Sunday, March 29, 2015

မြန်မာလူငယ်သတင်းသမားများမှာ တက်ကြွလှုပ်ရှားသူများဟု ဦးရဲထွဋ်ပြောကြားချက်အပေါ် သတင်းသမားအသိုင်းအဝိုင်း တုံ့ပြန်



မြန်မာနိုင်ငံတွင် ငယ် ရွယ်သည့် သတင်းသမားအများစု မှာ တက်ကြွလှုပ်ရှား သူဆန်ဆန် ဖြစ်နေပြီး ယင်းအချက်က မြန်မာ့ မီဒီယာလောကအတွက် အဓိက စိန်ခေါ်မှုဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်၏ပြောကြား ချက်မှာ တစ်ဖက်သတ်စွပ်စွဲချက် သာဖြစ်ကြောင်း သတင်းစာဆရာ အသိုင်းအဝိုင်းက တုံ့ပြန်သည်။


ရန်ကုန်တွင် မတ်လ ၂၇ ရက်က စတင်ကျင်းပနေသည့် IPI ၏ နိုင်ငံတကာ မီဒီယာညီလာ ခံခန်းမအတွင်း ဦးရဲထွဋ်အား သတင်းသမားတစ်ဦးက တစ်ကိုယ်တော်ဆန္ဒပြခဲ့ခြင်းနှင့် ဟိုတယ်အပြင်ဘက်၌ မီဒီယာဖိနှိပ်မှုရပ်ဆိုင်း ရန် သတင်းသမားနှစ်ဦးဆန္ဒဖော် ထုတ်ခဲ့ခြင်းအပေါ် ရည်ညွှန်း၍ ၎င်းက အထက်ပါအတိုင်းပြော ကြားသွားခြင်းဖြစ်သည်။

‘‘ဒါအမှန်ပဲ။ တချို့သတင်း ထောက်တွေမှာ တက်ကြွလှုပ်ရှား လိုစိတ်နောက်ခံ ရှိနေတော့ အစိုး ရအပေါ်မုန်းတီး ရန်လိုမှုတွေရှိနေ တယ်။ ကျွန်တော် ပြောတာ သဘောမတူရင် ညီလာခံမှာလာ ပြီး ငြင်းခုံဆွေးနွေးနိုင်တာပဲ’’ဟု ဦးရဲထွဋ်က ၎င်း၏ ပြောကြားချက် အပေါ် ထပ်မံအတည်ပြုသည်။

မြန်မာလူငယ်သတင်း သမားများမှာ တက်ကြွလှုပ်ရှား သည့် နောက်ခံ အရောင်ရှိနေခြင်း ကြောင့် နိုင်ငံတကာမီဒီယာများ၏ စံချိန်စံနှုန်းများကို သိရှိနိုင်ရန် ယူနက်စကိုကဲ့သို့ အဖွဲ့အစည်း များ၏ အကူအညီကို ရယူနေရ ကြောင်း ဦးရဲထွဋ်က ဆက်လက် ပြောကြားသည်။

ညီလာခံတွင် ဆွေးနွေးငြင်း ခုံနိုင်ကြောင်း ဦးရဲထွဋ်က ဖိတ် ခေါ်သော်လည်း IPI ညီလာခံသို့ ဝန်ကြီးဦးရဲထွဋ်တက်ရောက်မည်ဖြစ်၍ မြန်မာဂျာနယ်လစ် ကွန်ရက် အပါအဝင် ပြည်တွင်းသတင်း မီဒီယာအများစုက မတက်ရောက် ရန် သပိတ်မှောက်ထားကြသည်။

‘‘တကယ်တော့ သူတို့ အာဏာပိုင်တွေနဲ့ ပြန်ကြားရေး က အမြဲတမ်းသတင်း သမားတွေ ကို စွပ်စွဲနေတာပဲ။ သတင်းသမား တွေကို ဖိနှိပ်ရင် နိုင်ငံတကာ မှာ လည်း ဆန္ဒတွေပြနေတာပဲ။ ဒါကို ဆန္ဒပြလို့ တက်ကြွလှုပ်ရှားသူလို့ ပြောလို့မရဘူး။ သူပြောတာက လုံးဝအဓိပ္ပာယ်မရှိဘူး။ ဆန္ဒက ပြသင့်ပြ ထိုက်လို့ပြရတာ။ အခုထိ အစိုးရက သတင်းယူခွင့်အတွက် ဘာအာမခံချက်မှ ပေးမထားဘူး။ သတင်းသမားတွေကို တက်ကြွ လှုပ်ရှားသူနောက်ခံ တွေရှိတယ် ဆိုရင် ဒီတိုင်းပြည်မှာ သတင်း သမားတင်မဟုတ်ဘူး။ တစ်ပြည် လုံးက ခံနေရတာ။ တစ်ပြည်လုံး တက်ကြွလှုပ်ရှားသူတွေပဲ’’ဟု သတင်းစာဆရာစည်သူအောင် မြင့်က ပြောသည်။

မြန်မာနိုင်ငံမှသတင်းထောက်အများစုမှာ တည်ငြိမ်သည့်တိုင်း ပြည်များမှ သတင်းထောက်များ ကဲ့သို့ သတင်းအတတ်ပညာကို စနစ်တကျသင်ယူ၍ သတင်း ထောက်ဖြစ်လာခြင်းမဟုတ်သဖြင့် အားနည်းချက်များရှိနိုင် သော်လည်း ပြောပလောက်သည့် အခြေအနေမျိုးမဟုတ်ဘဲ မီဒီယာ များက ဆန္ဒပြသည့်အတွက် စွပ်စွဲ သည့် ဆင်ခြေသာဖြစ်ကြောင်း The Flower News ဂျာနယ်မှ အမှုဆောင်အယ်ဒီတာ ဦးစိုင်း အောင်လွင်က ပြောသည်။

‘‘လက်ပံတန်းမှာ သတင်း မီဒီယာသမားတွေကို နှစ်ရက် လောက် ရိုက်နှက် ဖမ်းဆီးထား တယ်။ ပြန်လွှတ်ပေးတော့လည်း တောင်းပန်တာမရှိဘူး။ အမှန် တော့ နိုင်ငံသားအနေနဲ့ဆိုရင် တောင် အကြောင်းမခိုင်လုံရင် ၂၄ နာရီထက် ပိုထိန်းထားလို့မရ ဘူး။ အခုက မီဒီယာဖိနှိပ်တာ မဟုတ်လို့ ဘာသဘောလဲလို့မေး ရမလိုဖြစ်နေပြီ’’ဟု ၎င်းက ပြော သည်။

မြန်မာနိုင်ငံတွင် (၆၅)ကြိမ် မြောက် နိုင်ငံတကာမီဒီယာ ညီလာခံကျင်းပ နေစဉ် မြန်မာပို့စ်ဂျာနယ်မှ အယ်ဒီတာချုပ်နှင့် ဒုတိယသတင်းထောက် ချုပ်နှစ်ဦးမှာ အသရေဖျက်မှုဖြင့် ထောင်နှစ်လချခံနေရပြီး လက်ရှိတွင် သတင်းသမား အနည်းဆုံး ၁၀ ဦး ခန့်ဖမ်းဆီးထောင်ချခံထားရချိန် ဖြစ်သည်။

‘‘ဒါဟာ ရှက်ရမ်းရမ်းတာလို့ သတင်းသမားအများစုက နား လည်ကြတယ်။ နိုင်ငံတကာမီဒီ ယာတွေရဲ့ရှေ့မှာ လူငယ်သတင်း သမားတစ်ယောက်က အရေးဆို တဲ့အနေနဲ့ အခုလိုဆန္ဒထုတ်ဖော် လိုက်တာဟာ သူ့အတွက် မခံချိ မခံသာ ဖြစ်သွားပုံပေါ်ပါတယ်။ ဒါကြောင့် လူငယ်သတင်းသမား တွေဟာ activist ဆန်တယ်ဆိုပြီး ပြောတာဖြစ်မယ်။ မီဒီယာလော ကထဲက လူငယ်တွေတင်မဟုတ် ပါဘူး။ ဘယ်နယ်ပယ်မှာပဲကြည့် ကြည့် လူငယ်တွေက တက်ကြွ တယ်။ ပြောင်းလဲရေးအတွက် အမြဲဆာလောင်မွတ်သိပ်တတ် ကြတယ်။ ဒါသဘာဝပဲ’’ဟု မော် ကွန်းမဂ္ဂဇင်း အယ်ဒီတာချုပ်နှင့် ပူးတွဲတည်ထောင်သူ ဦးဉာဏ် လင်းက ပြောကြားသည်။

7Day

1 comment:

  1. သူတပါးအကြောင်းရေးလို့  မဟုတ်မမှန်ဆိုယင် သေဒဏ်ပါပေးရမှာ။သူများအကြောင်းရေးမှထမင်းတလုပ်စားရမည့် ကောင်တွေ။ဒီနေ့ အထိ တိုင်းပြည်ကောင်းရာကောင်းကြောင်းတိုးတက်ရာတိုးတက်ကြောင်းရေးတဲ့ ကောင်တယောက်မှမရှိဘူး။နာမည်ကလည်းလေးဘက်ထောက်မိဒီယာဖြစ်လိုက် နောက်ဆုံးနာမည်ကတဖက်စောင်းနင်းတဲ့ ၊။လုပ်နေတဲ့ အလုပ်ကအကြောင်းမှမကောင်းတာ ဘယ်လိုလို့ အကျိုးကောင်း၇မှာလည်း။

    ReplyDelete