အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာရပ်နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံသို့ တက်ရောက်လာ သည့်ဆော်ဒီနိုင်ငံခြားရေး ဝန်ကြီးဆောက် ဘင်ဖယ်ဆော ဘင် အက်ဗဒူလာဇစ် အယ်ဆောက်အား တွေ့ရစဉ်။ ဓာတ်ပုံ-ဝါရှင်တန်ပို့စ်
ယခုရက် သတ္တပတ် အီဂျစ် ပင်လယ်နီ အပန်းဖြေ စခန်း တွင်ပြုလုပ် ခဲ့သော အာရပ်ခေါင်းဆောင်များ အစည်း အဝေး၌် အိုင်အက်စ် တို့ကို ဆန့်ကျင် တိုက်ဖျက် ရန်ဖြစ်စေ၊ အီရန် သြဇာဖြန့် ကျက်မှုကို တားဆီး ရန်ဖြစ်စေဒေသတွင်း မငြိမ်မသက် အန္တရာယ်များ သည့်နေရာများတွင် အင်အားသုံး စွက်ဖက် ရန် ဆော်ဒီ အာရေဗျ၊ အီဂျစ်နှင့် ၎င်းတို့၏ မဟာမိတ် များကြားတွင် ဆုံးဖြတ်ချက်အသစ် တစ်ခု၏ အရိပ်လက္ခဏာများ လွှမ်းမိုးနေသောကြောင့် အာရပ် တပ်ပေါင်းစု တစ်ခု ကိုဖန်တီးထူထောင်နိုင်ရန် ပိုမိုနီးကပ် လာနေသည်ဟု သတင်း တစ်ရပ်တွင်ဖော်ပြ ထားသည်။
ဤကဲ့သို့ တပ်ပေါင်းစု ဖွဲ့ရန်မှာ အသုံးမပြု သလောက်ဖြစ်သည့် ပူးတွဲကာ ကွယ်ရေး သဘော တူညီ ချက်ကို လက်မှတ်ရေး ထိုးပြီးသည်မှာ ၆၅နှစ် တာအတွင်း အာရပ်နိုင်ငံ များရှောင်ဖယ်နေ ခဲ့ကြသည့် ကာလကြာမြင့် ခဲ့ပြီဖြစ်သော ရည်မှန်းချက် ပန်းတိုင် တစ်ရပ် ပင်ဖြစ်သည်။ သို့ရာတွင် အထူး သဖြင့် ဆီးရီးယားကဲ့ သို့သော အီရန်၏ မဟာမိတ်များနှင့် အီရတ်လို နိုင်ငံအချို့ကြားတွင် တွန့်ဆုတ်နေမှု ကဒေသတွင်း သဘောထားကွဲလွဲမှုကို ထင်ဟပ်နေသည်။
စနေနေ့တွင်စတင်ခဲ့သည့် ညီလာခံ၏ အကြိုအဖြစ် ရှမ်အယ်ရှိတ်တွင် စုရုံးလာခဲ့ကြသည့်နိုင်ငံခြားရေး ဝန်ကြီးများက တပ်ပေါင်းစုဖွဲ့ရန် ပိုမို ကျယ်ပြန့်သောစီမံ ကိန်းရေး ဆွဲဖို့ သဘောတူ ခဲ့ကြသည်။
တပ်ပေါင်းစု၏ လက္ခဏာအဖြစ်ဆော်ဒီ အာရေဗျနှင့် ၎င်း၏ မဟာမိတ်များက ယီမင် တွင်နိုင်ငံ၏ အစိတ် အပိုင်း အတော် များများကို သိမ်းပိုက်ထားပြီး၊ အမေရိ ကန်နှင့် ပင်လယ်ကွေ့နောက်ခံပြု သမ္မတကို နိုင်ငံခြားသို့ ထွက်ပြေးအောင် ဖိအားပေးခဲ့သည့် အီရန်နောက်ခံပြု ရှီးအိုက်သူပုန်များ အားလေကြောင်း တိုက်ခိုက် မှုဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
ယီမင်စစ်ဆင်ရေးမှာပင်လယ်ကွေ့နိုင်ငံများနှင့် အီဂျစ်တို့၏ စွက်ဖက်ရေးမူဝါဒသစ်ကို အကြီးစား စမ်းသပ်မှုပြုလုပ် လိုက်ခြင်းပင်ဖြစ်သည်။ ပင်လယ်ကွေ့နိုင်ငံ များက သူပုန်များမှာ အီရန်သြဇာခံ များဖြစ်နေ မည်ကို စိုးရိမ်နေသော ဆူပွက်နေသည့် ယီမင်အရေးအခင်းမှာ အာရပ် တပ်ပေါင်းစုဖွဲ့ရန် တွန်းအား တစ်ခုဖြစ် လာခဲ့သည်။ ထို့အပြင်နှေးကွေး ကြန့်ကြာပြီး ကွဲလွဲမှုများဖြင့် နာမည် ပျက်နေသော အာရပ် အဖွဲ့ချုပ် ကိုစောင့်ဆိုင်း မနေတော့ဘဲ မျက်နှာစာ အစုံ တွင်စစ်ရေး ပူးပေါင်းမှု များဖြင့်ရှေ့သို့ တွန်းရွေ့ရတော့မည်ကို ယီမင်အရေး အခင်းက မီးစိမ်းပြ လိုက်ခြင်း ပင်ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment