Saturday, March 7, 2015

အိန္ဒိယတွင်ဖြစ်နေသည့် (H1N1) ဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံတွင်ဖြစ်နေသည့် (H5N1) ဗိုင်းရပ်စ်နှစ်မျိုးပေါင်းမိလျှင် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဖြစ်နိုင် သဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဟုဆို

အိန္ဒိယနိုင်ငံ တွင်ဖြစ်ပွားလျက်ရှိသည့် (H1N1) ဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် (H5N1) ဗိုင်းရပ်စ်နှစ်မျိုးပေါင်းမိပါက ကမ္ဘာ့ လူတုပ်ကွေးကပ်ရောဂါ ဖြစ်ပေါ် လာနိုင်သည့်အတွက် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ပိုမို အားဖြည့်ဆောင်ရွက်ရမည်ဟု ကျန်း မာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်က အသိပေး ပြောကြားလိုက်ကြောင်း သိရသည်။
မေ ၆ ရက် နံနက်ပိုင်းက နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ် သော ကြက်ငှက်တုပ်ကွေး ရောဂါ ကာကွယ်နှိမ် နင်းရေးလုပ်ငန်း ညှိ နှိုင်းအစည်းအဝေးတွင် ယင်းသို့ ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''အိန္ဒိယနိုင်ငံမှလည်း (H1N1) တုပ်ကွေးရောဂါဖြစ်ပွားသူ သုံးသောင်း နီးပါးရှိပြီး ၉၀၀ ကျော်သေဆုံး လျက်ရှိတဲ့အတွက် မုံရွာမှာလက်ရှိ ဖြစ်နေတဲ့ (H5N1) ကြက်ငှက်တုပ် ကွေးရောဂါ ထိန်းချုပ်မှုလုပ်ငန်း ဟာ ပိုအရေးကြီးပါတယ်။ ဒီဗိုင်း ရပ်စ်နှစ်မျိုးသာ ပေါင်းမိသွားရင် လူတုပ်ကွေး ကပ်ရောဂါဖြစ်နိုင်တဲ့ အတွက် ရောဂါစောင့်ကြပ်ကြည့် ရှုခြင်းလုပ်ငန်းကို ပိုမိုအားဖြည့် ဆောင်ရွက်ရပါမယ်''ဟု ယင်းက ဆိုသည်။
ယင်းပြင် လက်ရှိကူးစက်ဖြစ် ပွားနေသည့် (H5N1) ကြက်ငှက် တုပ်ကွေးရောဂါပိုးသည် လူမှလူသို့ ကူးစက်နိုင်မှု နှေးကွေးသော်လည်း ဗီဇမျိုးရိုးပြောင်းလဲလာပြီး ရောဂါ ပိုးအသစ်ဖြစ်ပေါ်လာပါက လူမှ လူသို့ကူးစက်မှု မြန်ဆန်လာကာ နိုင်ငံအတွင်း လူအများသို့ကူးစက် ပျံ့နှံ့သွားနိုင်ကြောင်း၊ နိုင်ငံတကာ ခရီးသွားလာမှုမှတစ်ဆင့် လူလူ ချင်း လျင်မြန်စွာကူးစက်ပြီး ရက် သတ္တပတ် အနည်းငယ်အတွင်းမှာပင် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကြီးဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
''ဒီလိုသာဖြစ်လာရင် လူများစွာ အသက်ဆုံးရှုံးနိုင်ပြီး နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေးဆုံးရှုံးမှုများစွာဖြစ် ပေါ်လာနိုင်ပါတယ်။ နိုင်ငံရဲ့အဓိက ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်တန့် သွားနိုင်ပါတယ်လို့လဲ ကမ္ဘာ့ကျန်း မာရေးအဖွဲ့က ခန့်မှန်းထားပါတယ်'' ဟုယင်းက ဆက်လက်ပြောကြားသည်။
ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပွား လျက်ရှိသည့် ကူးစက်မြန်ရောဂါ များ၊ အသစ်ဖြစ်ပေါ်လာသည့် ကူး စက်မြန်ရောဂါများဖြစ်သည့် SARS ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ (H5N1)(H7N9)၊ ကမ္ဘာ့လူတုပ် ကွေးရောဂါ (Pandemic H1N1 (၂၀၀၉)၊ အရှေ့အလယ်ပိုင်းဒေသ ကူးစက်မြန် အဆုတ်ရောင်ရောဂါ (MERSCo-V)၊ အီဗိုလာဗိုင်းရပ်စ် ရောဂါတွေကို နိုင်ငံအတွင်းကူးစက် ဝင်ရောက်မှုမရှိစေရေး၊ ကူးစက်ဝင် ရောက်ပါက လည်း စောစီးစွာသိရှိ တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ရောဂါ ထိန်းချုပ်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အချိန်နှင့် တစ်ပြေးညီဆောင်ရွက် လျက်ရှိကြောင်း ယင်းကဆက် လက်ပြောကြားသည်။
ကမ္ဘာပေါ်တွင် ကြက်ငှက်တုပ် ကွေး (H5N1) ရောဂါဖြစ်ပွားမှု အခြေအနေကိုပြန်ကြည့်ပါက ၂၀၁၃ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ရာ၂၀၁၄ ခုနှစ် အထိ ရောဂါကူးစက်ဖြစ်ပွားခဲ့သော နိုင်ငံပေါင်း ၁၆ နိုင်ငံရှိပြီး လူတွင် ရောဂါ ဖြစ်ပွားခဲ့သူစုစုပေါင်း ၇၁၈ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄၁၃ ဦးထိရှိခဲ့ကြောင်းလည်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ကျန်းမာ ရေးဝန်ကြီးဌာန၊ (ရောဂါနှိမ်နင်း ရေးနှင့် ကျန်းမာရေးဦးစီးဌာန) မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ စိုးလွင်ငြိမ်း က''(H5N1) ကြက်ငှက်တုပ်ကွေး ရောဂါက ကြက်မှာဖြစ်ပြီးတော့ လူ ကိုကူးစက်တယ်။ လူတစ်ရာကူးစက် ခံရရင် ၆ရရာခိုင်နှုန်းအထိ သေဆုံး နိုင်တယ်။ နယ်စပ်ချင်းထိနေတဲ့ အိန္ဒိယမှာဖြစ်နေတဲ့(H1N1)နဲ့ မုံရွာမှာဖြစ်တဲ့ (H5N1) တို့ပေါင်းပြီး ကပ်ရောဂါတစ်ခု ဖြစ်နိုင်တယ်။ ဒီအတိုင်းတော့ပေါင်းလို့ မရဘူး။ ဝက်တွေထဲမှာ ပေါင်းပြီးတော့ဖြစ် နိုင်တဲ့အတွက် ဝက်မွေးမြူရေး ခြံ တွေကို သေချာစစ်ရတယ်။ ဒါ ကြောင့် ဝက်နဲ့ကြက်ကိုအတူမမွေး ရပါဘူး''ဟုဆိုသည်။
ကြက်မှလူသို့ ကြက်ငှက်တုပ် ကွေးရောဂါများ ကူးစက်ခံရခြင်းမရှိစေရန် ရော ဂါဖြစ်နေသည့် ကြက်ခြံထဲသို့ ဝင်ရောက်သူများ ကိုအဓိကထားပြီး အဖျားရောဂါ ရှိ မရှိ နေ့စဉ်စစ်ဆေးပေးလျက်ရှိ လျက်ရှိကြောင်း၊ ရောဂါဖြစ်နေ သည့် ကြက်များကို မီးရှို့သူများ ကိုလည်း အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ပြီး ဆောင်ရွက်ရန်ညွှန် ကြားထားကြောင်း သိရသည်။
''ဒီရက်ပိုင်းမှာ အသက် သုံးဆယ်အရွယ်လေးဦးကို ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းမှာ ပို့ပြီးတော့စစ်ဆေးပါတယ်။ လေးဦးစ လုံးကျန်းမာရေး ကောင်းမွန်လာပါပြီ။ ကြက်တွေမှာဆိုရင်တော့ ၂၁ရက် အထိ ရောဂါ ကူးစက်နိုင်ပေမယ့် လူတွေကို တော့ ၁ဝရက်အထိ စောင့်ကြည့် ရဦးမှာပါ''ဟု ပါမောက္ခဒေါက်တာ စိုးလွင်ငြိမ်းက ဆက်လက်ပြောကြားသည်။
ထို့ပြင်အဆိုပါံ၅ြ၁ ကြက် ငှက်တုပ်ကွေးရောဂါမှာ မုံရွာမြို့တွင် ဖေဖော်ဝါရီ လဆန်း၁ဝရက် တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ငုံးအကောင်ရေ တစ်သောင်းကျော် သေဆုံးခဲ့ပြီး ကောင်ရေ ၂၃၀၀၀ကို ဖျက်ဆီးခဲ့ကြောင်း၊ ကြက်ကောင် ရေမှာလည်း ၁၂၄၃ကောင်သေဆုံး ခဲ့ပြီး ဖျက်ဆီးပြီးကောင်ရေ ၁၄၈၈ ကောင်ထိရှိခဲ့ကြောင်း သိရသည်။
‎Democracytoday‬

No comments:

Post a Comment