Thursday, March 5, 2015

ရဲတပ်သားက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စခန်းမှူးသေဆုံး

ဘူးသီးတောင်မြို့တွင် မတ်လ ၄ ရက်က စခန်းမှူးတစ် ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေ နတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါစခန်းမှူးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဘူးသီးတောင်မြို့မ စခန်းမှူး ဒုရဲမှူးတင်လှသည် မတ်လ ၄ ရက် နံနက်က လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ၎င်း၏ လက်အောက်ရဲတပ်သားတစ်ဦးက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ်ပစ်ခဲ့မှုကြောင့် နေရာတွင် သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ရဲတပ်သားမှာ ၎င်း၏ဆရာ စခန်းမှူး၏ ဆိုဆုံးမမှုများကို မကျေမနပ်ဖြစ်ပြီး လှည့်ကင်းမှ အပြန်တွင် ယင်းကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အသိုင်းအ၀ိုင်းကဆိုသည်။
‘‘အနီးကပ် တစ်ချက်တည်း ပစ်သွားတာ။ ပစ်ခတ်ခဲ့သူကို နေ ရာမှာ တစ်ခါတည်း မိပါတယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ရဲတပ်သားကို ဘူးသီးတောင် ရဲ စခန်းတွင် ထိန်းသိမ်းထားပြီး ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ လက် နက်အက်ဥပဒေဖြင့် အမှုဖွင့် အ ရေးယူထားကာ ရဲစည်းကမ်းထိန်း သိမ်းရေး ဥပဒေများဖြင့်ပါ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment