Monday, February 2, 2015

ရန်ကုန်စည်ပင် နယ်နိမိတ်တွင် တစ်ပတ်အတွင်း ဆိုင်ကယ်အစီး ၃၀၀ ကျော် ဖမ်းဆီးအရေးယူခဲ့

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း စီးနင်းသည့် ဆိုင်ကယ်များကို မော်တော်ယာဉ် ဥပဒေအပြင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေဖြင့်ပါ အရေးယူခဲ့ပြီး ဇန်နဝါရီ နောက်ဆုံးပတ်အတွင် စီးရေ ၃ဝဝ ကျော် အရေးယူခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ ဒု-ရဲမှူးကြီး လင်းထွဋ်က ပြောသည်။

ဇန်နဝါရီ ၂၃ ရက်မှ ၂၈ ရက်အတွင်း ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ်ဖမ်းဆီးအရေး ယူမှုစီးရေ ၃၄၃ စီးအထိရှိခဲ့သည်ဟု ၎င်းကဆိုသည်။



ဒု-ရဲမှူးကြီး ဝင်းလွင်က ''မော်တော်ယာဉ်ဥပဒေ ဒဏ်ငွေ ၁,၅ဝဝ နဲ့ ဖမ်းတယ်။ တက္ကစီဖိုးလောက်ပဲရှိတယ် ဆိုတော့ ဂရုမစိုက်ဘူး။ အခု စည်ပင်သာယာဥပဒေနဲ့ အရေးယူတယ်'' ဟု ပြောသည်။

ဆိုင်ကယ် ဖမ်းဆီးအရေးယူမှုများတွင် ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူသည့်အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၃(ဃ)ဖြင့် တရားစွဲပြီး ပုဒ်မ ၇၂ ဖြင့် အပြစ်ဒဏ်ချမှတ် အရေးယူနိုင်သည်။ ထိုသို့ စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူရာတွင် အနိမ့်ဆုံးဒဏ်ငွေ ကျပ် ၁ဝ, ဝဝဝ မှ ၃ဝဝ,ဝဝဝ အထိ အရေးယူနိုင်သည်။ လက်ရှိတွင် ဆိုင်ကယ်များကို အဆိုပါပြစ်မှုများ ကျူးလွန်ပါ က စည်ပင် ဥပဒေအရ ဒဏ်ငွေ ကျပ် ၅ဝ,ဝဝဝ ဖြင့် ဒဏ်ရိုက်အရေးယူသည်ဟု ၎င်းကဆိုသည်။

အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲရုံးမှ ဒု-ရဲမှူးကြီး လင်းထွဋ်က ''လိုင်စင်ရှိ အရေးယူထားတဲ့ ဆိုင်ကယ်က ဒဏ်ငွေ ၅ဝ,ဝဝဝ ထိ ရိုက်တော့ ဆိုင်ကယ်တစ်စီး တန်ဖိုးက နှစ်သိန်းလောက်နဲ့ရတယ်ဆိုတော့ လာပြီး ဒဏ်ငွေမဆောင်တော့တာလည်းရှိတယ်။ အခုဆိုရင် တင်းတင်းကြပ်ကြပ် အရေးယူမှုတွေ လုပ်နေပါတယ်'' ဟုပြောသည်။

၂ဝ၁၄ ခုနှစ် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ်အရေးယူမှု ၅,ဝ၄၈ ရှိပြီး လိုင်စင်မဲ့ ဆိုင်ကယ် ၇၅ဝ စီးနှင့် လိုင်စင်ရှိဆိုင်ကယ် ၄,၂၉၈ စီးရှိသည်။

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်စီးနင်းမှုကြောင့် ယာဉ်တိုက်မှု မှာ အများဆုံးဖြစ်သည်။

Written  by Mizzima

No comments:

Post a Comment