Wednesday, February 25, 2015

FMI Air မှ နေပြည်တော်သို့ နေ့စဉ် ခရီးစဉ်သစ် ပျံသန်းပြေးဆွဲမယ်


FMI Air ဟာ မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်လေယာဉ်ပျံသန်းဝန်ဆောင်ခွင့်လက် မှတ် AOC ကိုရရှိခဲ့တဲ့အတွက် စင်းလုံးငှားဝန်ဆောင်မှုမှ ကုမ္ပဏီပိုင် Bombordier CRJ 200 Jet လေယာဉ်ဖြင့် နေ့စဉ် ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းကြောင်းအတိုင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၊ ၂၅ ရက်မှ စတင်ပြီး ပျံသန်းပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ FMI Air ဟာ ခရီးစဉ်သစ်ပြေးဆွဲခြင်းအပြင် နဂိုပြေးဆွဲနေတဲ့ ရန်ကုန်-နေပြည်တော် ပျံသန်းခြင်းကိုလည်း ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ယခုပြေးဆွဲမယ့် ရန်ကုန်-မန္တလေးခရီးစဉ်တွင် ရန်ကုန်မှ ထွက်ခွဲပြီး နေပြည်တော်တွင် ခဏတာ လေယာဉ်ဆိုက် ရောက်မည်ဖြစ်ကြောင်းလည်း FMI Air ရဲ့ CEO ဖြစ်သူ Mr Bruce Nobles က ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် လေယာဉ်မှူးတွေ၊ အင်ဂျင်နီယာတွေကို နိုင်ငံခြားမှ ခေါ်ယူထားသော်လည်း နောက်ပိုင်းတွင် ပြည် တွင်းက လေယာဉ်မှူးတွေကို လေ့ကျင့်ပေးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။ လက်ရှိမှာ လေယာဉ် တစ်စီးသာ ရှိသော်လည်း ရက်အနည်းငယ်အတွင်းမှာ နောက်ထပ် ဆက်လက်တိုးချဲ့သွားဖို့ရှိတယ်လို့ ပြောခဲ့ပါ တယ်။ လေယာဉ်ဟာ ခရီးသည် အယောက်ငါးဆယ်ဆံ့ပြီး တစ်ရက်ကို သုံးကြိမ် ပျံသန်းပြေးဆွဲမှာဖြစ်ပြီး အထူး ၀န်ဆောင်မှုအနေနဲ့ ရန်ကုန်-မန္တလေးကို ၆၅ ဒေါ်လာ၊ မန္တလေး-နေပြည်တော်ကို ၄၅ ဒေါ်လာနဲ့ ပျံသန်းပြေးဆွဲ သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁-၃၇၃၅၃၇ နဲ့ ၀၁-၂၄၈၀၆၁ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။

No comments:

Post a Comment