Sunday, March 29, 2015

ပို့ကုန်မဟာဗျူဟာသစ်ကြောင့် ကုမ္ပဏီငယ်များအကျိုးဖြစ်ထွန်းဖွယ်ရှိ စီးပွားရေးအသွင်ပြောင်းကဏ္ဍအရှိန်မြှင့်ရန် အာဆီယံစီးပွားရေးကွန်ရက်နှင့်ပိုမိုချိတ်ဆက်မည်


နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲခဲ့သောပို့ကုန်မဟာ ဗျူဟာသစ်ကို စတင်ဖော်ဆောင် နိုင်ပါက ပြည်တွင်းရှိကုမ္ပဏီငယ် များအကျိုးဖြစ်ထွန်းစေဖွယ်ရှိကြောင်း နိုင်ငံတကာကုန်သွယ်ရေးစင်တာ ၏သတင်းထုတ်ပြန်တစ်ရပ်တွင်ဖော် ပြသည်။
ပြည်တွင်းရှိ အသေးစားနှင့်အ လတ်စားစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီငယ်များ ပို့ကုန်တင်ပို့ရာ တွင်အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ် ပြီး ပို့ကုန်မဟာဗျူဟာသစ်ကိုရေး ဆွဲခဲ့ခြင်းဖြစ်ကာ နိုင်ငံတကာကုန် သွယ်ရေးစင်တာ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၊ ဂျာမနီနိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနှင့် မြန်မာ အစိုးရတို့ ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရေးဆွဲခဲ့သောပို့ကုန် မဟာဗျူဟာမှာ မြန်မာနိုင်ငံ အတွက် ပထမဆုံးအမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာဖြစ်သည်ဟု လည်းသိရသည်။

ဂျာမနီနိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီမှ အကြီး တန်းအရာရှိတစ်ဦးဖြစ်သောIrina Scheffmann က ''အမျိုးသား အဆင့်ပို့ကုန်မဟာဗျူဟာဖော်ဆောင် တဲ့နေရာမှာ အသေးစားနဲ့အလတ် စားစီးပွားရေးလုပ်ငန်းတော်တော် များများပါဝင်လာဖို့မျှော်လင့်ပါတယ်။ကုမ္ပဏီကြီးတွေအတွက်ချည်း ရည် ရွယ်တာမဟုတ်ပါဘူး။ ကိတ်မုန့် တစ်လုံးကို ခွဲဝေစားသုံးရသလိုမျိုး ဖြစ်ဖို့ပါ''ဟု ပြောသည်။သဘာဝ သယံဇာတများကို ကြီးကြီးမား မားထိခိုက်စေခြင်းမရှိဘဲ ပြည်ပသို့ အမှန်တကယ်အကျိုးရှိစေမည့်ထုတ် ကုန်များတင်ပို့နိုင်ရန်နှင့် ပို့ကုန်တင် ပို့ရာတွင် ကျယ်ပြန့်မှုအားနည်းနေ ခြင်းများကို ဖြေလျော့နိုင်ရန် ရည်ရွယ်သည်ဟုဆိုသည်။
လက်ရှိအချိန်တွင် ဖော်ဆောင် လျက်ရှိသော စီးပွားရေးအသွင် ပြောင်းလုပ်ငန်းစဉ်များအရှိန်မြှင့်ရန် အာဆီယံစီးပွားရေးကွန်ရက်နှင့် ချိတ်ဆက်မှုများပိုမိုဆောင်ရွက် သွားမည်ဟု ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းရှိန်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တွင်ကျင်းပခဲ့သော အာဆီယံဘဏ္ဍာ ရေးဝန်ကြီးများနှင့်ဗဟိုဘဏ်ဥက္ကဋ္ဌ များတွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။ အာဆီယံစီးပွားရေးအသိုက်အဝန်း ဖော်ဆောင်ရန်အတွက် ကြိုးပမ်း လျက်ရှိရာတွင် စီးပွားရေးနှင့်အရပ် ဘက်အသွင်ပြောင်းလုပ်ငန်းစဉ်များ ဆိုင်ရာမူဘောင်သဘောတူညီချက် ကို ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ် ကြားတွင် အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ပြီး မျှော်မှန်းသည့် အတိုင်းဖော်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။
အာဆီယံစီးပွားရေးအသိုက်အ ဝန်းတွင် အဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်နိုင်ရေးအတွက် လိုအပ်ချက် များဖြည့်ဆည်းလျက်ရှိရာ တစ်နှစ် လျှင် ပြည်တွင်းအသားတင်ထုတ်ကုန် တန်ဖိုးတိုးတက်မှု ပုံမှန် ၈ရာခိုင် နှုန်းတွင်ရှိရန်သတ်မှတ်ထားပြီး အဆိုပါပမာဏအတိုင်းရှိစေရန် ဆောင်ရွက်လျက်ရှိသည်ဟု ဦးဝင်း ရှိန်ကပြောသည်။
The Union Daily

No comments:

Post a Comment