Saturday, March 7, 2015

မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင်းဂိတ် ပြန်ဖွင့်

လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့သော တရုတ်နယ်စပ် ရန်လုံကျိုင်းဂိတ်ကို မတ်လ ၆ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ပြီးနောက် မတ်လ ၆ရက်နံနက်ပိုင်းတွင် ရန်လုံကျိုင်းဂိတ်ကို ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်းတပ်မတော်အရာရှိတစ်ဦးက ပြောသည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့ကို တပ်မတော်မှ နယ်မြေရှင်းလင်းမှု များ ဆက်လက်ပြုလုပ်ခဲ့ပြီး ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို မတ်လ ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံများက ထုတ်ပြန်ခဲ့သည်။
လောက်ကိုင်မြို့သို့ တရုတ်နယ်စပ် မိုင်တိုင် ၁၂၅ နှင့် ရန်လုံ ကျိုင်းဂိတ်တို့မှ ပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင် ပြည်သူများကိုလည်း တပ်မတော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဒေသတွင်း အဖွဲ့အစည်းများကဆိုသည်။
7Day Daily

No comments:

Post a Comment