Tuesday, March 10, 2015

ဗကသ ပင်မသပိတ်စစ်ကြောင်းသို့ ရှမ်း၊ ကယားကျောင်းသားသမဂ္ဂမှ လာရောက်ပူးပေါင်းခဲ့သော ကျောင်းသား (၅) ဦးတွင် KNPP မှ ဖောက်ခွဲရေးသင်တန်းဆင်းတစ်ဦးပါဝင်


လက်ပံတန်းမြို့တွင်ရောက်ရှိရပ်နားထားသော ဗကသ ပင်မသပိတ်စစ်ကြောင်းသို့ ၈-၃-၂၀၁၅ ရက်နေ့က ရှမ်း၊ ကယား ကျောင်းသားသမဂ္ဂမှ ကျောင်းသား (၅) ဦးလာရောက်ပူးပေါင်းခဲ့ရာတွင် ၎င်းတို့ထဲမှတစ်ဦးမှာ KNPP လက်နက်ကိုင် တပ်ဖွဲ့မှ ဖောက်ခွဲရေးသင်တန်းဆင်းထားသူ ဖြစ်ကြောင်းသတင်းရရှိသည်။

၎င်း၏အမည်မှာ စောရန်နိုင်ဖြစ်ကြောင်း၊ ၎င်းသည် KNPP(ကရင်နီ) တပ်ဖွဲ့မှဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်းသို့ တက်ရောက်ထားသူတစ်ဦးဖြစ်ပြီး လက်ရှိအခြေအနေတွင် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုခု၏ ဆဲလ်တစ်ဦးဖြစ်နိုင် ကြောင်း၊ ၎င်းတို့၏ အကြံအစည်မှာ သပိတ်စစ်ကြောင်းအနေဖြင့် ရန်ကုန်သို့ရောက်ရှိပါက အကြမ်းဖက်ဖောက်ခွဲမှုများ ကို အချိန်ကိုက်လုပ်ဆောင်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် လက်နက်များအားမြို့ပေါ်ရှိ မြေအောက်အဖွဲ့အစည်းများထံ တွင် ကြိုတင်ဝှက်ထားပြီး အစိုးရကသပိတ်အားဖြိုခွင်းလျှင် သပိတ်ကျောင်းသားများအား လက်နက်ကိုင်တော်လှန်ရေး ပြုလုပ်စေရန်အတွက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နိုင်ကြောင်းကို BGF တပ်ဖွဲ့မှအရာရှိတစ်ဦးကပြောသည်။


“အခြေအနေက တော်တော်ဆိုးနေပြီဗျ၊ တောမီးလောင် တောကြောင်လတ်ခမောင်းခတ် ဆိုသလိုဖြစ်နေပြီ၊ ဒီသတင်း အရဆိုရင်တော့ ဒါဟာအချိန်ကိုက်လုပ်ကြတာပဲ။ အစိုးရကလဲ ဒါကိုပြတ်ပြတ်သားသား ကိုင်တွယ်သင့်တယ်၊ ဖောက်ခွဲ မှုတွေဖြစ်လာမယ်၊ ဆူပူမှုတွေဖြစ်လာမယ်ဆိုရင်တော့ တကယ်နစ်နာမှာက ပြည်သူတွေပဲလေ၊ ဒါတောင်သိတဲ့ လူပဲ ရှိသေးတာ အခြားမသိရသေးတဲ့ဖောက်ခွဲရေးသမားတွေလဲ ဒီသပိတ်ထဲမှာ စိမ့်ဝင်နေလောက်ပြီ ရင်လေးပါတယ်ဗျာ” ဟု ရန်ကုန်မြို့၊ တာမွေတွင်နေထိုင်သော ဦးမြင့်ထွန်းက ပြောသည်။
“ကျောင်းသားတွေက ဒါကိုမသိတာလား၊ ဒါမှမဟုတ် သိရက်နဲ့လက်ခံထားတာလား၊ အခုက ကျောင်းသားသပိတ်နဲ့မတူ တော့ဘူး၊ သပိတ်စုံသူပုန်ထဘို့ အားလုံးတာစူနေကြပြီ၊ ဒါကိုကြည့်ရင် နောက်ကွယ်ကအဖွဲ့တွေတစ်ဖြည်းဖြည်း ရှေ့တိုးလာပြီလို့ပြောလို့ရတယ်။ ဘာတွေဆက်ဖြစ်မလဲစောင့်ကြရတော့မှာပေါ့” ဟု ၎င်းကထပ်မံပြောဆိုသည်။


ယခုကျောင်းသားသပိတ်သည် ဇန်န၀ါရီလမှစတင်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ သပိတ်စစ်ကြောင်းချီတက်ရာလမ်း တစ်လျှောက်တွင် ၀န်းရံကြသောပြည်သူများအား မွတ်စလင်အဖွဲ့အစည်းများ၊ KIA အပါအ၀င် ကရင်လက်နက်ကိုင် အဖွဲ့အစည်းအချို့မှ အစိုးရအားအထင်အမြင်လွဲမှားစေရန်အတွက် ဖောက်ခွဲမှုများပြုလုပ်မည်ဟု သတင်းများထွက်ပေါ် ခဲ့ခြင်းကြောင့် ပြည်သူများစိုးရိမ်မှုဖြစ်လာခဲ့ပြီးနောက် ယခုလိုဖောက်ခွဲရေးသင်တန်းဆင်းများ သပိတ်စစ်ကြောင်းအတွင်း သို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။


ယခုအခါတွင် ဖောက်ခွဲရေးသမားဆိုသူ စောရန်နိုင်၏ လက်နက်ကိုင်တပ်ဖွဲ့ယူနီဖောင်းဖြင့် ရိုက်ကူးထားသော ဓါတ်ပုံ များမှာ လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံ့လျက်ရှိနေသောကြောင့် ပြည်သူများထိတ်လန့်လျက်ရှိနေပြီး အစိုးရအနေဖြင့် သပိတ်စစ်ကြောင်းများအတွင်း ၀င်ရောက်နေသော အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်ပေးနိုင်ရန်မျှော်လင့်နေ ကြကြောင်း သိရှိရသည်။

မေသံလွင်

Credit to
Today Myanmar

No comments:

Post a Comment