Saturday, March 14, 2015

နိုင်ငံရေးနဲ့ပရဟိတ ရောမချသင့်ပါ ခင်ဗျာ…..


ကျွန်တော့်အနေနဲ့ ပထမဦးစွာ ပရဟိတအသင်းအဖွဲ့ဆိုတာကို အဓိပ္ပါယ်ဖော်ကြည့်ချင်ပါတယ်။ တကယ် တော့ ပရဟိတ အသင်းအဖွဲ့ဆိုတာ NGO အဖွဲ့အစည်းတစ်ခုပါပဲ။ Charity လို့လဲခေါ်ပါတယ်။ အစိုးရ မလုပ်နိုင်တဲ့ အလုပ်တွေ၊ ဒါမှ မဟုတ်အစိုးရလုပ်နေတဲ့အလုပ်တွေကို တစ်ထောင့်တစ်နေရာ (သို့မဟုတ်) နေရာအနှံ့အပြားမှာ အများအကျိုးကို ရှေ့ရှု ပြီး ဘာကိုယ်ကျိုးမှမဖက်၊ ဘာအရောင်အဆင်း မှမပါဘဲ အဖြူထည်သက်သက် ကူညီလုပ်ကိုင်ပေးတဲ့အဖွဲ့အစည်း လို့ ခေါ်ဆိုနိုင်ပါတယ်။

ယနေ့ကမ္ဘာပေါ်မှာဆိုရင် ပရဟိတကို လုံးဝအရောင်အသွေးကင်းစွာနဲ့ လုပ်နေကြတဲ့ အဖွဲ့အစည်းတွေ အများကြီးပါပဲ။ တစ်ချို့ထင်ရှားသူတွေ၊ ချမ်းသာသူတွေကလည်း ဖောင်ဒေးရှင်းတွေထောင်ပြီး ကိုယ်တိုင် ကိုယ်ကျလုပ်ကိုင်နေကြတာလဲ ရှိပါတယ်။ ဘီလ်ဂိတ်၊ ဘရက်ပစ်၊ အင်ဂျလီနာဂျိုလီ တို့ဆိုရင်ကမ္ဘာမှာ ထင်ရှားကြသူတွေပါ။ မြန်မာပြည်မှာ ဆိုရင်လည်း ပရဟိတကို အရာအားလုံးစွန့်လွှတ်ပြီး လုပ်ကိုင်နေကြတဲ့ အသင်းအဖွဲ့တွေရှိကြပါတယ်။ တစ်လောက 7 Days ကဆုပေးတဲ့ လောက်ကိုင် ကြက်ခြေနီအဖွဲ့ဆိုရင် အသက်စွန့်ပြီးကို ပရဟိတလုပ်ခဲ့ကြတဲ့အတွက် ထင်ရှားခဲ့ကြပါတယ်။ ငွေကြေးချမ်းသာ သူဖြစ်တဲ့ ဦလှထွန်းဆိုရင် ရှိသမျှငွေကြေးအားလုံးကို စွန့်လှူခဲ့ပြီး မေတ္တာ ရိပ်မွန် ကင်ဆာဖောင်ဒေးရှင်း တည်ထောင် ခဲ့တာဟာ အရမ်းမွန်မြတ်ပြီး ပြည်သူအားလုံးလေးစားခဲ့ရပါတယ်။ နောက်ထပ်ကျွန်တော် လေးစားရတဲ့ လူတစ်ယောက် ပေါ်လာပြန်ပါတယ်။ သူကတော့ ဦးကျော်သူပါပဲ။ နာရေးကူညီမှုအသင်းမှာ ပါဝင်ခဲ့ပြီးတော့ လူတွေရဲ့ အိုနာသေဘေး ကိစ္စတွေကို ကိုယ်တိုင် ကိုယ်ကျပါဝင်လုပ်ကိုင်ပေးခဲ့တဲ့ ဦးကျော်သူဟာလည်း မြန်မာနိုင်ငံမှာ ထင်ရှားသူ တစ်ယောက်ဖြစ် လာပြန် ပါတယ်။

ဦးကျော်သူအနေနဲ့ ပရဟိတ စတင်လုပ်ခဲ့ကတည်းက ဘာအရောင်အသွေး ဘာအကျိုးအမြတ်မှမကြည့်ဘဲ အရာ အားလုံးကို စွန့်လွှတ်ပြီး ဖြူဖြူစင်စင်နဲ့ ပရဟိတလုပ်ခဲ့တယ်လို့ ကျွန်တော်ယုံကြည်ခဲ့တာပါ။ ဒါပေမယ့် လက်တစ်လော ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေမှာ ဦးကျော်သူအနေနဲ့ နာရေးကူညီမှု အသင်းအဖွဲ့အမည်ခံပြီး နိုင်ငံရေးမှာဝင်ရောက် လုပ်ကိုင်နေတာကိုမြင်တော့ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်လေးစားရတဲ့ လူတစ်ယောက် ဖြစ်လို့ပိုပြီးတော့လဲ ၀မ်းနည်းရ ပါတယ်။ ဦးကျော်သူလဲ ပုထုစဉ်လူသားပေမို့ ယုံကြည်ရာ၊ ကိုးကွယ်ရာ တစ်ခုရှိတာကို လက်ခံနိုင်ပါတယ် ခင်ဗျာ။ ဒါပေမယ့် ကိုယ်ယုံကြည်ရာ နိုင်ငံရေးတစ်ခုကိုလုပ်မယ်ဆိုရင် ဦးကျော်သူ အနေနဲ့ နိုင်ငံရေးကို ဇောက်ချလုပ်ကိုင်သင့်တယ်လို့ အကြံပြုပါရစေ။ တစ်နေ့က ကျောင်းသားများ အကြမ်းဖက်ခံရမှုရှုတ်ချ ပွဲတွေ၊ ကမ်ပိန်း တွေကို နာရေးအသင်းအဆောက်အအုံမှာလုပ်ခဲ့တာဟာ လုံးဝမသင့်လျော်ပါဘူး။ ဦးကျော်သူ အနေနဲ့ ကိုယ်ယုံကြည်ရာ ကိုလုပ်တယ်ဆိုလျှင်တောင် အခြားသောနေရာတစ်ခုခုမှာ လုပ်သင့်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အကြမ်းဖက်ဖြိုခွဲမှု တွေကို လုံးဝအားမပေးပါဘူး။ ထို့အတူပဲ ဆူပူမှုတွေကိုလည်းအားမပေးပါဘူး။ ကမ္ဘာ့နိုင်ငံတစ်ချို့မှာဆိုလျှင် ပရဟိတ အဖွဲ့တွေဟာ လူမှုရေးလုပ်ငန်းတွေဗန်းပြပြီး နိုင်ငံရေးလုပ်ရင် အပြစ်ရှိတယ်လို့ ဥပဒေ ပြဌာန်းထားကြပါတယ်။ အင်္ဂလန်၊ သြစတေးလျတို့မှာဆိုရင် ပရိဟိတအဖွဲ့တွေအနေနဲ့ နိုင်ငံရေးကမ်ပိန်း လုပ်တာကို ပြင်းပြင်းထန်ထန် တားမြစ်ကြပါတယ်။ ဒါဟာ ပရဟိတအဖွဲ့တွေကို စေတနာမှန်စေချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့လဲ ယူဆရ ပါတယ်။ နိုင်ငံရေးကို ကိုယ်တိုင် လုပ်ချင်လျှင် ကိုယ့်နာမည်နဲ့ ကိုယ်လုပ် ခွင့်ရှိပါတယ်။ အသင်း အဖွဲ့နဲ့ ပရဟိတရဲ့ Image ကိုအသုံးချပြီး နိုင်ငံရေးလုပ် တာဟာ လုံးဝမသင့်လျော်ဘူး လို့ နိုင်ငံတော်တော် များများကလည်း လက်ခံထားကြတာပါ။

ဦးကျော်သူအနေနဲ့လည်း နိုင်ငံရေးလုပ်ချင်ပါက ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် သင့်ပါတယ်။ ဦးကျော်သူဆိုတာနဲ့ပဲလူတွေကလည်း မဲထည့်ကြမှာပါ။ သို့ပေမယ့် ယခုလို ပရဟိတကို ဗန်းပြပြီး နိုင်ငံရေးဆက်နွယ်မှု တွေလုပ်နေတာက အကျည်းတန်လွန်းလှပါတယ်ခင်ဗျာ။ အခုလိုပြောဆိုရ တာလည်း ဦးကျော်သူကို လေးစားတဲ့အတွက် ပညာရှိသတိဖြစ်ခဲ ဖြစ်မှာဆိုး၍ သတိပေးချင်တာပါ။ ဦးကျော်သူကို ပြည်သူတွေလေးစားခဲ့တာ ဘာအရောင်အဆင်း မှမပါဘဲ ပရဟိတသက်သက်သာ လုပ်ကိုင် ခဲ့တဲ့ အတွက်ဆိုတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် နိုင်ငံရေးနဲ့ ပရဟိတကိုရောမချ ပါနဲ့လို့ လေးစားစွာ အကြံပြုအပ်ပါတယ် ဦးကျော်သူခင်ဗျား…..။

မြင့်ထွန်း ( ရေနံ့သာ)
Credit >>> Today Myanmar

1 comment:

  1. ဒါကြောင့် မို့ ပြောတာပေါ့  အမျိုးသားပညာရေးဥပဒေမှူကြမ်းမှာ ရည်မှန်းချက်နဲ့ လုပ်ဆောင်နိုင်မဲ့ ကျောင်းသားတွေဖြစ်အောင် ဥပဒေသတ်မှတ်ပြီးလုပ်ဆောင်ပေးရမှာ။ ကျူပ်တို့ မြန်မာနိုင်ငံမှာက ခေါင်းစဉ်တခြား လုပ်နေတာကတခြား ကျော်သူလိုကောင်မျိုးတွေများလာမှာစိုးရိမ်ရတယ်။သူ့ သားသမီးတွေအမေရိကန်မှာပညာကောင်းကောင်းသင်ရဖို့  တခြားကျောင်းသားငယ်လေးတွေကိုခုတုံးမလုပ်သင့် ဘူး။ပရဟိတဆိုတာကလည်းရည်မှန်းချက်ကောင်းကေင်း
    စိတ်ထားဖြူစင်စွာနဲ့ ပဲလုပ်သင့် တယ်။လူတယောက်ရဲ့ စိတ်ဟာ ရုပ်မှာပေါ်လွင်တယ်။သူစိတ်ထားမှန်လားမမှန်လား သူရုပ်ကိုကြည့် ပါလား။ကျန်တာတွေဆက်မပြောချင်တော့ ဘူး။ယူထားတဲ့ မိန်းမကလည်းတိရိစာန်နာမည်နဲ့ အပေါက်ကဆိုးသေးတယ်။မင်းကိုဘာလို့ ဝေဖန်လဲသိလား။မင်းဆီကိုလူနာတင်ယာဉ်ခေါ်တာဖုန်းကိုင်မဲ့ သူမရှိဘူး။မင်းရည်ရွယ်ချက်ကဘာလည်းဆိုတာ မင်ကိုယ်မင်းဝေဖန်။

    ReplyDelete