Sunday, February 1, 2015

ပူးပေါင်းလေတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း IS တပ်ဖွဲ့၏ ဓာတုလက်နက် ပါရဂူတစ်ဦး သေဆုံး



အမေရိကန် ဦးဆောင်သည့် ပူးပေါင်းလေတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့မှ ဓာတုလက်နက် ပါရဂူ တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဓာတုလက်နက် ပညာရှင်သည် တစ်ချိန်က အီရတ် အာဏာရှင် ဆက်ဒမ် ဟူစိန်ထံ အလုပ်လုပ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး IS တပ်ဖွဲ့ အင်အား ကြီးထွား လာချိန် တွင် ဆက်သွယ် ပေါင်းစည်းမိခဲ့ခြင်းဟု အမေရိကန် စစ်ဘက်က ဇန်နဝါရီ ၃၀ တွင် ကြေညာခဲ့သည်။
မိုဆူးလ်မြို့အနီးတွင် ပြီးခဲ့သည့် သီတင်းပတ်က ဆင်နွှဲခဲ့သည့် လေကြောင်း ထိုးစစ် တစ်ရပ်၌ အဘူမာလစ်ခ် သေဆုံးသွားသည်ဟု မိမိတို့ အတည်ပြုချက် ပေးနိုင်ေ ကြာင်း အမေရိကန် စစ်ဘက်က ဆိုသည်။ မာလစ်ခ်သည် IS တပ်ဖွဲ့များကို ဓာတု လက်နက်များ ကိုင်တွယ် အသုံးပြုနိုင်စွမ်း ရှိလာအောင် လေ့ကျင့် သင်ကြားပေးေ နကြောင်း သိရသည်။

မာလစ်ခ်သည် အီရတ်ကို ဆက်ဒမ်ဟူစိန် အုပ်ချုပ်နေစဉ် အတွင်း ဓာတုလက် နက် စက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် အယ်လ် ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့နှင့်လည်း ဆက်နွှယ်မှု ရှိခဲ့ပြီး ထိုမှတစ်ဆင့် IS တပ်ဖွဲ့များနှင့် လက်တွဲမိသွားခြင်းဟု အမေရိကန် စစ်ဘက် ဗဟိုဌာနက ကြေညာခဲ့သည်။
“မာလစ်ခ် သေဆုံးမှုဟာ အခိုက်အတန့်ပဲဖြစ်ဖြစ် စစ်သွေးကြွ အကြမ်းဖက် အုပ်စုေ တွကို ထိခိုက် သက်ရောက်သွားစေမှာပါ။ ဒါ့အပြင် ISIL တပ်ဖွဲ့ တွေက အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးမယ့် ဓာတုလက်နက်တွေ ထုတ်လုပ် ဖို့ စွမ်းရည်ကိုလည်း ကျဆင်းသွားစေမှာပါ”ဟု အမေရိကန် စစ်ဘက်၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။ အမေရိကန် အစိုးရသည် IS တပ်ဖွဲ့ကို ယခင်အမည်ဟောင်းအတိုင်း ISIL ဟူ၍သာ သုံးနှုန်း ခေါ်ဝေါ်နေဆဲ ဖြစ်သည်။
အမေရိကန် အာဏာပိုင်များသည် ယခင်က မာလစ်ခ်ကို IS တပ်ဖွဲ့၏ အရေး ပါသော ခေါင်းဆောင်ပိုင်း တစ်ဦးအဖြစ် ညွှန်းဆိုသုံးနှုန်းမှု မရှိခဲ့ဖူးချေ။ အမေရိ ကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များသည် ဆီးရီးယားနှင့် အီရတ်ရှိ IS စစ်ဘက် ပစ်မှတ်များကို ဩဂုတ် ၈ ရက်မှ စတင်ကာ ဗုံးကြဲတိုက် ခိုက်နေရာ စစ် ဆင်ရေးပေါင်း ၂၀၀၀ ကျော်ထိ ဆင်နွှဲခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
_Ref: CNA

No comments:

Post a Comment