Wednesday, March 25, 2015

တပ်မတော်နှင့် KIA တိုက်ပွဲများအတွက် အလွတ်သဘောဆွေးနွေးမည်


ရန်ကုန်တွင် ငြိမ်းချမ်းရေးဆွေး နွေးပွဲပြုလုပ်စဉ် မန်စီမြို့၌ တပ်မ တော်ဘက်မKIA ဘက်သို့ ထိုး စစ်ဆင် တိုက်ခိုက်မှုများအတွက် လာမည့်မတ်လကုန်တွင် ကေအိုင် အေနှင့်တပ်မတော်ကြား အလွတ် သဘောဆွေးနွေးမှုပြုလုပ်သွားရန် ရှိသည်ဟု ကေအိုင်အေ၏နည်း ပညာအကြံပေးအဖွဲ့ထံမှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရန်အတွက် ဆွေးနွေးရန်ကျန်နေသည်များကို မတ် လ ၃ဝ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ(UPWC) နှင့် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ပြန်လည်တွေ့ဆုံဆွေးနွေးသွား ကြမည်ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင်မူ ကေအိုင်အေအနေနှင့် တပ်မတော် ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု များနှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်မည် ဆိုခြင်းထက် နှစ်ဖက် သီးသန့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ရန်အနေအထားရှိကြောင်း ကေ အိုင်အေနည်းပညာ အကြံပေးအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က ပြောကြားသည်။
မတ်လ ၂၁ ရက်နေ့တွင် ကချင်ပြည်နယ် မန်စီမြို့နယ်၌ တပ်မတော်ဘက်မှ ကေအိုင်အေ ဘက်သို့ တိုက်လေယာဉ်များနှင့် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သည့်အနေ အထား ဖြစ်ရပ်နှင့် ပတ်သက်၍ NCCT အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကမူယင်း အနေအထားမှာ လက်ရှိဆွေးနွေး မှုအရှိန်ကောင်းလာသည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ် ဆိုနိုင်ရန်လုပ်ဆောင် မှုတွင်အခက် အခဲ အများအပြားတွေ့နိုင်ကြောင်း ထောက်ပြသည်။
''တပ်မတော်ဘက်က ငြိမ်း ချမ်းရေး တကယ်လိုလားတယ်။
ငြိမ်းချမ်းရေးအကျိုးဆောင်ရဲ့ ပြင် ဆင်မှုတွေကိုကြည့်ပြီး လေးစားရ ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးငြိမ်းချမ်း ရေးဆွေးနွေးပွဲလုပ်နေချိန်မှာ တိုက် လေယာဉ်တွေသုံးပြီး ထိုးစစ်ပုံစံမျိုး လုပ်လာတာဟာ ဘယ်လိုမှ မဖြစ် သင့်ပါဘူး။ အဲ့ဒီတော့ တိုင်းပြည် ကို တကယ်ငြိမ်းချမ်းစေချင်ရင် ဒီ ပြဿနာကို ရပ်တန်းက ရပ်ဖို့ တောင်းဆိုချင်ပါတယ်''ဟုဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆို သည်။
မတ်လ ၁၇ ရက်နေ့မှစတင်၍ မတ်လ ၂၂ ရက်နေ့အထိ မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ UPWC နှင့် NCCT တို့အကြား သတ္တမအကြိမ် မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိုပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေးစာချုပ် (NCA) ကိုထိုးပြီးပါက လွှတ်တော်သို့ တင် သွင်းရန်သဘောတူညီမှုရရှိခဲ့သည်။
ထို့အပြင် ယခုဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးစာချုပ်ပါ အခန်း (၅) ခန်းကျော်ကို ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပြီး လွှတ်တော်သို့ တင် သွင်းရန် သဘောတူညီမှုကို မတ် လ ၂၁ ရက်နေ့တွင် ရေးထိုးနိုင်ခဲ့ ခြင်းလည်းဖြစ်သည်။သို့သော်ယင်း နေ့၌ပင်တပ်မတော်ဘက်မှ သစ် လုံးသယ်ယာဉ်များကို တိုက်ခိုက် သည်ဟုဆိုကာတိုက်လေယာဉ်ဖြင့် ကေအိုင်အေ စစ်စခန်းတစ်ခုသို့ ထိုးစစ်ပုံစံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေ၏ စစ်ဦးစီးချုပ် တွေ့ ဆုံဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ဂွမ်မော် က ထည့်သွင်း ပြောကြားခဲ့သော် လည်း တပ်မတော်ဘက်မှတရားဝင် ပြန်လည်ဖြေကြားပေးခဲ့ခြင်း မရှိဟု သိရသည်။
သုတလင်း
Popular Myanmar News Journal

No comments:

Post a Comment