Sunday, March 15, 2015

အသက် ၉၅ နှစ် အရွယ် အပြေးသမား စံချိန်သစ်နဲ့ ပန်းဝင်ခဲ့သော်လည်း တစ်ရေးအိပ်ပြီးမှာ အောင်ပွဲခံနိုင်ခဲ့

ဗြိတိန်- British Masters Championships အပြေးပြိုင်ပွဲမှာ အသက် (၉၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာချာလက်အက်စတာဆိုသူက မီတာ ၂ဝဝကို ၅၅ဒသမ ၄၈စက္ကန့်အတွင်း ပန်းဝင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တယ် လို့ သိရပါတယ်။
အဘိုးအိုချာလက်ရဲ့ အပြေးနှုန်းဟာ ကမ္ဘာ့အပြေးချန်ပီယံ အူ စိန်ဘော့ထက် သုံးဆလောက်ပဲ လျော့နည်းတယ်လို့သိရပါတယ်။ အူစိန် ဘော့ရဲ့ အမြန်ဆုံးအပြေးနှုန်းကတော့ မီတာ၂ဝဝကို ၁၉ ဒသမ ၁၉ စက္ကန့် ရှိတယ်လို့ သိရပါတယ်။
လန်ဒန်ဖွား အဘိုးအိုဒေါက်တာချာလက်က ''ဒါဟာ ခင်ဗျား အနေနဲ့ ဘယ်အသက်အရွယ်ရောက်ရောက် ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်နိုင်တယ်လို့ သက်သေပြတာပဲ''လို့ ဆိုပါတယ်။
ဒေါက်တာချာလက်ဟာ အပြေးပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်သစ်တင်ခဲ့ ပြီးနောက် ဟိုတယ်ခန်းထဲ တစ်ရေးအိပ်ပြီးမှ အောင်ပွဲခံခဲ့တယ်လို့သိရပါတယ်။
Ref: Daily Mirror
Yangon Media Group

No comments:

Post a Comment