Thursday, February 19, 2015

ကိုးကန့်အဖွဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး

တပ်မတော်သားများ နှင့် အရပ်သားများ စီးလာသည့် ကားကို ကိုးကန့်အဖွဲ့က ပစ်ခတ် သောကြောင့် အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရပြီး တပ်မတော်သား လေးဦးဒဏ်ရာ ရရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၇ ရက်က လောက်ကိုင်မှ ချင်းရွှေဟော်သို့ ထွက်ပြေးလာသည့် အရပ်သား ငါးဦးနှင့် လုံခြုံရေးလိုက်ပါလာသည့် တပ်မတော်သား လေးဦး ပါလာသည့် ကားကို ဖုန်ကြားရှင် အ ဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်သည်။ လောက်ကိုင်မြို့အထွက် ပါစင် ကျော်ရွာတွင် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး အမျိုးသားတစ်ဦး ဆီးခုံကို သေနတ်ကျည်ထိမှန်ကာ သေဆုံး ခဲ့ပြီး ၎င်း၏ ဇာတိကို မသိရကြောင်း ကယ်ဆယ်ရေး အဖွဲ့မှ မချစ်မီးက ပြောသည်။

ဒဏ်ရာရရှိသော တပ်မတော်သားလေးဦးမှာ ဟိုပန်ဆေး ရုံတွင် ကုသနေရာမှ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ်၌ တပ်မတော်အရာရှိများက လာရောက်ခေါ် ဆောင်သွားပြီ ဖြစ်သည်။ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်မှ လာရောက်သော ဦးဌေးအောင်မှာြေ ခထောက်တွင် သေနတ်ဒဏ်ရာရခဲ့ပြီး ဟိုပန်မြို့ဆေးရုံ၌ ကုသခံနေသည်။
7Day Daily

No comments:

Post a Comment