Tuesday, March 17, 2015

တက္ကစီပေါ်တွင် မေ့ကျန်ခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦး၏ ငွေများကို ယာဉ်မောင်းက ပြန်လည်ပေးအပ်

တရုတ်နိုင်ငံသားတစ်ဦး အငှားယာဉ်ပေါ် ကျန်ခဲ့သည့် မြန်မာငွေကျပ် ၁၇ သိန်းကျော်နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၁,၂၀၀ ကို အငှားကား ယာဉ် မောင်းက ဒဂုံမြို့သစ် မြောက်ပိုင်း ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၁၃ ရက် ညနေ ၆ နာရီခန့်တွင် တရုတ်နိုင်ငံသား မစ္စတာ ဖူဘင်နှင့် အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမပေါ်ရှိ ဘိုဘိုမင်းဟို တယ်မှ ကတ်ပီတယ်စူပါမား ကက်အနီး Star Mart ဟိုတယ် သို့သွားရာ ယာဉ်မောင်းဦးမြ သိန်းမောင်းနှင်သည့် တက္ကစီကို ငှားရမ်းစီးနင်းလာစဉ် အဆိုပါ ယာဉ်ပေါ်၌ ပိုက်ဆံအိတ် ကျန်ခဲ့ ခြင်းဖြစ်သည်။

‘‘အငှားယာဉ်မောင်းက သူ အိမ်ပြန်သွားပြီး ကားရေဆေး တော့ ပိုက်ဆံအိတ်တစ်အိတ်တွေ့ လို့ ရဲစခန်းကို ချက်ချင်းလာအပ် တာ။ သူပိုက်ဆံအိတ်အပ်ပြီး ရဲ အဖွဲ့က ပိုင်ရှင်ကို သုံးနာရီအတွင်း ရှာတွေ့ခဲ့တယ်’’ ဟု ဒဂုံမြို့သစ် မြောက်ပိုင်းရဲစခန်းမှ ဒုရဲမှူးဇော် မင်းက ပြောသည်။
အဆိုပါ တရုတ်နိုင်ငံသား မစ္စတာဖူဘင်းသည် ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသူဖြစ်သည်။ ဂျီအက်စ်အမ်တယ်လီဖုန်း တာဝါတိုင် ထောင်ရန် ကိစ္စဖြင့် လာရောက် ခြင်းဖြစ်ကာ မတ်လ ၁၆ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်မည်ဖြစ် ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ဆိုပါက ယခုကဲ့သို့ တက္ကစီပေါ်တွင် ပိုက်ဆံအိတ်ကျန်ခဲ့ပါက ပြန်မရကြောင်း၊ ရိုးသားသည့်မြန်မာလူ မျိုးများကို ကျေးဇူးတင်ကြောင်း မစ္စတာဖူဘင်းက ပြောကြားသည် ဟု ဒုရဲမှူးဇော်မင်းက ပြောသည်။
အဆိုပါ တရုတ်နိုင်ငံသား ကျန်ခဲ့သည့် ပိုက်ဆံအိတ်အတွင်း မြန်မာငွေကျပ် ၁၇ သိန်းကျော်နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ တစ်ရာတန် ၁၁၂ ရွက်) ပါဝင်ခဲ့ပြီး နိုင်ငံခြားသားများ၏ ငွေကြေးပျောက် ဆုံးမှုကို ပြန်လည်အပ်နှံခြင်းမှာ ဂုဏ်ယူစရာ လုပ်ရပ်ဖြစ်သဖြင့် အငှားယာဉ် မောင်းဦးမြသိန်းက တရုတ်နိုင်ငံသား မစ္စတာဖူဘင်းထံ ငွေကြေးအပ်နှံသည်ကို ဂုဏ်ပြုအခမ်းအနား ပြုလုပ်ပေးခဲ့ ကြောင်း မြောက်ဒဂုံရဲစခန်းမှ သိရသည်။
7Day Daily

No comments:

Post a Comment