Wednesday, March 25, 2015

ဒီမိုကရေစီပညာရေးနှင့် ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှု


“ ပဉ္စဂုဏံအဟံဝန္ဒာမိအာစရိယဂုဏံအဟံဝန္ဒာမိ ” ကျုပ်တို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ အာစရိယဆရာဆိုတာကို အဲဒီ လိုမျိုးဘုရားနဲ့တစ်ဂိုဏ်းတည်းထားကြတာ။ ပြီးခဲ့တဲ့ ဒီမိုကရေစီပညာရေးဆိုတဲ့သပိတ်မှာ စင်ပေါ်ကနေ ပါမောက္ခကို စိန်ခေါ်ခဲ့တဲ့ကျောင်းသားကို ၀ိုင်းဝန်းလက်ခုပ်တီးချီးကျူးထောပနာပြုခဲ့ကြပြီး ကျောင်းသားကို လေသံမာမာနဲ့ပြောမိတဲ့ ဆရာမကိုတော့ လူ့အခွင့်ရေးပေတံနဲ့တိုင်းပြပြီး ရစရာမရှိအောင်ပြောနေကြတဲ့ အသိုင်းအ၀ိုင်းကိုမြင်တော့ တော်တော် ရွံတယ်။ ဗုဒ္ဓဘာသာနဲ့ တစ်ခြားဘာသာ မတူတဲ့အချက်က ဂါရဝေါစ နိဝါရောစပဲ။ ဒါ့ကြောင့်တစ်ခါတစ်လေ အနောက် တိုင်း လူ့အခွင့်ရေးပေတံနဲ့ ဗုဒ္ဓဘာသာကိုတိုင်းတာလို့မရဘူး။ ဒါဟာဘာကိုပြသလဲဆိုရင် ဘာသာတရားနဲ့ယှဉ်လာရင် လူ့အခွင့်ရေးဆိုတာမပြောပလောက်ဘူးလို့ ဆိုတာပဲ။

မြန်မာ့လူ့အသိုင်းအ၀ိုင်းမှာ ငယ်ငယ်ကတည်းကယဉ်ကျေးမှုနဲ့ဘာသာတရား ဂါရ၀တရားနဲ့ယှဉ်ပြီး ကြီးပြင်းလာတဲ့ ခလေးနဲ့ အနောက်တိုင်းမှာ မူကြိုကတည်းက လက်ဖျားနဲ့အတို့မခံခဲ့ရဘဲ ကြီးပြင်းလာတဲ့ခလေးတွေရဲ့ စရိုက်ကို ယှဉ် ကြည့်ပါ။ What the *ucking Daddy/Mommy ဆိုတဲ့အသံတွေ၊ Bull shit teacher ဆိုတဲ့အသံတွေ၊ ၁၈ နှစ် သမီးက ကပ္ပလီတစ်ကောင်အိမ်ခေါ်လာတာကို ဥပဒေအရထိုင်ကြည့်နေရတဲ့မိဘတွေ၊ စိတ်ဆိုးလို့လက်ပါရင် သားသမီးက ရဲစခန်းဖုန်းဆက်လို့ အဖေ၊ အမေကို ရဲကလက်ထိပ်လာခတ်သွားတာတွေ၊ အဲဒီအသံတွေမြင်ကွင်းတွေကို ခင်ဗျားတို့မှ မရင်းနှီးသေးတာ။
Crow Zero ဆိုတဲ့ကျောင်းသားဇာတ်ကားတစ်ခုမှာ ကျောင်းသားက၀င်လာတဲ့ဆရာကို ခြေချိတ် ပြီးစကားပြောတာတွေ၊ ဆရာဆိုတာစာသင်ဘို့ပဲ ကျောင်းသားကိစ္စ၀င်မရှုပ်နဲ့ဆိုပြီး ဆရာရင်ဘတ်ကိုဆောင့်တွန်းတဲ့ အခန်းတွေကို မြန်မာပြည်ကကျောင်းသားတွေအားကျနေသလား။ မတူဘူး၊ အနောက်တိုင်းနဲ့ မြန်မာ့ယဉ်ကျေးမှုဟာ လူ့အခွင့်ရေးဆိုတဲ့ ကြားခံနယ်တစ်ခုတည်းနဲ့ တူမသွားနိုင်ဘူး၊ ကျောင်းသားအခွင့်ရေးဆိုတာတစ်ခုတည်းနဲ့ ဆရာကို ကြေးတန်းညှိမယ့်ပညာရေးစနစ်တစ်ခုကို မြန်မာ့ယဉ်ကျေးမှုကခွင့်မပြုနိုင်ဘူး။
အခု NNER နဲ့ သပိတ်ကျောင်းသားတွေရေးဆွဲတဲ့ဥပဒေကြမ်းမှာ၊ ဆရာကိုကျောင်းသားကရွေးချယ်ခွင့် စနစ်ပုံစံမျိုး ထည့်ဆွဲထားတယ်။ ဒါကဘာသဘောလဲ? ဆရာကကျောင်းသားလက်အောက်မှာနေရမှာလား၊ ကျောင်းသားက မကြိုက်ဘူးဆိုရင် သမဂ္ဂကနေ ဆရာကိုထုတ်ပစ်ကြမှာလား၊ ဒါဆိုရင် လူ့အခွင့်ရေးတော့ရှိလိမ့်မယ်၊ ယဉ်ကျေးမှုကတော့အ၀ီစိကိုထိုးကျမှာပဲ။
ကျောင်းသားက ရည်းစားနဲ့အိပ်ဖို့ချိန်းတွေ့မယ်လုပ်လာရင် မူလတန်း၊အလယ်တန်းအရွယ်က ဆေးလိပ်/အရက် ခိုးသောက်တတ်လာရင၊် မူးယစ်ဆေးဝါးသုံးခဲ့ရင် ဆရာတွေကတားသင့်ရင်တားရမယ်။ ရိုက်တန်ရိုက် ရမယ်။ အဲ့ဒါ လူ့အခွင့်အရေးတွေ ပညာရေးစနစ်တွေနဲ့ ဘာမှမဆိုင်ဘူး။ဒါဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံယဉ်ကျေးမှု စည်း မျဉ်းသာဖြစ်တယ်။
ပညာရေးစည်းမျဉ်းတစ်ချို့ကိုပြင်ဆင်သင့်တယ်ဆိုတာလက်ခံပေမယ့် အလုံးစုံကိုတော့ ရေစုန်မျှောလို့မရသေးဘူး။ ဥပဒေသစ်မှာ ကျောင်းသားက ဆရာအထက်ကနေဘို့စီမံထားတာတွေကိုလက်ခံလို့မရဘူး။
လူ့အခွင့်ရေးဗန်းပြပြီး၊ တခြားဘာသာတရား ၀ါးမြိုမှုတွေလုပ်လာနိုင်မယ့် စနစ်ကိုမထောက်ခံဘူး။ အခုပညာရေးဥပဒေနဲ့ပတ်သက်လို့ ကျောင်းသားတွေကိုဗန်းပြပြီး လူထုလှုံ့ဆော်မှုတွေလုပ်နေတာတွေ့တော့ ဒီကနေမြန်မာပြည်ကိုကြည့်ပြီး ရင်မောတယ်။
တစ်ခါကျောင်းသားသပိတ်ပြီးသွားတာတောင် ကျောင်းသားတွေကိုလွှတ်ပေးဖို့ ဆန္ဒပြနေရတာတွေ၊ သပိတ်ပေါင်းစုံ ထပြီး ဆန္ဒတွေပြဖို့ကြံစည်နေတာတွေကိုမြင်ရတာမကောင်းလှဘူး။ နောက်ကမြှောက်ပေးနေသူတွေကို ပြောချင်တာက ခင်ဗျားတို့လိုဘတစ်ခုတည်းနဲ့မြန်မာ့ယဉ်ကျေးမှုကိုမြောင်းထဲရောက်မယ့်စီမံကိန်းမဆွဲကြပါနဲ့။ ကျောင်းသားဆိုတာ ထိုးကြွေးခံမဟုတ်ပါဘူး။ တကယ်လို့ အရမ်းခေတ်မီချင်တယ်ဆိုရင်လည်း ယဉ်ကျေးမှုမရှိတဲ့နိုင်ငံတွေမှာ လူ့အခွင့် အရေး ပြည့်ပြည့်၀၀နဲ့သွားနေကြပါ။ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အရောင်မဆိုးကြပါနဲ့။ ဘာမှ နားမလည်တဲ့ ကျောင်းသားတွေကို မြှောက်မပေးကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။
‎မြင့်ထွန်း‬ ( UK )
‎နေ့စဉ်သတင်းထူး‬ သတင်းဦးများ

No comments:

Post a Comment