Thursday, April 30, 2015

ပန်ဆန်းဆွေးနွေးပွဲ သုံးရက်တိုး ပြုလုပ်မည်

‘ဝ’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) ဌာနချုပ် ပန် ဆန်း(ပန်းခမ်း)၌ မေလ ၁ ရက် တွင် စတင်ပြုလုပ်မည့် အစည်း အဝေးကို ယခင်သတ်မှတ်ထား သည့် သုံးရက်အစား ခြောက်ရက် ကြာပြုလုပ်ရန် စီစဉ်လိုက် ကြောင်း UWSP/UWSA ပြင်ပ ဆက်ဆံရေးဌာန တာဝန်ရှိသူက ပြောသည်။
UWSP/UWSA က အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အစည်း အဝေးတွင် လက်ရှိမြန်မာ့ငြိမ်း ချမ်းရေးအခြေအနေ၊ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုင်ရာကိစ္စတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အစည်းအဝေးက တင်ပြ တာတွေပြီးရင် ဆွေးနွေးတာတွေ၊ ဖလှယ်တာတွေ လုပ်ရဦးမယ် လေ။ အဲဒါကြောင့် ခြောက်ရက်လို့ ပြောင်းလဲသတ်မှတ်လိုက်တာပါ’’ ဟု UWSP/UWSA ပြင်ပဆက်ဆံ ရေးဌာနတာဝန်ရှိသူက ပြော သည်။
ဧပြီ ၂၉ ရက်တွင် ပန်ဆန်း သို့ မွန်ပြည်သစ်ပါတီ (NMSP)ဒုဥက္ကဋ္ဌနှင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ နှင့်အဖွဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက၊ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့်အဖွဲ့တို့ ရောက်ရှိနေကြပြီဖြစ်သည်။

အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ဧပြီ ၃၀ ရက်တွင် ရောက်ရှိလာကြမည်ဖြစ်သည်။
ပန်ဆန်းအစည်းအဝေးသို့ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော်(KIO/KIA)၊ ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP/SSA)၊ မွန်ပြည် သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့(PNL O)၊ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ(KNPP)၊ အမျိုးသားဒီမို ကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်-မိုင်းလား တပ်ဖွဲ့ (NDAA)တို့တက်ရောက်မည် ဖြစ် ပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမ ဟာမိတ်တပ်မတော် (MNDAA)၊ တအာင်န်း အမျိုးသား လွတ် မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA)တို့လည်း ပါဝင်မည်ဖြစ်သည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ ခေါင်းဆောင် များတွေ့ဆုံဆွေးနွေးမည့် အစည်း အဝေးကို ‘ဝ’ ပြည် သွေးစည်းညီ ညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) က ပထမဆုံး အကြိမ် လက်ခံကျင်းပခြင်းဖြစ် သည်။
7Day Daily

No comments:

Post a Comment