Wednesday, April 22, 2015

ရန်ကုန်တိုင်းအတွင်းရှိ ပညာရေးဦးစီးဌာန သုံးခုကို တခုတည်းအဖြစ် ပြောင်းပြီ

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ ပညာရေး ဦးစီးဌာန သုံးခုကို အခြေခံပညာရေးဦးစီးဌာန တစ်ခုတည်းအဖြစ် ဧပြီ ၁ ရက်က ပြောင်းလဲ ကျင့်သုံးလိုက်ပြီဟု အမှတ်(၃) အခြေခံ ပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
Education
ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ပညာရေးဦးစီးဌာန မြန်မာနိုင်ငံ စာစစ်ဌာနရုံးကို ဧပြီလ ၁၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - သိင်္ဂီထွန်း၊ မဇ္ဈိမ)

"ဦးစီးဌာနတစ်ခုတည်း ထားလိုက်တယ်။ အဲတော့ စုစုစည်းစည်း ဖြစ်သွားတာပေါ့။ ဒါပေမယ့် ပြည်ထောင်စု အစိုးရက အော်ဒါမထွက်သေးဘူး။ ဆရာမတို့လည်း စောင့်နေတယ်။ ဘာကြောင့် ပြောင်းလဲလဲတော့ မသိဘူး" ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းအတွင်း အမှတ် (၁) အခြေခံပညာရေး ဦးစီးဌာန၊ အမှတ် (၂) အခြေခံ ပညာရေး ဦးစီးဌာန နှင့် အမှတ် (၃) အခြေခံ ပညာရေး ဦးစီးဌာန သုံးခုကို ပေါင်း၍ အဆင့်မြင့် အခြေခံပညာ ဦးစီးဌာန တစ်ခုတည်းအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ တစ်စုတစ်စည်းတည်း ပြောင်းလဲကျင့်သုံးခြင်းကို ရန်ကုန်တိုင်း တစ်ခုတည်းတွင်သာ ပြောင်းလဲခြင်းဖြစ်ပြီး အခြားတိုင်းမှာမူ မူလအတိုင်း ကျင့်သုံးလျက် ရှိသေးသည်ဟု ဒေါ်ဆွေဆွေလဲ့က ပြောသည်။
ယင်းသို့ ပညာရေး ဦးစီးဌာနများကို မခွဲဘဲ တစ်စုတစ်စည်းတည်း ထားသည့် စနစ်ကို ၁၉၈၈ ခုနှစ်အထိ ကျင့်သုံးခဲ့ပြီး ၁၉၈၈ နောက်ပိုင်း၌ ဦးစီးဌာနများ ခွဲ၍ ပြောင်းလဲကျင့်သုံးခဲ့ခြင်းလည်း ဖြစ်သည်။ ၂၆ နှစ်ကြာ ကျင့်သုံးခဲ့သည့် စနစ်ကို ယခု ဧပြီလ ၁ ရက်တွင် ပြောင်းလဲ ကျင့်သုံးလိုက်ခြင်း ဖြစ်သည်။
Mizzima 

No comments:

Post a Comment