Saturday, March 7, 2015

အကျဉ်းသားလဲလှယ်ရေး သြစတြေးလျ ကမ်းလှမ်းမှု အင်ဒိုနီးရှား ပယ်ချ


သြစတြေးလျအစိုးရက တောင်းခံလာတဲ့ သေဒဏ်ကျခံနေရတဲ့ သြစတြေး လျနိုင်ငံသား ၂ ဦးနဲ့ အကျဉ်းသားချင်းဖလှယ်ဖို့ ကမ်းလှမ်းမှုကို အင်ဒိုနီးရှား က မတ် ၅ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
သေဒဏ်ချခံထားရတဲ့ အကျဉ်းသားနဲ့ တခြားသူတို့ဟာ သူတို့ကို ကွပ်မျက် မယ့် အကျဉ်းထောင်ကို ရွှေ့ပြောင်းထားပြီး မကြာခင် ကွပ်မျက်ခံရဖို့ ရှိပါ တယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရ Armanatha Nasir က သြစတြေး လျနိုင်ငံခြားရေးဝန်ကြီး Julie Bishop တောင်းဆိုတဲ့ အကျဉ်း သားဖလှယ်ရေးဆိုတာကို လုပ်ဆောင်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံမှာ တရား ၀င်ပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိကြောင်း ပြန်လည်ပြောဆိုလိုက်တာပါ။
သြစတြေးလျနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ သြစတြေးလျအစိုးရမှာ တာဝန်ရှိတာ နားလည်ပေမယ့် အင်ဒိုနိးရှားနိုင်ငံရဲ့ ဥပဒေနဲ့ အချုပ်အခြာ အာဏာကို လေးစားလိုက်နာရမယ်လို့ ပြောပါတယ်။
သြစတြေးလျ နိုင်ငံသား အင်ဒရူးချန် (Andrew Chan) နဲ့ မျူရန် ဆုကူမရန်(Myuran Sukumaran) တို့ ၂ ဦးရဲ့ ပြစ်ဒဏ်ကို သက်ညှာဖို့ သြစတြေးလျအစိုးရက အကြိမ် ကြိမ် တောင်းဆိုခဲ့ပေမယ့် အင်ဒိုနီးရှားနိုင်ငံက ငြင်းပယ်ပြီး အင်ဒိုနီးရှားတရားဥပဒေကို ၀င်ရောက် မစွတ်ဖက်ဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။
သြစတြေးလျနိုင်ငံသား ၂ ဦးဟာ ၂၀၀၅ ခုနှစ်က ဘာလီကျွန်းကနေ သြစတြေးလျနိုင်ငံထဲကို မူးယစ်ဆေးဝါး ခိုးထုတ်ဖို့ ကြိုးစားမှုနဲ့ သေဒဏ် ချခံခဲ့ရတာပါ။
သူတို့ ၂ ဦးအပါအ၀င် နိုင်ငံခြားသားအများစု ပါဝင်တဲ့ ၁၁ ဦးပါအဖွဲ့ကို မကြာခင် ကွပ်မျက်တော့မှာ ဖြစ်ပေမယ့် အချိန်အတိအကျကို ထုတ်ဖော်ကြေညာခြင်းတော့ မရှိပါဘူး။
DVB

No comments:

Post a Comment