Tuesday, March 24, 2015

အမျိုးသားများသည် အမျိုးသမီးများထက် ငါစွဲသန်


3

အမျိုးသားများသည် အမျိုး သမီးများထက် မိမိကိုယ်ကို ဗဟိုပြု စိတ် ပိုမိုကြောင်း လေ့လာမှု တစ်ခုတွင် တွေ့ရှိထားသည်။ 

အမေရိကန်နိုင်ငံ University at Buffalo School of Management မှ ပြုလုပ်သည့် သုတေသနတွင် လူပေါင်း (၄၇၅ ၀၀၀) ဦးထံမှ အချက်အလက် များကို ဆယ်စုနှစ်သုံးခုကြာ ရယူ လေ့လာခဲ့ရာ အမျိုးသားများသည် မည်သည့်မျိုးရိုးပင်ဖြစ်စေ၊ မည် သည့် သက်တမ်း ရှိသည်ဖြစ်စေ၊ အမျိုးသမီးများနှင့် နှိုင်းယှဉ်ကြည့် ပါက မိမိကိုယ်ကို ဗဟိုပြုစိတ် (၀ါ) ငါစွဲစိတ် (Narcissism) ပိုမို များပြားသည်ကို တွေ့ရှိရသည်။

“ငါစွဲစိတ်ဆိုတာ ကိုယ်ရည် ကိုယ်သွေးဆိုင်ရာ ချွတ်ယွင်းမှုများစွာ ပါဝင်ပတ်သက် နေနိုင်ပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရေ ရှည်မထိန်းသိမ်းနိုင်တာ၊ ကျင့်ဝတ်နှင့် မညီတာ၊ ရုန့်ရင်းကြမ်းတမ်းတာ စသည်ဖြင့် မကြာခဏတွေ့ရလေ့ရှိပါ တယ်။ အလားတူပဲ  မိမိကိုယ်ကို ကျေနပ်အားရတာ၊ စိတ်ပိုင်းဆိုင်ရာ အရ တည်ငြိမ်မှုရှိတာ၊ ခေါင်းဆောင် တစ် ယောက်အဖြစ် ပေါ်ထွက်လာနိုင် တာစတဲ့  ကောင်းတဲ့အချက် ကလေး တွေလည်း တွေ့ရတတ်ပါတယ်” ဟု သုတေသီ Emily Grijalva က ဆိုသည်။

ငါစွဲသန်မှု၏ ထင်ရှားသည့် နယ်ပယ်သုံးခုဖြစ်သော ခေါင်း ဆောင်မှု၊ ၀ါ<ကားမှု၊  နေရာရယူလိုမှု စသည်တို့တွင် အမျိုးသားနှင့်အမျိုး သမီးတို့ ကွာခြားပုံကို လေ့လာခဲ့ရာ နေရာရယူလိုမှု နယ်ပယ်တွင် အမျိုး သားများသည် အမျိုးသမီးများထက် နေရာရယူလိုစိတ်၊ အခွင့်အရေး ခံစားလိုစိတ် အဓိကအားဖြင့် ပိုမို များပြားသည်ကို တွေ့ရသည်။ အမျိုး သားနှင့် အမျိုးသမီးကြား ဒုတိယ အများဆုံး ကွာခြားသည့် နယ်ပယ်မှာ ခေါင်းဆောင်မှု နယ်ပယ်ဖြစ်သည်။

သုတေသနကိုPsychological Bulletin ဆေးပညာ ဂျာနယ် တွင် ဖော်ပြထားသည်။

သီဟ
Ref;MDI
Health Updates Journal 

No comments:

Post a Comment