Thursday, April 30, 2015

ဖြူးမြို့နယ်တွင် သံဃာတော်များအပါအ၀င် လူနှစ်ရာကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

ဖြူးမြို့နယ်၊ ကညွတ် ကွင်းမြို့၊ ရွာကန့်လန့်ကျေးရွာ တွင် နာရေးဆွမ်းသွတ်အလှူမှ ကျွေးသော ထမင်းနှင့် ဟင်းများ စားသုံးရာမှ သံဃာတော်များ အပါအ၀င် လူနှစ်ရာကျော် အစာအ ဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၂၉ ရက် နံနက်က ကညွတ်ကွင်းမြို့အနောက်ရှိ ရွာ ကန့်လန့်ကျေးရွာတွင် နာရေး ဆွမ်းသွတ်အတွက် ၀က်သား ဟင်း၊ အချဉ်သုပ်၊ ပဲဟင်းတို့ဖြင့် ကျွေးမွေးရာ သံဃာတော်များ အပါအ၀င် နာရေးဆွမ်းသွတ်သို့ လာရောက်သော လူနှစ်ရာကျော် အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။

အစာအဆိပ်သင့်မှု ခံစားရ သူများအား ညောင်ပင်သာတိုက် နယ်ဆေးရုံ၊ ကညွတ်ကွင်းဆေးရုံ တို့သို့ ပို့ဆောင်ထားပြီး အရေးကြီးလူနာများကို ဖြူးမြို့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း ကညွတ် ကွင်းနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမြင့်လွင်ကပြောသည်။
‘‘နာရေးဆွမ်းသွတ်တစ်ခုမှာ ဖြစ်တာပါ။ ၀က်သားရယ်၊ အချဉ် သုပ်ရယ်၊ ပဲဟင်းရယ်ကျွေးတယ် ပြောတယ်။ အစာအဆိပ်သင့်တဲ့ သူတွေက နှစ်ရာကျော်ရှိမယ်။ တော်တော်များတယ်။ စာရင်းအတိအကျတော့ မကောက်ရသေးဘူးပေါ့။ အရေးကြီးလူနာတွေတော့ ဖြူးဆေးရုံကို ပို့ပေးရ တယ်’’ဟု ဦးမြင့်လွင်က ပြော သည်။
အဆိုပါ အစာအဆိပ်သင့်မှု တွင် ဧပြီ ၂၉ ရက် ညနေကထိ လူသေပျောက်မှုမရှိသေးကြောင်း ၎င်းကပြောသည်။
‘‘အစာအဆိပ်သင့်တဲ့ သူ တွေက တော်တော်များလို့ ဆေးရုံ သုံးရုံကို ခွဲပို့ရတယ်။ အထက်လန် အောက်လျှောဖြစ်တာတွေ၊ အန် တာတွေ၊ ၀မ်းလျှောတာတွေ ဖြစ် ကြတာများတယ်။ လူတွေပြောနေတာတော့ ပဲဟင်းက ဖြစ်တယ်လို့ ပြောနေကြတာပဲ’’ဟု ကညွတ် ကွင်းနာရေးကူညီမှုအသင်းမှ ဦး ကျော်လွင်ဦးက ပြောသည်။
‘‘အဲဒီလိုဖြစ်တာက ရေတို့၊ အသီးအရွက်တို့ မသန့်ရှင်းတာ တွေပေါ့။ ရေဆိုလည်း မသန့်ရှင်း ဘူး။ အသီးအရွက်တွေဆိုလည်း နေလောင်ထားတာတို့၊ ရေခဲ သေတ္တာထဲမှာထားပြီး လှောင်နေ တာမျိုးတွေ ဖြစ်တယ်။ အခုလို ရာသီမျိုးမှာ ဘာလို့ဖြစ်လဲဆိုရင် နေပူချိန်ပြင်းတာနဲ့လည်း ဆိုင် တယ်။ မိုးရွာလိုက်၊ နေပူလိုက်ဆို တော့ ပိုဖြစ်တာပေါ့။ အစားအစာ တွေက မှိုတက်လွယ်တယ်လေ။ အဲဒါကြောင့် အဖြစ်များနေတာ ပါ’’ဟု ဒေါက်တာမြင့်ဦးက ပြော သည်။
အထွေထွေရောဂါကုဆရာ ၀န် ဒေါက်တာ မြင့်ဦးက လက်ရှိ အချိန်မှာ ရာသီဥတုပူပြင်းသော ကြောင့် အစားအသောက်များ အချဉ်ပေါက်ပြီး ရောဂါပိုးမွှားများ ပိုမိုပေါက်ဖွားသဖြင့် အစားအ သောက်ချက်ပြုတ်ရာတွင် အထူးဂရုစိုက်သင့်ကြောင်း အကြံပြုပြောကြားသည်။
ကန့်ဘလူမြို့တွင် ဧပြီ ၂၂ ရက်က ပြုလုပ်ခဲ့သော ပဋ္ဌာန်းအောင်ပွဲ၌ စတုဒိသာထမင်းစားသုံးခဲ့သူ နှစ်ရာကျော်လည်း အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သေးသည်။
7Day Daily

No comments:

Post a Comment