Sunday, March 15, 2015

တောင်နီတန်းပေါ်မှာ အသက်စွန့်ပြီး စက်ဘီးစီးခဲ့သူ


ပိုလန်နိုင်ငံသား စက်ဘီးစီးသမား တစ်ဦးဟာ အမေရိကန်နိုင်ငံ အရီဇိုနားပြည်နယ်က မတ်စောက်တဲ့ တောင်တန်းပေါ်မှာ သက်စွန့်ဆံဖျား စက်ဘီးစီးပြခဲ့ပါတယ်။ မိုက်ကယ်ကိုးဘက်ခ်ဟာ တောင်ဆင်း စက်ဘီးပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပြီး သူ့ရဲ့စွန့်စားမှုကိုမောင်းသူမဲ့ လေယာဉ်နဲ့ ရုပ်သံ မှတ်တမ်း ရိုက်ကူးခဲ့ပါတယ်။
ကိုးလ်ဘတ်ဟာ တောင်နီတန်းပေါ်မှာ စွန့်စားခန်း မဖွင့်မီ လမ်းလျှောက်ကြည့်ပြီး လမ်းကြောင်းရေး ဆွဲခဲ့ပါတယ်။ ကျောက်ဖြူအစင်းတန်းတွေ ဖြစ်ပေါ်နေတဲ့ တောင်နီတန်းပေါ်မှာ စက်ဘီးစီးနိုင်ဖို့အတွက် ကိုးဘတ်ခ်ဟာ သူ့စက်ဘီးကို လေလျှော့ပြီး ထိုင်ခုံလည်း နိမ့်ခဲ့ပါတယ်။ ဒါ့အပြင် လမ်းကြမ်းလို့ စက်ဘီးခုန်တဲ့အခါ ဟန်ချက်ထိန်းနိုင်အောင်လည်း ပြင်ဆင်ခဲ့ပါတယ်။

''စွန့်စားရတာကို ကျွန်တော် နှစ်သက်တယ်။ ဗီဒီယို မရိုက်ရင်လည်း ကျွန်တော်ကတော့ တောင်နီတန်းပေါ်မှာ စက်ဘီးစီးမှာပါပဲ။ အတွေ့အကြုံ နုသူတွေအနေနဲ့ ဒီနေရာမှာ စတန့်မထွင်ကြဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ ပြုတ်ကျသွားရင် အသက်ပျောက်မယ်ဆိုတာ သိပေမယ့် ကြောက်စိတ်ကို ဖျောက်ပြီး ကိုယ်သွားရမယ့် လမ်းကြောင်းကိုပဲ အာရုံစိုက်နိုင်ခဲ့လို့ ချောချောမွေ့မွေ့ဖြစ်ခဲ့တာပါ''လို့ မိုက်ကယ်ကိုးဘက်ခ်က ပြောပါတယ်။
Nz (ရိုးရာလေး)

No comments:

Post a Comment