Thursday, March 5, 2015

ကျောင်းသားသပိတ်စစ်ကြောင်းတွင် ပါဝင်နေသည့် ရဟန်းသာမဏေများ သီတင်းသုံးရာ ကျောင်းများသို့ ပြန်လည်ကြွရောက်ရန် ရန်ကုန်တိုင်း မဟန မေတ္တာရပ်ခံ

လက်ပံတန်းမြို့တွင် တားဆီးခံထားရသည့် ကျောင်း သားသပိတ်စစ်ကြောင်းအတွင်း ပါဝင်ဆန္ဒထုတ်ဖော်နေသည့် ရဟန်း သာမဏေများ အနေဖြင့် မိမိတို့ သီတင်းသုံးရာ ကျောင်းများသို့ ပြန်လည်ကြွရောက်ကာ သာ သနာ့ တာဝန်များကိုသာ ထမ်း ဆောင်ကြရန် ရန်ကုန်တိုင်းဒေသ ကြီး သံဃမဟာနာယက အဖွဲ့ (ဂိုဏ်းပေါင်းစုံ) မှ မေတ္တာရပ်ခံ ချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပြီး သံဃာ့ဂိုဏ်းကြီးများ ဖြစ်သော ရွှေကျင်၊ ဝေဠုဝန်၊ မဟာဒွါရ၊ ငှက်တွင်းဂိုဏ်းများမှ တိုင်းဒေသကြီး သံဃမဟာနာယ က ဆရာတော်များ လက်မှတ်ရေး ထိုးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းသားသပိတ်ဆင်နွှဲ ရာတွင် ပါဝင်နေကြသည့် ရဟန်း သာမဏေများ အနေဖြင့် နိုင်ငံ တော်အတွက် လည်းကောင်း၊ နိုင်ငံတော်၏ မျိုးဆက်သစ်သား ကောင်းရတနာများအတွက် လည်းကောင်း ကောင်းမွန်ဆီလျော်သည့် ပညာရေးဥပဒေစနစ် ပေါ်ထွက်လာစေလိုသည့် ဆန္ဒများ ရှိနေသည်ကို သာဓုခေါ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သို့သော် လက်ရှိကာလတွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော် အသီးသီးတွင် တွေ့ ဆုံ ညှိနှိုင်းတော့မည် ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေ ဆိုမည့် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာ စာမေးပွဲဖြေဆို နိုင်ရေး၊ သံဃာတော်များအကြား သဘောထားကွဲလွဲမှု မရှိစေရေး အတွက် မိမိတို့ သီတင်းသုံးရာ ကျောင်းတိုက်သို့ ပြန်လည်ကြွ ရောက်ကာ သာသနာ့တာဝန်များ ကိုသာ ထမ်းဆောင်ပါရန် ဖော်ပြ ထားသည်။
ဆန္ဒပြကျောင်းသား သပိတ် တွင် ရန်ကုန်တိုင်းဒေသကြီး အ တွင်းရှိ သံဃာတော်အချို့ ပါဝင် နေသည်ဟု သိရှိရပြီး မလိုလား အပ်သော ပြဿနာရပ်များ မဖြစ် ပေါ်စေရန်နှင့် အေးအေးချမ်းချမ်း ပြီးဆုံးသွားစေရန် ယခုကဲ့သို့ မေတ္တာရပ်ခံရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့မှ ဆရာတော် တစ်ပါးက မိန့်သည်။
ကျောင်းသားများနှင့်အတူ သပိတ်ဆင်နွှဲနေသော ရဟန်းသံဃာအချို့ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment