Thursday, March 19, 2015

ကျော်ကိုကိုဘယ်ရောက်နေလဲ..


လက်ပံတန်းမှာဖြစ်ခဲ့တဲ့ ပြဿနာအပြီးမှာ ကျောင်းသားသပိတ်ပင်မစစ်ကြောင်းက ကျောင်းသားအချို့ရယ်၊ ကျောင်း သားဆိုသူတွေရယ်၊ ဘေးက၀န်းရံကြသူအချို့ရယ်၊ သပိတ်ခေါင်းဆောင်အချို့ရယ် အဖမ်းခံခဲ့ကြရပြီး ကျောင်းသား အစစ်အမှန်တွေကို အစိုးရကပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီလိုမျိုးကျောင်းသားတွေအဖမ်းခံခဲ့ရပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် ဒီသပိတ်ကြီးဖြစ်ပေါ်လာအောင် အစကနေအဆုံးအစွမ်းကုန်မီးရှို့ခဲ့သူ ဗကသ ခေါင်းဆောင်၊ ရဲရဲတောက် ကွန်မြူနစ်ကြီး ကျော်ကိုကိုကတော့ အဖမ်းမခံခဲ့ရပါဘူး။ မနက် ၉နာရီထိ လက်ပံတန်းမှာရှိနေခဲ့တဲ့ ကျော်ကိုကိုဟာ ရဲတွေနဲ့ ကျောင်းသားတွေ အဓိကရုဏ်းဖြစ်တဲ့အချိန်မှာတော့ လက်ပံတန်းမှာမရှိတော့ပါဘူး။ ညနေ ၃ နာရီလောက်မှာတွေ့ လိုက်ရတဲ့ သတင်းဓါတ်ပုံတွေမှာတော့ ကျော်ကိုကို ရန်ကုန်လှည်းတမ်း ကိုရောက်နေကြောင်းသိခဲ့ရပါတယ်။
အဲဒီမှာ သပိတ်ထောက်ခံပွဲဆန္ဒပြမှုကို ဦးစီးဦးဆောင်လုပ်ခဲ့ပြီး ရဲမြင်တာနဲ့ဆန္ဒပြလူအုပ်ထဲကနေ ကြောက်အားလန့်အား ထွက်ပြေးခဲ့တဲ့ ကျော်ကိုကိုရဲ့ ပုံရိပ်တွေဟာလည်း အင်တာနက်မှာပျံ့နှံ့လာခဲ့ပါတယ်။ အလံကိုင်တပ်ဖွဲ့ဆီကိုပြေးတာ ပါလို့ ငြင်းခဲ့ပေမယ့် ဗွီဒီယိုဖိုင်တွေမှာ ဟံသာဝတီအ၀ိုင်းဘက်ကို အူယားဖားယားပြေးနေတဲ့ ကျော်ကိုကိုရဲ့အမူအရာ တွေဟာ မြင်သူတိုင်းအတွက်ဟာသမြောက်စေခဲ့ပြီး သူ့ရဲ့ခေါင်းရှောင်တတ်တဲ့စိတ်ဓါတ်နဲ့ ခေါင်းဆောင်ခံယူထားမှုကို လည်း အော့နှလုံးနာစရာဖြစ်ခဲ့ရပါတယ်။
ယခုဆိုလျှင် တကသ ကျောင်းသားတွေဟာ ပညာရေးဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာကြားနာပွဲတက်နေပါပြီ။ အစိုးရကလည်း ဖမ်းဆီးထားတဲ့ကျောင်းသားတွေထဲက ကျောင်းသားအစစ်အမှန်တွေကို စိစစ်ပြီးပြန်လွှတ်ပေးနေပါပြီ။ ဘာပဲပြောပြော တကသ ကျောင်းသားခေါင်းဆောင်တွေ လွှတ်တော်ထဲမှာ ထဲထဲဝင်ဝင်ဆွေးနွေးလာတာမြင်ရတော့ လည်းဝမ်းသာမိပါတယ်။ ဒါပေမယ့် ဒီသပိတ်ရဲ့အဓိက ပဲ့ကိုင်ရှင်ကြီး ကျော်ကိုကို ဘယ်ပျောက်နေပါလဲလို့သိချင် လာပါတယ်။ သူ့ရဲ့ခေါင်းရှောင်တတ်တဲ့ စိတ်ဓါတ်အတိုင်းထွက်ပြေးနေ တာလား။ တကသ ခေါင်းဆောင်တွေတောင် သတ္တိရှိရှိနဲ့ လွှတ်တော်ထဲကိုဝင်ရောက်ဆွေးနွေးနေတဲ့အချိန်မှာ ဗကသ ဥက္ကဌ ကွန်မြူနစ်ကြီး ကျော်ကိုကို ဘယ်ရောက် လို့ဘယ်ပျောက်နေပါ သလဲလို့မေးချင်ပါတယ်။
အရင်လိုပဲ နယ်စပ်ကလက်နက်ကိုင်တပ်ဖွဲ့တွေဆီရောက်နေပါသလား၊ OIC အထောက်အပံ့နဲ့ ပြည်ပမှာစတေးရှောင် နေပါသလား၊ ခင်ဥမ္မာပေးတဲ့ သိန်း ၈၀၀၀နဲ့ သာယာနေပါသလားဆိုတာတော့ ကျော်ကိုကိုသာ အသိဆုံးနေပါ လိမ့်မယ်။ ခေါင်းဆောင်ဆိုတာခေါင်းမရှောင်ရပါဘူးကျော်ကိုကို၊ ဗကသ၊ တကသ ခေါင်းဆောင်တစ်ချို့ အခုထိအဖမ်းခံထားရ ဆဲပဲဖြစ်သလို ကျန်ရှိတဲ့ တကသ ခေါင်းဆောင်တွေလဲ လွှတ်တော်ထဲမှာဆွေးနွေးနေကြပါတယ်။ သပိတ်ကို စတုန်းက စခဲ့ပြီးတော့ဒီအခြေအနေရောက်မှာ ရှိသမျှအလှူငွေတွေပိုက်ပြီး ပျောက်ခြင်းမလှပျောက်သွားတဲ့ ကျော်ကိုကို အနေနဲ့ ရှက်တတ်ရင်လဲသေလို့ရပါတယ်။
ဒီလိုစိတ်ဓါတ်တွေစရိုက်တွေကိုသိလို့ လက်ရှိ ကျောင်းသား ဖြစ်နေပေမယ့် ဒီသပိတ် ထဲကိုအစကတည်းကမပါခဲ့တာပါ။ အခုတော့ ဖွတ်ထွက်မှတောင်ဘို့မှန်းသိခဲ့ကြတဲ့ သပိတ် ကျောင်းသားတွေလည်း ကျော်ကိုကိုဘယ်မှာလဲ ဆိုတာသိအောင်စုံစမ်း နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ရဲရင့်နိုင် ( ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)
နေ့စဉ်သတင်းထူး

2 comments:

  1. လူကြားကောင်းအောင် သရဏဂုံတင် မီးရှို့ မယ်ပြောလိုပြော အလိမ်အညာမျိုးစုံနဲ့  အမေရိကန်သွားရဖို့ လုပ်နေတာ။ဒီလိုသူတောင်းစားခေါင်းဆောင်တာကိုနောက်လိုက်တဲ့ လူနည်းစုကရှိသေး။
    ဦးနှောက်မရှိတဲ့ လူတစုကိုပြည်သူလို့ ပြောတဲ့ ဘုန်းကြီးကရှိသေး။ငါတို့ မြန်မာပြည်မှာ စိတ်ပျက်စရာတွေကများသထက်များနေပြီ။

    ReplyDelete
  2. ရုပ်ကသူတောင်းစားရုပ်နဲ့ အမျိုးသားပညာရေးဥပဒေပြင်မလို့ တဲ့ ။ကလိမ်ကကျစ်ရုပ်။

    ReplyDelete