၁၄ ဇူလိုင်လဆန်းကဖြစ် ပွားခဲ့သည့် မန္တလေးမြို့အဓိကရုဏ်းဖြစ်စဉ်အတွင်းအမှုပေါင်း ၁၉မှုဖြစ်ပွား ခဲ့ကာ လူနှစ်ဦးသေ ဆုံးခဲ့ပြီး နှစ်ဆယ်ကျော် ထိခိုက် ဒဏ်ရာများရရှိခဲ့သည်။ ယင်းအမှု များအတွက် လူ ၅၀ ကျော်ကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး လူ ၃၀ ခန့်မှာ ထွက်ပြေးလွတ်မြောက်နေ ဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိသူများကို အမှုဖွင့်ရုံး တင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ကျူးလွန်သည့်ပြစ်မှုများအလိုက် ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment