Friday, February 6, 2015

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ပြုခြင်း စစ်တွေတွင် ဆန္ဒပြ

ယာယီသက်သေခံလက် မှတ် (၀ှိုက်ကတ်)ကိုင်ဆောင်သူ များမဲပေးခွင့်ပြုခဲ့ခြင်းကို ကန့် ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှု များကို ဖေဖော်ဝါရီ ၅ ရက်မှစ တင်၍ စစ်တွေမြို့တွင် ပြုလုပ် နေကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၅ ရက်တွင် စစ်တွေမြို့ စစ်ကဲတော်မင်း ကျောင်းတိုက်၌ လူထုအစည်း အဝေးပြုလုပ်ခဲ့သည်။ ယင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းမှ စ၍ စစ်တွေမြို့ရှိ နေအိမ်များ တွင်
မဲပေးခွင့်ကို ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်သည့်အနေဖြင့် သာသနာ့အလံလွှင့်ထူခြင်း၊ ‘‘၀ှိုက်ကတ်ကိစ္စ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်ချက် လက်မခံ’’ စသည့် ဆိုင်းဘုတ်များကပ်ထားခဲ့ကြခြင်းဖြစ်သည်။
‘‘ဒီနေ့ကစပြီး ဆန္ဒဖော်ထုတ် တဲ့ သဘောပေါ့။ နောက်တစ် ပြည်လုံးဆက်လုပ်ဖို့ရှိပါတယ်’’ ဟု စစ်တွေမြို့မိမြို့ဖတစ်ဦးက ပြောသည်။
ရဟန်းသံဃာတော်များက လည်းဖေဖော်ဝါရီ ၈ ရက်တွင် ယင်းကိစ္စအတွက် ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။
7Day Daily

No comments:

Post a Comment