Thursday, March 19, 2015

သင်္ကြန်ကာလတွင် မြို့နယ်(၁၀) မြို့နယ်ကို အလှည့်ကျ ရေပေးဝေမည်

          ရန်ကုန်မြို့ သင်္ကြန်ကာလ အတွင်း မြို့နယ် (၁၀)မြို့နယ်ကို အလှည့်ကျ ရေပေးဝေ စနစ်ဖြင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (ရေနှင့် သန့်ရှင်းရေးဌာန)မှ သိရသည်။

          ““သင်္ကြန်ကာလ မှာပဲ ရေပေးတဲ့အခါ ကစားမှု များတဲ့အချိန်ကို အဓိကထားပြီး ပေးမယ်။ လိုအပ်မှုကို ကြည့်ပြီး ဆောင်ရွက်မယ်”” ဟု (ရေနှင့်သန့်ရှင်းရေးဌာန)မှ လက်ထောက် ဌာနမှူး ဦးမျိုးသိန်းက ပြောသည်။



          ယင်းကဲ့သို့ ပေးဝေရာတွင် မြို့တွင်း ခြောက်မြို့နယ်အား နံနက်(၇)နာရီမှ(၁၁) နာရီအတွင်းနှင့် ညနေ(၃)နာရီမှ (၆)နာရီ အတွင်း ရေပေးဝေ သွားမည်ဖြစ်ပြီး၊ အလုံ၊ ကြည့်မြင်တိုင်၊ ဗဟန်း၊  စမ်းချောင်းနှင့် မရမ်းကုန်းမြို့နယ် များတွင် နံနက်(၇)နာရီမှ (၁၀) နာရီအထိသာ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

          အဆိုပါ မြို့နယ်များအား အချိန်ပိုင်း ရေပေးဝေခြင်းအား သင်္ကြန်ကာလ အတွင်းသာ ဖြစ်ပြီး၊ သင်္ကြန်ကာလ ကျော်လွန် သွားပါက ယခင်ပေးဝေမှု ပုံစံအတိုင်း ပြန်လည်ပေးဝေ သွားမည် ဖြစ်ကြောင်း သိရသည်။

          ““သင်္ကြန် ကာလမှာ ရေကို အချိန်ပြည့်ကို ပေးသင့်တယ်။ အခု အချိန်ပိုင်းတွေ ပေးမယ်ဆိုတော့ ရေမပေးတဲ့ အချိန်ဆို ရေ၀ယ်သုံးရမလို ဖြစ်နေတယ်”” ဟု ဗဟန်းမြို့နယ် ရေတာရှည်လမ်းပေါ်တွင်  နေထိုင်သူ ဒေါ်စန်းစန်းမြင့် က ဆိုသည်။

No comments:

Post a Comment