Sunday, April 26, 2015

ရခိုင်လူမျိုးတွေလက်မခံတဲ့ AA သောင်းကျန်းသူ

“အရင်က ရခိုင်ပြည်မှာ ဘာသူပုန်မှမရှိဘူး အားလုံးအေးချမ်းနေတာ၊ အခု AA ဆိုတဲ့အဖွဲ့ပေါ်လာမှ ရခိုင် တွေလဲ ဒုက္ခရောက်ကုန်ပြီ၊ သူတို့ကဘင်္ဂလီနဲ့ပေါင်းနေတာကိုး၊ ကျုပ်တို့ရခိုင်တွေကတော့ ဒီကောင်တွေကို တွေ့ရင် တွေ့တဲ့နေရာ ကနေ အစိုးရတပ်ကို သတင်းပေးနေအုံးမှာပဲ”


ကချင်ပြည်နယ်ရှိ KIA အဖွဲ့၏ လက်အောက်ခံတပ်ဖွဲ့ပုံစံမျိုးဖြင့် လှုပ်ရှားနေသော AA သောင်းကျန်းသူ တပ်ဖွဲ့နှင့် ပတ်သက်၍ ရခိုင်အမျိုးသား ဦးထွန်းဖြူက ဒေါသသံများဖြင့် ပြောဆိုလိုက်သည်။

"ယခုရက်ပိုင်းအတွင်း အစိုးရတပ်မတော်နှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာခဲ့သော AA သောင်းကျန်း သူ များအား ရခိုင်ပြည်သူအများစုကလက်မခံဘဲAAအဖွဲ့သည် ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူကို ကိုယ်စားမပြုသည့် သောင်းကျန်းသူ အဖွဲ့သာဖြစ်ကြောင်း ဒေသခံများကတစ်ထစ်ချပြောဆို လာကြသည်။

လက်နက်ကိုင်တွေထဲမှာ ကိုယ့်နယ်မြေထဲကိုယ်မနေရဲတဲ့ အဖွဲ့ဆိုလို့ AA ပဲရှိတယ်၊ ဒါနဲ့များ ရခိုင် တပ်မတော်ဆိုပြီး အမည် ခံချင်သေးတယ်၊ ရခိုင်တပ်မတော်ဆိုရအောင်ရခိုင်ပြည်နယ် အကျိုးကို ဘယ်တုန်း ကများ လုပ်ပေးခဲ့ဖူးလို့လဲ၊ ကုလားနဲ့ ဖြစ်တဲ့ကိစ္စတွေ၊ ရခိုင်အမျိုးသမီးငယ်တွေ မုဒိမ်းကျင့်ခေါင်းဖြတ် သတ်ခံရတဲ့ကိစ္စတွေတုန်းက ဒီကောင်တွေဘယ်ရောက် နေလဲ၊ သူတို့ဘာသာသူတို့ ကချင်ပြည်မှာထမင်းစားကျွန်ခံဘ၀နဲ့ KIA ခိုင်းတာလုပ်နေပြီးတော့ ရခိုင်ပြည်မှာပြဿနာ လာလာရှာနေကြတာ၊ အရင်ကရခိုင်မှာဘာသူပုန်မှမရှိဘူး၊ အခုသူတို့ ရောက်လာမှရခိုင်ပြည်လဲ မအေးချမ်းတော့ဘူး၊ ကုလားကတစ်မျိုးသူတို့ကတစ်မျိုးနဲ့စိတ်ညစ်စရာပဲ" ဟု ပလက်ဝမြို့နယ်တွင်နေထိုင် သော ဦးထွန်းဖြူက ပြောသည်။ 

ဧပြီလ ၁၉ ရက်နေ့က ပလက်ဝမြို့နယ်၊ ညောင်ပင်လှရွာအနီးတွင် AA သောင်းကျန်းသူများနှင့် မြန်မာ့ တပ်မတော်တို့ အကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး AA အဖွဲ့မှ ကွဲကွာပုန်းအောင်နေခဲ့သော သောင်းကျန်သူ ၅ ဦး၏နေရာအား ဒေသခံများ ကသိရှိပြီး အစိုးရစစ်ကြောင်းများကိုသတင်းပေးခဲ့သဖြင့် အဆိုပါသောင်းကျန်းသူများ အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။

"အရင်ကတည်းက သူတို့က ဓားပြအဖွဲ့တွေ၊ ရွာတွေပတ်ပြီးဓားပြတိုက်နေတာ၊ အခုနောက်ပိုင်းကျမှ KIA ထောက်ပံ့လို့ လူတစ်လုံးသူတစ်လုံးဖြစ်လာတာ၊ ဓားပြကြီးတော့သူပုန်ပေါ့ဗျာ၊ ပိုဆိုးတာက RSO နဲ့ပေါင်းတာပဲ။ အရင်က သူတို့ လက်နက်အရောင်းအ၀ယ်တွေလုပ်ကြရင်းနဲ့အခုဆို နှစ်ဖွဲ့တစ်ဖွဲ့ပေါင်းတဲ့ ပုံစံမျိုးထိဖြစ်လာတာ၊ ဒါကြောင့် ကုလားအရေး ဆိုရင် AA ဆိုတဲ့ကောင်အမြှီးတောင်ရှာမတွေ့တာ၊ ကုလားလဲ AA၊ AA လဲ ကုလားပဲ။ ဒါနဲ့များကြီးကြီးကျယ်ကျယ်နဲ့ ရခိုင် တပ်မတော်ဆိုပြီးလုပ်နေတယ်။ ကျုပ်တို့ ကတော့ရှင်းရှင်းပဲ အဲဒီ AA က ဘယ်ရခိုင်ကိုမှကိုယ်စားမပြုဘူး၊ ပြုတယ်လို့ ပြောတဲ့ လူတွေကလည်း ရခိုင်လူမျိုးကိုသစ္စာဖောက်တဲ့ ကုလားအားပေးတွေပဲနေလိမ့်မယ်" ဟု စစ်တွေ့မြို့တွင် နေထိုင် သူ တစ်ဦးကပြောသည်။

ယခင်က အင်အား၂၀ ကျော်သာရှိသော ဓားပြအဖွဲ့ AA အနေဖြင့် ယခုအခါတွင် အင်အားအတန်အသင့် ရှိလာခြင်းမှာ RSO အဖွဲ့နှင့်ပူးပေါင်းလိုက်ခြင်းကြောင့်ဟု ဒေသခံများက တစ်ထစ်ချပြောဆိုနေကြပြီး RSO ( ဘင်္ဂလီသောင်းကျန်း သူတပ်) နှင့် AA အဖွဲ့တို့ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ နယ်မြေခံ တပ်မတော် စစ်ကြောင်းများအား လိုက်လံတိုက်ခိုက်နေ သည်ဟုလည်း သတင်းများထွက်ပေါ် လျက်ရှိသည်။ 

ယခုအခါတွင် RSO အဖွဲ့နှင့် AA အဖွဲ့တို့၏ စစ်မီးမွှေးမှုများကြောင့် နယ်မြေခံလူထုများအနေဖြင့် နေအိမ် စွန့်ခွာ ထွက်ပြေး ကာ စစ်ဘေးစစ်ဒဏ်သင့်လျက်ရှိနေကြသည်။

၎င်းတို့၏လုပ်ရပ်များကို သည်းမခံနိုင်တော့သော ရခိုင်ဒေသခံ များက AA တပ်ဖွဲ့များ၏လူပ်ရှားမှု သတင်းများအား တပ်မတော်စစ်ကြောင်းများသို့ အဆက်မပြတ်သတင်း ပေးပို့လျက် ရှိရာ ဧပြီလ ၁၉ ရက်နေ့မှ ယနေ့ထိ AA သောင်းကျန်းသူး ၁၀ ဦးဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ လက်နက်များ၊ ခဲယမ်း များအပါ အ၀င် လျှပ်စစ်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးပေါင်းမြောက်များစွာတို့ကိုပါ သိမ်ဆည်းရရှိခဲ့ကြောင်း အစိုးရကသတင်း ထုတ်ပြန်ခဲ့သည်။

မင်းသစ်အောင်
နေ့စဉ်သတင်း  

No comments:

Post a Comment