Sunday, April 26, 2015

AA သောင်းကျန်း သူများထံမှ ခဲယမ်းများနှင့် ဆေးဝါးများ သိမ်းဆည်းရမိ

ကျောက်တော်မြို့၏ မြောက်ဘက် ဇင်ချောင်းရွာအနီး တောစပ်၌ မသင်္ကာဖွယ်ရာ လူ ၄ ဦး ရောက်ရှိ နေကြောင်း ဒေသ ခံ ပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းက ဧပြီ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် သွားရောက် ရှင်းလင်းရာ AA သောင်းကျန်းသူများ မြောက်ဘက် တောတွင်းသို့ ထွက်ပြေး သွားခဲ့သည်။


 
တပ်မတော် စစ်ကြောင်းက အဆိုပါ အနီးတစ်ဝိုက်အား ဆက်လက်ရှင်းလင်းရာ သစ်ကိုင်းများဖြင့် ဖုံးဝှက် ထားသည့် ပလပ်စတစ် လက်ပစ်ဗုံး ၁၀ လုံး၊ သံကျွတ်ကိုယ်ထည် လက်ပစ်ဗုံး ၁၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ပလပ်စတစ်ဗူး အတွင်း ထည့်ထားသည့် အသုံးပြုရန် အသင့်မိုင်း ၃၆ လုံး၊ TNT ၄၀၀ ဂရမ် ယမ်း တောင့် ၁၃၅ တောင့်၊ ဓာတ်ခဲ အသေး ၆၀၀ လုံးနှင့် အမ်(၂၂)ကျည် ၂၇၈ တောင့်တို့အား သိမ်းဆည်း ရမိခဲ့သည်။

အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ပင်လုံကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် မြေကြီးအတွင်း မြှုပ်နှံထားသည့် AA သောင်း ကျန်းသူများ အသုံး ပြုသော အီကွေးမန့် ၁၇ စုံ၊ ဘေးလွယ်အိတ် ၁၀ လုံး၊ ပြောက်ကျား ကျောပိုးအိတ် ၁၀ လုံး၊ ဓာတ်ခဲအသေး ၂ လုံး ထည့် ဓာတ်မီး ၅၀ လက်၊ တီရှပ်မျိုးစုံ ၁၄ ထည်၊ ဒီဇယ် ၄ ဂါလံပုံး ၁ ပုံး၊ ဆေးဝါးမျိုးစုံ ၆၄ ကဒ်၊ ဆေးထိုးအပ် ၄၇ ချောင်း၊ ထိုးဆေး ၆၀ လုံး၊ ဂွမ်း/ပတ်တီး ၁ လိပ်၊ ဓာတ်ဆားထုပ် ၃၀၀ ထုပ်နှင့် ဆေးရည်ပုလင်း ၃၀ လုံးတို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း AA သောင်းကျန်းသူများ စိမ့်ဝင်လှုပ်ရှားမှု မရှိစေရေး တပ်မတော် စစ်ကြောင်းများ က ဒေသ ခံ ပြည်သူများနှင့် ပူးပေါင်း၍ ၎င်းတို့ခိုအောင်းနိုင်သော နယ်မြေများအား အသေးစိတ် နယ်မြေ ရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment