Thursday, February 19, 2015

ကိုးကန့်တိမ်းရှောင်အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း SSPP/SSA ငြင်းဆို

ဖုန်ကြားရှင်ဦးဆောင် သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် အစိုးရတပ်မတော်တို့ကြား ဖြစ် ပွားခဲ့သည့် တိုက်ပွဲများတွင်ရှမ်း ပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်မှ (SSPP/SSA) ကိုးကန့် တိမ်းရှောင် အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူကပြောသည်။
‘‘ကျွန်တော်တို့အားလုံးအံ့ သြနေကြပါတယ်။ တစ်ယောက် မှမပါ ပါဘူး။ ပြောတဲ့လူတွေက မဟုတ်မတရားစွပ်စွဲနေကြတာ ဖြစ်တယ်။ အဝေးကြီးပါ။ သံလွင် မြစ်ကြီးခြားနေပါတယ်။ မပါဘဲ ပါတယ်လို့ပြောနေတဲ့လူတွေတာ ၀န်ယူရမယ်’’ ဟု SSPP/SSAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဆိုင်းကပြောသည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် မီဒီယာ များအား ပြောကြားရာတွင် AA(ရက္ခိုင့်တပ်မတော်)၊ TNLA(တ အောင်း အမျိုးသားလွတ်မြောက် ရေးတပ်မတော်)နှင့် SSPP/SSA တပ်ဖွဲ့တို့က ၎င်းတို့ဘက်မှ ကူညီ တိုက်ခိုက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် 7Day Daily သတင်းစာ သီးသန့်အင်တာဗျူးတွင် ‘‘သူတို့ တရားဝင်ပြောတဲ့ TNLAပေါ့။ နောက်တစ်ခါ AA၊ နောက်တစ်ခါ SSPPပေါ့။ သူတို့လုပ်နေတယ်လို့ သူတို့ပြောတာပေါ့။ Co-mfirm လုပ်တုန်းရှိပါသေးတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ကိုးကန့်ဒေသတွင် ဖြစ်ပွား နေသော တိုက်ပွဲများနှင့်ပတ်သက် ၍ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)မှ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက် တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်နေ မှုများ အမြန်ဆုံးရပ်ဆိုင်း၍ ငြိမ်းချမ်းစွာ ဖြေရှင်းရန် မေတ္တာရပ်ခံထားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်နှင့် မြန်မာ အစိုးရတို့သည် ၂၀၁၁ ဒီဇင်ဘာတွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ကြသည်။
ကိုးကန့်တိမ်းရှောင်အဖွဲ့မှ တောင်းဆိုထားသော တွေ့ဆုံဆွေးနွေးမည်ဆိုသည့်တောင်းဆိုချက်ကို အစိုးရဘက်က လက်ခံသင့်သည်ဟု SSPP ဥက္ကဋ္ဌ စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်က ပြောကြားပြီး ကိုးကန့်တိမ်းရှောင်ဘက်မှ SSPP/SSA ကူညီတိုက်ခိုက်နေသည်ဆိုသော သတင်းများကို ငြင်းဆိုလိုက်သည်။
‘‘နိုင်ငံရေးနည်းနဲ့ မဖြေရှင်း ဘဲ စစ်ရေးနည်းနဲ့ဖြေရှင်းတယ်ဆို ရင် ဒီလိုတိုက်ပွဲတွေဆက်ဖြစ်မှာ ပဲ’’ ဟု ဗိုလ်ချုပ်ကြီး ဆေထင်က ပြောသည်။ သို့သော် တိုက်ပွဲများသည် ပိုမိုကျယ်ပြန့်လာနိုင်သည့်အခြေ အနေမရှိဘဲ ‘‘ကျွန်တော်တို့တိုက် လာတဲ့ပြောက်ကျားစစ်လောက်ပဲ ဖြစ်မှာပါ။ ကိုယ့်ကိုယ်ကိုယ်ကာ ကွယ်တဲ့ အနေအထားလောက်ပဲ ဖြစ်မှာပါ’’ဟု ဗိုလ်ချုပ်ကြီး ဆေထင်ကပြောသည်။
‘‘ကျွန်တော်တို့က တိုက်ခိုက် ဖို့မပြောနဲ့ ခုလိုစစ်ပွဲတွေဖြစ်နေတာတောင် မလိုလားပါဘူး’’ဟု ဗိုလ်မှူးကြီး ခွန်ဆိုင်းကပြောသည်။
7Day Daily

No comments:

Post a Comment