Wednesday, March 25, 2015

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသော တရား မဝင်မြန်မာ အလုပ်သမား များအား တပ်မတော် (ရေ)မှ စစ်ရေ ယာဉ်ဖြင့် မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ဆောင်


မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် မဟာသီဟသူရသည် မလေးရှားနိုင်ငံ လန်ကာဝီ ကျွန်း၌ မတ် ၁၇ မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သည့် Langkawi International Maritime and Aerospace Exhibition 2015 (LIMA-2015) ပြပွဲ သို့ တက်ရောက်ခဲ့ပြီး ယနေ့တွင် မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ သို့ ပြန်လည် ထွက်ခွာသည်။


အဆိုပါစစ်ရေယာဉ်သည် မလေးရှားနိုင်ငံတွင် တရား မဝင်ရောက်ရှိနေသော မြန်မာ အလုပ်သမား ၁၀၂ ဦးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

တပ်မတော်(ရေ)မှ စစ်ရေယာဉ်နှင့်အတူ ပြန်လည် လိုက် ပါလာသော မြန်မာ အလုပ်သမား များသည် မလေးရှားနိုင်ငံသို့ တရား မဝင်လမ်းကြောင်း များမှသွားရောက်ခဲ့ပြီး မလေးရှားအစိုးရ၏ စီမံချက်ဖြင့် ဖမ်းဆီးခံရ၍ ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံနေရသူ များဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သို့ပြန်ရန် အတွက် မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ်(C of I) ထုတ်ယူ ရရှိထားပြီး လေယာဉ် စရိတ်ကျ ခံနိုင်ခြင်းမရှိသဖြင့် နေရပ်ပြန်ရန် အခက် အခဲကြုံတွေ့ နေရသူများ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာ အလုပ်သမားများကို ကူညီ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တစ်ဆင့် ဆက်သွယ်ညှိနှိုင်းလာခဲ့ရာ မိခင်နိုင်ငံ သို့ ပြန်ရန်ကြိုးစားနေ သည့် မြန်မာအလုပ်သမားများအား တပ်မတော် အနေဖြင့်မြန်မာနိုင်ငံ သားအချင်းချင်း စာနာထောက်ထား ၍တစ်ဖက် တစ်လမ်းက ကူညီပံ့ပိုးပေးသည့်အနေဖြင့် စစ်ရေယာဉ် မဟာသီဟသူရ အပြန်ခရီးတွင် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမြန်မာ့တပ်မတော်စစ်ရေယာဉ်နှင့်အတူ လိုက်ပါလာသော အလုပ်သမားများကို အဆင်ပြေ ချောမွေ့စွာဖြင့် ၎င်းတို့၏မိသားစု များနှင့် ပြန်လည်တွေ့ဆုံနိုင်ရန်အတွက် လမ်းခရီးတစ်လျှောက် စား သောက် နေ ထိုင်ရေးနှင့်လိုအပ်သောကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို စစ်ရေယာဉ်ပေါ်တွင် တာဝန် ထမ်းဆောင်နေသည့်တပ်မတော်သားများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် မတ် ၂၉ ရက် တွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment