Saturday, March 14, 2015

မြန်မာအစိုးရကို ကနေဒါရောက်မြန်မာတွေ ရှုတ်ချ

ဒီမိုကရေစီပညာရေးတောင်းဆိုနေတဲ့ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲ လိုက်တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်အတွက် ကနေဒါရောက်မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေက တိုရွန်တိုမြို့ မြန်မာ သံရုံးရှေ့မှာ မနေ့ကဆန္ဒပြပြီး ပြစ်တင်ရှုတ်ချ ကြပါတယ်။

သူတို့အနေနဲ့ကျောင်းသားတွေရဲ့တောင်းဆိုချက် ၁၁ ချက်ကိုထောက်ခံသလို၊ ဖမ်းဆီးခံ ကျောင်းသားတွေအားလုံး လွှတ်ပေးဖို့လဲတောင်းဆိုတယ် လို့ မြန်မာ့အရေးဆောင်ရွက်သူ ဦးညွန့်လှက RFA ကိုပြောပါတယ်။

"ကျောင်းသားတွေရဲ့ဒီမိုကရေစီပညာရေး တောင်းဆိုချက် ၁၁ ချက်နဲ့ ပတ်သက်ပြီး လုံးဝထောက်ခံတယ် ဆိုတဲ့အကြောင်းရယ်၊ လက်ပံတန်းမှာ သပိတ်နဲ့ပတ်သက်လို့ အစိုးရရဲ့ဖမ်းဆီးဖြိုခွင်းတဲ့ကိစ္စတွေ မှာ ပြင်းထန်စွာကန့်ကွတ်ရှုတ်ချပါတယ်ဆိုတဲ့ အကြောင်းပေါ့ဗျာ၊ နောက် တစ်ခုကတော့ ဖမ်းခံထားရ တဲ့ ကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားတာရှိတယ်၊ နောင်ဖြစ်ပေါ်လာမဲ့ ကိစ္စတွေမှာလဲ အစိုးရမှာသာလျှင် တာဝန်ရှိတယ်ဆိုပြီးတော့ ကျနော်တို့ သဘောထားတွေထုတ်ပြန် ထားပါတယ် "

ကနေဒါကဆန္ဒပြပွဲမှာ BSDO မြန်မာ့ဒီမိုကရေစီကျောင်းသားများအဖွဲ့၊ အိုတာဝါမြို့ အင်အားစုတွေ နဲ့အတူ ကချင်၊ ကရင်တိုင်းသားတွေ စုစုပေါင်းအယောက် ၄၀ လောက် ပါဝင်ခဲ့ကြပါတယ်။

RFA

No comments:

Post a Comment