Sunday, April 5, 2015

ပါတီအောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းပြီးနောက် လာမည့် ရွေးကောက်ပွဲအား သပိတ်မှောက်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားလာ



 ဒေါ်အောင်ဆန်းစု ကြည်သမ္မတဖြစ်ရန် တားမြစ်ခြင်း ခံထားရသော စစ်တပ်က ရေးဆွဲ ထားသည့် ဖွဲ့စည်းပုံအခြေခံဥပ ဒေ မပြင်ဆင်နိုင်ပါက ရွေး ကောက်ပွဲကို သပိတ်မှောက်ခြင်း မှာ ရွေးချယ်စရာနည်းလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ကပြောကြား လိုက်သည်။

ရိုက်တာသတင်းဌာနနှင့် ဧပြီ ၃ ရက်က သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြုပြင်ပြောင်းလဲ မထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်ဖွယ်ရှိပါသလား ဟု မေးခွန်းကို ဒေါ်အောင်ဆန်းစု ကြည်က အထက်ပါအတိုင်းဖြေ ကြားခဲ့ခြင်းဖြစ်သည်။

‘‘ရွေးကောက်ပွဲ သပိတ် မှောက်တာဟာ အကောင်းဆုံး ရွေးချယ်မှုလို့ ကျွန်မမထင်ပါဘူး။ ဒါပေမဲ့ ဒီတစ်ခုတည်းပဲ ကျွန်မတို့ သုံးမှာ မဟုတ်ပါဘူး။ တခြား ရွေးချယ်စရာလမ်းတွေလည်းရှိပါ သေးတယ်။ ဒါပေမဲ့ တကယ့်စမ်း သပ်မှုကတော့ ကျွန်မတို့ဟာ ဒီမို ကရေစီလမ်းကြောင်းပေါ်မှာ ရှိနေတာလား၊ ရှိမနေဘူးလားဆိုတာ ပါပဲ’’ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ သတင်းထောက်များမေးမြန်း သည်အခါတိုင်းနှင့် ၎င်းပါတီ၏ သတင်းစာရှင်းလင်းပွဲများတွင် ရွေးကောက်ပွဲဝင်၊ မ၀င်ကို အတိအကျအဖြေပေးရန် စောသေး ကြောင်း၊ လက်ရှိပါတီ၏ စည်း ရုံးရေးလုပ်ငန်းစဉ်များမှာလည်း ရွေးကောက်ပွဲကို အဓိက ထား ၍ လုပ်ကိုင်နေခြင်းမဟုတ်ကြောင်း မကြာခဏ  ပြောကြားလေ့ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဧပြီ ၃ ရက် ရိုက်တာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးသိန်း စိန်ဦးဆောင်သည့် မြန်မာအစိုးရ အပေါ်ဝေဖန်ခဲ့သော်လည်း မြန်မာ့တပ်မတော်နှင့် ပတ်သက်၍မူ တပ်မတော်နှင့် ဆက်ဆံရေး ကောင်းမွန်ရန်မှာ အလွန်လိုအပ် နေသည့်လိုအပ်ချက်တစ်ခုဖြစ်ပြီး တပ်မတော်နှင့် ပြည်သူများစိတ် ၀မ်းကွဲနေသည့် နိုင်ငံတစ်ခုကို မလိုချင်ကြောင်း ပြောကြားသည်။

တပ်မတော်အပေါ် ဒေါ် အောင်ဆန်းစုကြည်၏ သဘော ထားပျော့ပျောင်းလွန်းကြောင်း နှင့် ၎င်းအပေါ် မြန်မာစစ်ဗိုလ်ချုပ် များက ပရိယာယ်ဆင်၍ အနိုင်ယူ နေကြောင်း ဝေဖန်ချက်များကို လည်း အဆိုပါအင်တာဗျူးတွင် ငြင်းချက်ထုတ်ခဲ့သည်။

‘‘ဒေါ်စုက ရွေးကောက်ပွဲကို သပိတ်မှောက်မယ့် ဆန္ဒရှိပုံမပေါ် ပေမယ့် အခုအချိန်ဟာ ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေးမူကြမ်းလည်း လွှတ်တော်ကို တင်တော့မယ်။ ဒီ အချိန်ထိ ပုဒ်မ ၄၃၆တို့၊ ၅၉ (စ) တို့က မပြင်နိုင်သေးတော့ ဒီအခြေခံဥပဒေအရသာ ၀င်ပြိုင်ရင် တရားမျှတမှုရှိမှာ မဟုတ်ဘူးဆိုတာကို ဒီအချိန်မှာ သပိတ်မှောက်မယ်လို့ ထုတ်ပြောလာတဲ့ နိုင်ငံရေးဖိ အားတစ်ရပ်အနေနဲ့ သူ့ရပ်တည် မှုကို ဖော်ထုတ်ပြော တာပဲဖြစ် တယ်။ အခုထိ အီးယူနဲ့ အမေရိ ကန်က ၂၀၁၅ ရွေးကောက်ပွဲ အရေးကြီးတယ်လို့သာ ပြောတာ။၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ပြောတာ မရှိတော့ဘူး။ ဒါကိုလည်း ဒေါ်စု က သတိပေးလိုပုံရပါတယ်’’ဟု  နိုင်ငံရေးနှင့် စစ်ရေးဆောင်းပါး ရှင် ဦးသန်းစိုးနိုင်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့မည်ဆိုပါက ကချင်၊ ကိုးကန့် အပါအ၀င် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲ များ ပိုမိုပြင်းထန်လာနိုင်ပြီး တရုတ်ဆန့်ကျင်ရေးအဓိကရုဏ်း များလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ကာ တိုင်းပြည် မငြိမ်သက်မှုကို အကြောင်းပြ၍ ရွေးကောက်ပွဲကို ရွှေ့ဆိုင်း ကြောင်း အစိုးရက ကြေညာနိုင် သည်ဟု ဆွီဒင်သတင်းစာဆရာ ဘားတေးလ်လင့်တနာက ပြော သည်။

‘‘ဒီအင်တာဗျူးကို ကြည့်ရ သလောက်တော့ သူ(ဒေါ်အောင်ဆန်းစုကြည်) စိတ်ထဲရှိတာကို ဘွင်းဘွင်း ပြောသွားတာပဲ။ အဲဒါ ကောင်းတယ်။ တစ်ခုပဲ။ သူရွေး ကောက်ပွဲကို သပိတ်မှောက်မယ် ဆိုတာမျိုး ပြောချိန်မှာ ကျွန်တော် တို့ကိုယ်တိုင်လည်း ဒီရွေးကောက် ပွဲလုပ်ဖြစ်မလားလို့ အများကြီး မေးရမယ်။ ကျွန်တော်ကတော့ အစိုးရနဲ့ စစ်တပ်က ရွေးကောက် ပွဲကို ရွှေ့ဆိုင်းချင်နေတယ်လို့ မြင်တယ်။ တိုက်ပွဲတွေ ပိုပြင်းထန် လာမယ်။ ပြီးရင် အစိုးရက တိုင်း ပြည်အနှံ့မငြိမ်မသက်ဖြစ်လို့ ရွေး ကောက်ပွဲကို မကျင်းပနိုင်ဘူးလို့ ကြေညာလာနိုင်တယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) အရ ဒေါ်အောင်ဆန်းစုကြည်မှာ လာ မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်ရန် ခက်ခဲနေပြီး ဖွဲ့ စည်းပုံပြင်ရေးအပါအ၀င် နိုင်ငံ ရေးတွေ့ဆုံ ဆွေးနွေးမှုအဖြစ် ၎င်း တောင်းဆိုထားသည့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ တို့နှင့် လေးပွင့် ဆိုင်တွေ့ဆုံရေးမှာလည်း တစ် နှစ်ကျော်လာသည့်တိုင် ဖြစ် မြောက်ခြင်းမရှိသေးပေ။

7Day Daily

No comments:

Post a Comment