Sunday, March 29, 2015

လက်နက်ကိုင်တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် UNFC တောင်းဆို


ငြိမ်းချမ်းရေး ဆွေးနွေးမှု သည် လက်ရှိအချိန်တွင် အချိန် ကုန် လူပန်းဖြစ်ကာ ပြည်သူတစ် ရပ်လုံး နှင့် ကမ္ဘာ့အသိုင်းအ၀ိုင်း၏ မျှော်လင့်ချက် အလှမ်းကွာဝေး နေဦးမည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရပြီး ဖြစ်ပေါ်နေသည့် လက်နက်ကိုင်တိုက်ပွဲများ ချက် ချင်းရပ်တန့်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က လေးနက်စွာ တောင်းဆိုလိုက်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီ(UPWC) နှင့် တစ်နိုင်ငံလုံးအ ပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးစဉ် အကြိမ်တိုင်းတွေ့ဆုံအဖြေရှာ မှု အရှိန်ရလာသည့် ကာလတွင် မမျှော်လင့်သော အခြားပြဿနာ တစ်ခုပေါ်ပေါက်လာပြီး တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းကို တစ်ဆို့စေခြင်း (သို့မဟုတ်) လမ်း ကြောင်းပြောင်းသွားစေခြင်း ဖြစ် စေသည့် အစဉ်အလာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရကြောင်း UNFC က မတ်လ ၂၈ ရက်စွဲဖြင့် သဘောထားထုတ်ပြန်သည်။

လက်ရှိတွင်လည်း UPWC နှင့် NCCT တို့ တရားဝင် ပြန်လည် တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက် အမြန်ဆုံးရရှိရန် ကြိုးပမ်းနေပြီး ရှမ်း(မြောက်)နှင့် ကချင်ဒေသ ၌ ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချနိုင်ရန် ညှိနှိုင်းနေစဉ် ဝေ ဟင်စစ်ရေးအရှိန်တိုးမြှင့်ခြင်းများ ထပ်မံဖြစ်ပေါ်နေကြောင်း UNFC က ဆိုသည်။
ယင်းအတွက်ကြောင့် UNFC အနေဖြင့် လက်ရှိတွေ့ဆုံ ဆွေးနွေးမှုသည် အချည်းနှီးဖြစ်ပြီး အချိန်ကုန် လူပန်းဖြစ်၍ မြန်မာ ပြည်သူများနှင့် ကမ္ဘာ့အသိုင်းအ ၀ိုင်း၏ ငြိမ်းချမ်းရေး မျှော်လင့် ချက်မှာ အလှမ်းကွာဝေးနေဦး မည်ကို အထူးစိတ်မကောင်းစွာ မြင်တွေ့နေရကြောင်း ထုတ်ပြန် ချက်တွင်ပါရှိသည်။
ထို့ကြောင့် အစိုးရ၊ လွှတ် တော်နှင့် တပ်မတော်တို့က စိတ် ရှည်သည်းခံကာ စားပွဲဝိုင်း၌တွေ့ ဆုံဆွေးနွေးမှုကို အလေးအနက် ထားဖော်ဆောင်ရန်နှင့် နေရာအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲများ ချက်ချင်း ရပ်တန့်ရန် လေးနက်စွာ တောင်းဆိုပါကြောင်း UNFC က ထုတ်ပြန်သည်။
UPWC နှင့် NCCT တို့ တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သတ္တမအကြိမ် ဆွေးနွေးပွဲကို မတ်လ ၁၇ ရက်မှစ၍ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။ ခြောက်ရက် ကြာ ပြုလုပ်ပြီးနောက် ဆွေးနွေး ပွဲခေတ္တရပ်နားထားပြီး မတ်လ ၃၀ ရက်၌ ပြန်လည်ပြုလုပ်မည် ဖြစ်သည်။ ဆွေးနွေးပွဲ ပြုလုပ် နေစဉ် ကာလအတွင်း ကချင်နှင့် ရှမ်းမြောက်ဒေသများ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(မူကြမ်း)တွင် နှစ်ဖက်ညှိနှိုင်းရန် အချက်လေးချက် ကျန်ရှိနေသည်။
NCCT မှ ဗိုလ်မှူးကြီးခွန် ဥက္ကာက ယခုဆွေးနွေးပွဲအတွင်း တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကို အချောသပ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ပြီး NCA လက် မှတ်ရေးထိုးနိုင်ပါက ဖြစ်ပွားနေ သော လက်နက်ကိုင်ပဋိပက္ခများ လျော့ကျသွားရုံမက ရပ်တန့်စေ နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
အဖွဲ့ဝင် ၁၃ ဖွဲ့ ပါဝင်သော UNFC ကို ၂၀၁၁ က ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ဥက္ကဋ္ဌမှာ ကေအိုင်အို ဖြစ်သည်။
NCCT မှာမူ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အစိုးရနှင့် ညှိ နှိုင်းဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ဖွဲ့ စည်း တာဝန်ပေးထားသည့် အလုပ်အဖွဲ့ဖြစ်သည်။
‘‘အခု UPWC နဲ့ NCCT သွားနေတဲ့ ဖြစ်စဉ်မှာ ယုံကြည်မှု ထိခိုက်စေတယ်။ ထိခိုက်တာ ထက်ကို ပျက်ပြားသွားမှာကို စိုး ရိမ်မိတယ်’’ ဟု UNFC အထွေ ထွေအတွင်းရေးမှူး ခူးဦးရယ်က ကြေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။
7Day

1 comment:

  1. ကိုမေကိုလိုးတွေသူတို့ ကစတိုက်ပြီးတော့  လီးကြောင့် ချက်ချင်းရပ်ရမှာလား။

    ReplyDelete