Thursday, April 30, 2015

အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များရရှိရန် အလုပ်သမားနေ့တွင် ဆန္ဒပြမည်

မေလ ၁ ရက်(အလုပ် သမားနေ့)တွင် လှိုင်သာယာစက် မှုဇုန်များရှိ အလုပ်သမား ၅၀၀ ကျော်တို့သည် အလုပ်သမားအခွင့် အရေး ရပိုင်ခွင့်များရရှိရန် ဗဟန်း မြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းမှ တာ မွေမြို့နယ်ရှိ လူထုဟစ်တိုင်သို့ ချီတက်ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက်တွင် ဆန္ဒပြရန် စီစဉ်နေကြသော လှိုင်သာယာ စက်မှုဇုန်များရှိ အလုပ်သမား ၂,၀၀၀ ကျော်က မရမ်းကုန်းမြို့နယ် စစ်ကြောင်း၊ အင်းစိန်မြို့နယ် စစ်ကြောင်းနှင့် ကမာရွတ်မြို့နယ် စစ်ကြောင်းဟူ၍ အလုပ်သမားစစ်ကြောင်း သုံးကြောင်းဖြင့် ကမာရွတ် လှည်းတန်းလမ်းဆုံအထိ ချီတက်ဆန္ဒပြရန် အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း အင်အား ၅၀၀ ခန့်ဖြင့် ဗိုလ်စိန်မှန်ကွင်းမှ လူထုဟစ်တိုင်ထိသာ ခွင့်ပြုချက် ရရှိခဲ့ကြောင်း အလုပ်သမား ဆန္ဒပြတောင်းဆိုမှုကို ဦးဆောင်မည့် ရှေ့နေဦးဌေးက ပြောသည်။

‘‘တောင်းဆိုတာက မရမ်း ကုန်းရယ်၊ အင်းစိန်ရယ်၊ ကမာ ရွတ်ရယ်ပါ။ ချပေးတာက တာမွေနဲ့ ဗဟန်းဆိုတော့ ကျွန်တော်တို့ တောင်းဆိုတဲ့ မြို့နယ်အာဏာပိုင် တွေက တခြားမြို့နယ်ကို ချပေး တာ ထူးဆန်းနေတယ်။ အလုပ် သမားတွေက အင်အား ၂,၀၀၀ ကျော်နဲ့ သမိုင်းလမ်းဆုံကနေ လှည်းတန်းလမ်းဆုံအထိ လမ်းလျှောက် ချင်ပါတယ်။ ဒါပေမဲ့ ခွင့်မပြုတော့ခွင့်ပြုတဲ့အတိုင်း လုပ်ရမှာပေါ့’’ဟု ရှေ့နေဦးဌေးက ပြောကြားသည်။
လှိုင်သာယာစက်မှုဇုန်များ တွင် လုပ်ကိုင်နေသော အလုပ်သမားများသည် ပြီးခဲ့သည့် နှစ်မေလ ၁ ရက်ကလည်း တစ်နေ့လုပ်ခ ၇,၀၀၀ ကျပ်သတ်မှတ်ပေးရန် ဆူးလေစေတီအနီးတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
အနည်းဆုံး လုပ်ခလစာကို အစိုးရ၀န်ထမ်းများ၏ အနိမ့်ဆုံး လစာထက်မနည်း သတ်မှတ်ပေး ရန် စက်မှုဇုန်များရှိ အလုပ်သမား အများစုက ယခုရက်ပိုင်းတွင် တောင်းဆိုထားကြသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး အထောက်အကူပြုစေရန် အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ဆောင်သော လုပ်ငန်းကော်မတီ အဖွဲ့နှင့် နိုင်ငံတစ်ဝန်းမှ အလုပ် သမား ကိုယ်စားလှယ်အဖွဲ့များ သည် ဧပြီ ၂၆ ရက်က ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ် အလုပ်သမားသင်တန်းကျောင်း၌ တွေ့ဆုံဆွေးနွေးစဉ် အလုပ်သမားအများစုက တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
တစ်ရက်လျှင် လုပ်ခလစာ ကျပ် ၃,၀၀၀ နှင့် အထက်ပေးရန် အထည်ချုပ်လုပ်ငန်းနှင့် ဖိနပ်လုပ် ငန်းရှင်များက ငြင်းဆန်ထားသော် လည်း အခြားလုပ်ငန်းအများစုက မူ ၃,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ်အထိပေးရန် သဘောတူ လက်ခံ ထားကြသည်။
အလားတူအဆိုပါနေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကလည်း ၎င်းတို့၏ အခွင့်အရေးများရရှိရန် ဘန် ကောက်မြို့သို့ ချီတက်ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ စမွတ်ဆာခွန် ခရိုင်မှ အလုပ်သမားများ ဘန် ကောက်အထိ ချီတက်ဆန္ဒပြမည် ဖြစ်ပြီး ထိုင်းရောက်မြန်မာအလုပ် သမားများ ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်ဟု ထိုင်းအခြေ စိုက်ရွှေ့ပြောင်းအလုပ်သမားများ ကွန်ရက်(MWRN) မှ ကိုနောင်နောင်က ပြောသည်။
‘‘MoU အလုပ်သမားများအ တွက် အထူးတောင်းဆိုသွားမှာ ဖြစ်တယ်။ တောင်းဆိုကြမယ့် အရာက MoU သည် တရားဝင် လူကုန်ကူးခြင်းမဖြစ်စေရေး၊ စာ ချုပ်နဲ့ အညီ တာဝန်ယူဆောင်ရွက် ရေးတို့ပါ။ ထိုင်းအာဏာပိုင်ရဲ အရာရှိတို့ အလုပ်သမားကာ ကွယ်စောင့်ရှောက်ရေးရုံးအရာရှိ တွေ အဲဒီပွဲကို တက်ရောက်ဖို့ ရှိပါ တယ်။ မေးခွန်းတွေလည်း အပြန် အလှန်မေးလို့ ရပါမယ်’’ ဟု ကို နောင်နောင်က ပြောသည်။
7Day Daily

No comments:

Post a Comment