Sunday, March 15, 2015

RCSS/SSA အဖွဲ့မှ အဖွဲ့ဝင်အချို့ သတ္ထုစမ်းသပ် တူးဖော်နေသော ကုမ္ပဏီပိုင် ယာဉ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်း ဒေသအတွင်း စက်ဝိုင်းအင်အား ကုမ္ပဏီမှ ခဲသတ္ထုတူးဖော်ခြင်း လုပ်ငန်း စမ်းသပ်လုပ်ကိုင်လျက်ရှိရာ မတ် ၁၂ ရက် ညပိုင်းတွင် RCSS/SSA အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာခဲ့ပြီး ကုမ္ပဏီလုပ်သား ၇ ဦးအား ဖမ်းဆီးကာ ကုမ္ပဏီပိုင်ရှင်နှင့် တွေ့လိုကြောင်း ပြောကြားခဲ့ရာ လုပ်သားများမှ ကုမ္ပဏီပိုင်ရှင် မိုင်းယောင်းသို့ သွားနေကြောင်း ပြန် လည်ပြောကြားသဖြင့် RCSS/SSA အဖွဲ့က လုပ်ငန်းခွင်အတွင်းရှိ လုပ်ငန်းသုံး ဆီဂါလံပုံးများအား ခြေဖြင့် ကန်ကျောက်ပြီး ၎င်းလုပ်သား ၇ ဦးတို့အား ကြိုးဖြင့် ချည်နှောင်၍ တစ်ယောက် တစ်နေရာစီခွဲကာ ဖမ်းဆီးချုပ်နှောင် ထားခဲ့သည်။




ဖမ်းဆီးခံ လုပ်သားများမှ ကြိုးများဖြေ၍ ထွက်ပြေးကာ မိုင်းယောင်းတပ်နယ် နယ်မြေခံတပ်ရင်းသို့ လာရောက် သတင်းပေးပို့သဖြင့် နယ်မြေခံတပ်မှ အဆိုပါနေရာသို့ လိုက်လံရှင်းလင်းခဲ့ရာ ၎င်းနေရာနှင့် အနီးတစ်ဝိုက်တွင် ကုမ္ပဏီပိုင် လုပ်ဒါယာဉ် ၁ စီး၊ ဘတ်ဟိုးယာဉ် ၁ စီး၊ မြေသယ်ယာဉ် ၁ စီး၊ (၁၀)ဘီးယာဉ် ၁ စီး၊ တိုရိုတာ ဟိုင်းလပ်ယာဉ် ၁ စီးနှင့် လူနေတဲ ၂ လုံးတို့အား မီးရှို့ဖျက်ဆီး ထားခဲ့ကြောင်း တွေ့ရှိရပြီး ဆုတ်ခွာသွားသော RCSS/SSA အဖွဲ့နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံပိတ်ဆို့ ရှင်းလင်းလျက်ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

1 comment:

  1. အဲ့ ဒါပေါ့  သူပုန်ကသူပုန်ပဲ။မှတ်ထား။

    ReplyDelete