Wednesday, February 11, 2015

အွန်လိုင်းပေါ်က မိန်းမလှလေးကို တွေ့ချင်လွန်း၍ လေယာဉ်ဖြင့်လေးနာရီ ကြာသွားပြီးချိန်းတွေ့ ရာ ရုပ်ဆိုးနေသောကြောင့် မျက်နှာကို လက်သီးဖြင့်ထိုး



တရုတ်နိုင်ငံက အချစ်ရှာ ပုံတော်ဖွင့်နေသည့် ဟူအန်မော်ဆိုသည့် အသက် ၃၅နှစ်ရှိ အမျိုးသားတစ်ဦးသည် အွန်လိုင်းပေါ်တွင် ပရိုဖိုင်ပုံ အလှ အပလေးဖြင့် မိန်းမလှလေး တစ်ဦးနှင့် သိကျွမ်းသွားကာ အပြန်အလှန် မက်ဆေ့ခ်ျပို့ ဆက်ဆံ လာခဲ့သည်။

ဟူအန်မော်၏ အွန်လိုင်းပေါ်က မိန်းမလှလေးဖြစ်သူ အသက် ၃၂နှစ်ရှိ ကျိယိုကျင်းနှင့် ကြိမ်ဖန်များစွာ အပြန်အလှန် သတင်း စကားများ ပေးပို့ ကာ ဆက်သွယ် လာခဲ့ရာ မှနောက်ဆုံးတွင် အပြင်တွင်တွေ့  ဆုံဖို့ ဖြစ် လာခဲ့သည်။
ဟူအန်အတွက် စိတ်ကူးယဉ်မိန်းမလှလေးကို အပြင်တွင်တွေ့ နိုင်ဖို့ ရန်မှာလေယာဉ်ခ ပေါင် ၅၃၀၀အကုန်ခံ၍ ခရီးဝေးကို သွားကာ သွားရောက်တွေ့  ဆုံရခြင်း ပင်ဖြစ်သည်။

ဟူအန်က ဟာဘင်းပြည်နယ်တွင်နေထိုင်သူဖြစ်ရာ မိန်းမလှလေးကျိယိုကျင်းနှင့်တွေ့ ဆုံနိုင်ရန် လေးနာရီကြာ လေယာဉ်ခရီးဖြင့် စူကျို့မြို့သို့ ငွေကြေး အကုန် ကျခံကာ သွားရောက် ရခြင်းဖြစ်သော်လည်း အပြင်တွင် တကယ် ဆုံဆည်းရတော့ မည်ဖြစ်၍ စိတ်ကူး ယဉ်ပျော်မွေ့နေ ခဲ့သည်။

သို့ သော်လည်း ၎င်းတို့နှစ်ဦး ချိန်းဆို ထားရာကော်ဖီ ဆိုင်သို့ရောက် ချိန်တွင် ဟူအန် အတွက် စိတ်ကူး သမျှ သဲထဲရေ သွန်ဖြစ် ရတော့သည်။ ၎င်းတွေ့  ရသည် မိန်းမလှလေး ကျိယိုကျင်းသည် အွန်လိုင်းထဲက ပုံနှင့် လားလားမျှ မတူဘဲ အကျည်းတန် မိန်းမတစ် ဦးဖြစ်ကြောင်းတွေ့  လိုက်ရခြင်းဖြစ်သည်။

ပထမတွင် ဟူအန်က ၎င်းတွေ့ ဆုံရနေရသည့် မိန်းမကို ကျိယိုကျင်းအဖြစ် ဟန်ဆောင်နေသူဟု ပင်စွပ်စွဲ လိုက်သေးသည်။ သို့သော် လည်းပြောဆို ရှင်းပြရင်းမှ ကျိယိုကျင်းမှန်း အမှန်သိ သွားချိန်တွင် စိတ်မထိန်းနိုင်တော့ဘဲ ၎င်းစွဲလမ်း ခဲ့ရသည့် မျက်နှာကို ၎င်း၏ လက်သီဖြင့် ထိုးလိုက် မိတော့သည်။

မိန်းမလှတစ်ဦး အဖြစ်စွဲလမ်း ခဲ့သမျှသည်ဒေါသ အိုးပေါက် ကွဲပြီဖြစ်၍ မထိန်းနိုင်တော့ဘဲ လဲကျနေသည့် ကျိယိုကျင်း ကိုခြေထောက်ဖြင့်ဆောင့် ကန်သည်။ထို သို့ သဲကြီးမဲကြီး တိုက်ခိုက်နေ ရာကော်ဖီဆိုင် အလုပ်သမား များဖြန်ဖြေ ခဲ့ကြပြီး ၎င်းတို့နှစ်ဦး စလုံးကို ရဲစခန်းသို့ပို့ လိုက်ခြင်းဖြစ်သည်။

"ကျွန်တော် အွန်လိုင်းပေါ်မှာ တွေ့ ရတဲ့ သူ့ မျက်နှာလေးက  လှလှလေးရယ်။ အဲဒီ့  မျက်နှာလေးက ကျွန်တော်  စိတ်ထဲ စွဲနေတာပါ။  အပြင် မှာတွေ့   တဲ့နေ့က ကျွန်တော်ရှေ့  သူရောက် လာတော့တွေ့  လိုက်ရတဲ့မျက်နှာကြောင့် ကျွန်တော်တော်တော်လေး ကြက်သေသေချောက် ချားသွား ခဲ့ရတယ်။ မျက်နှာပြဲပြဲ နဲ့ဝက် ခြံတွေလည်း ရှိနေတဲ့ မျက်နှာပိုင်ရှင် မိန်းမ တစ်ယောက် ကိုတွေ့လိုက် ရတာ ဖြစ်တယ်ဗျာ။"ဟု ဟူအန ကပြောသည်။

ဟူအန်က တိုက်ခိုက်သော်လည်း ကျိယိုကျင်းက တရားစွဲဆိုခြင်းမရှိသဖြင့် ဟူအန်အနေဖြင့် တရား တဘောင်ရင်ဆိုင် ရခြင်းမရှိပေ။

"သူတို့ နှစ်ယောက်စလုံးကို ခေတ္တဖမ်းဆီးခဲ့ပါတယ်။နောက်အမျိုးသမီးဖြစ် သူကိုလည်းဆေး ကုသပေး ခဲ့ရတယ်။ အဲဒီအမျိုးသမီးက တရား စွဲဆိုခြင်း မရှိပါဘူး။ သူတို့ ရဲ့ ခင်မင်မှုက တစ်ခန်းရပ်သွားပြီဖြစ်သလို သူတို့ နှစ်ယောက်စလုံး နောက်ဘယ်တော့မှ အွန်လိုင်းပေါ်မှာ တွေ့ ကြတော့မှာမဟုတ်ပါဘူး။"ဟု ရဲဌာနပြော ခွင့်ရသူက ပြောသည်။

Ref: Mirror

No comments:

Post a Comment