Saturday, March 28, 2015

နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar Impluse-2 မတ် ၃၀ ရက်တွင် မန္တလေးမြို့မှ ထွက်ခွာမည်


နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar Impluse-2 သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ မတ်လ ၃၀ ရက် နံနက် ၄ နာရီ တွင် ကမ္ဘာတစ်ပတ် ခရီးစဉ် အဖြစ် ဆက်လက် ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

ထို့သို့ ဆက်လက် ပျံသန်းခြင်း မပြုမီ မတ်လ ၂၉ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကမ္ဘာတစ်ပတ် ခရီးစဉ် ပျံသန်းနိုင်ရေး အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးကြမည် ဖြစ် ကြောင်း သိရသည်။

လေယာဉ် ထွက်ခွာချိန်တွင် သတင်းနှင့် ဓာတ်ပုံ ရယူကြမည့် မီဒီယာများ အနေဖြင့် မတ်လ ၂၉ ရက် နံနက် ၉ နာရီမှ မွန်းလွှဲ ၂ နာရီအတွင်း မန္တလေး အောင်မြေသာစံ မြို့နယ် ပုလဲငွေရောင်ရပ် ၂၀ x ၂၁လမ်း၊ ၈၂ x ၈၃ လမ်းကြား ကိုယ်ပွား သတင်းစာတိုက် (မန္တလေး) ၌ လေဆိပ်ဝင်ခွင့် မီဒီယာ ကတ်များ လာရောက် ထုတ်ယူနိုင်ပြီး မတ် ၃၀ ရက်နေ့ နံနက် ၂ နာရီတွင် မန္တလေး ဘူတာကြီးစုရပ်မှ ကြို/ ပို့ယာဉ် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

Solar Impluse Team အဖွဲ့ဝင်တစ်ဦးက ``Solar လေယာဉ် ကမ္ဘာတစ်ပတ် ခရီးစဉ် ဆက်လက် ပျံသန်း နိုင်ဖို့အတွက် ပျံသန်းရာ လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ မြန်မာနိုင်ငံက ရာသီဥတု အခြေအနေတွေနဲ့ တရုတ်နိုင်ငံရဲ့ ရာသီဥတု အခြေအနေတွေကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ရာသီဥတု ခန့်မှန်းချက်တွေ အပေါ် မူတည်ပြီး မြန်မာနိုင်ငံကနေ ဆက်လက် ပျံသန်းဖို့ ပြင်ဆင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်´´ဟု ပြောသည်။

MOI Webportal Myanmar

No comments:

Post a Comment