Sunday, March 29, 2015

ဝေးလံခေါင်သီသော ဒေသရှိဝန်ထမ်းများအား လစာ နှစ်ဆ ဆက်လက်ပေးရန် ရှိ၊ မရှိ သီးသန့်ထုတ်ပြန်မည်


ဝေးလံခေါင်သီ သော နယ်စပ်ဒေသများတွင် တာ ၀န်ထမ်းဆောင်နေသည့် အစိုးရ ၀န်ထမ်းများအတွက် လစာနှစ်ဆ ဆက်လက်ပေး အပ်ရန် ရှိ၊ မရှိသီးသန့်ထုတ်ပြန်သွားမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
မတ်လ ၂၆ ရက်တွင် ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး တွေ့ဆုံစဉ် 7Day သတင်းစာ၏မေးမြန်းမှုကို ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နယ်စပ်ဒေသရှိ အစိုးရ၀န်ထမ်းများအတွက် ဒေသစရိတ် အဖြစ် လစာနှစ်ဆ ပေးအပ်ထားမှုအပေါ် လက်ရှိလစာနှုန်းထားနှင့် ဆက်လက် ပေးအပ်နိုင်ခြင်း ရှိ၊မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ‘‘လက်ရှိလစာ နှုန်းထားပြောင်း သွားတာနဲ့ အမျှ နိုင်ငံတော်မှာ ကျလာမယ့်ဝန် ထမ်း၊ ၀င်ငွေနဲ့ ပေးရမယ့် သုံးငွေပေါ့။နှစ်ဆပေး နိုင်၏၊ မပေးနိုင်၏ ဘယ်လိုနှုန်းထားနဲ့ သတ်မှတ်မလဲ၊ သီးသန့်ထုတ်ပြန်ပေးပါမယ်’’ ဟု ဦးဝင်းရှိန်က ဆိုသည်။


လက်ရှိ တိုးမြှင့်ထားသော လစာနှုန်းထားအပေါ် မူတည်၍ ပြန်လည်တွက်ချက်နေဆဲဖြစ်ပြီး နှစ်ဆပေးနိုင်ခြင်းရှိ၊ မရှိ တိတိကျကျ ဖြေဆိုသွားခြင်းမရှိပေ။

ဧပြီလမှစတင်၍ နိုင်ငံ့ဝန်ထမ်း များအတွက် လစာများကို ရာထူးအဆင့်အလိုက် အ နည်းဆုံးကျပ် လေးသောင်းခွဲမှ အများဆုံး ကျပ်နှစ်သိန်းခွဲအထိ တိုးမြှင့်ပေးရန် မတ်လ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က လာရောက်တင်ပြခဲ့သည်။ ထိုကဲ့သို့ လစာတိုးမြှင့်မှု သည် လက်ရှိအစိုးရလက်ထက် အတွင်း သုံးကြိမ်မြောက်ဖြစ် သည်။

7Day

No comments:

Post a Comment