Sunday, March 15, 2015

မင်းသွေးသစ် သာယာဝတီထောင်တွင် ကျန်းမာစွာရှိနေကြောင်း တာဝန်ရှိသူပြော

ဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသား မင်းသွေးသစ် သေဆုံးသွားပြီဟု အွန်လိုင်းတွင် သတင်းများ ပျံ့နှံ့နေသည်မှာ မမှန်ကန်ကြောင်း ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်က ငြင်းဆိုလိုက်ပြီး မင်းသွေးသစ်သည် လက်ရှိ သာယာဝတီထောင် ၌ ကျန်းမာရေး ကောင်းမွန်စွာရှိနေကြောင်း အတည်ပြုပြောကြား သည်။
အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် မတ်လ ၁၀ ရက် လက်ပံတန်းကျောင်းသား အဓိကရုဏ်း ဖြစ်စဉ်အတွင်း ရိုက်နှက်ဖမ်းဆီးစဉ်က ရရှိသော ဦးနှောက်အတွင်းပိုင်း သွေးခဲသည့်ဒဏ်ရာဖြင့် မတ်လ ၁၄ ရက် နေ့လယ်တွင် သာယာဝတီဆေးရုံ၌ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ် ကွယ်လွန်သွားပြီဆို သော ကောလာဟလများ ပျံ့နှံ့နေသည်။
‘‘အဲဒါမှားပါတယ်။ ကောလာဟလပါ။ အခု မင်းသွေးသစ် သာယာဝတီထောင်မှာ ကျန်းကျန်းမာမာ ရှိနေပါတယ်။ တကယ်ဆို ရင် ကျွန်တော်တို့လည်း ဘယ်ထိမ်ချန်လို့ရပါ့မလဲ။ ဒီသတင်းမှားတွေက ဆူပူမှုတွေဖြစ်အောင် သက်သက်မယ့် လှုံ့ဆော်တဲ့ဟာတွေပါ’’ဟု ရဲမှူးကြီးဝင်းစိန်က ပြောသည်။
ထို့အပြင် အကျဉ်းဦးစီးဌာနနှင့် တိုင်ပင်၍ အစိုးရမီဒီယာဖြစ် သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက မတ်လ ၁၄ ရက်မှာပင် သာယာဝတီ အကျဉ်းထောင်အတွင်း၌ မင်းသွေးသစ်ကို ရုပ်သံလာရောက် ရိုက်ကူးသွားကြောင်း ၎င်းကပြောကြားသည်။
မတ်လ ၁၀ ရက်က လက်ပံတန်းတွင် အမျိုးသားပညာရေး ဥပဒေ ဆန့်ကျင်ဆန္ဒပြသူ ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲစဉ် အနည်းဆုံး ၁၂၇ ဦး ဖမ်းဆီးခံခဲ့ရကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
ယင်းအနက် မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ် အစရှိ သည့် ကျောင်းသားခေါင်းဆောင် များသည် ဖမ်းဆီးစဉ်ကာလနှင့် ထောင်တွင်း၌ပါ ရိုက်နှက်ခံရ ကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

7Day Daily

1 comment:

  1. အသေသတ်ပစ်ရမှာ။ဗကပလက်ကျန်တွေ။

    ReplyDelete