Wednesday, April 22, 2015

ခြောက်ပွင့်ဆိုင်ရလဒ်များ ပါဝင်သည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း လာမည့်လွှတ်တော်တွင် တင်သွင်းမည်

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကျင်းပနေစဉ် (ဓာတ်ပုံ - စည်သူ)
လာမည့်မေလတွင် ပြန် လည်ကျင်းပမည့် လွှတ်တော်အ စည်းအဝေး၌ ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုရလဒ်များ ပါဝင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် သည့် ဥပဒေမူကြမ်းကို တင်သွင်း သွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မ တီ အတွင်းရေးမှူး ဦးစောလှထွန်း က ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းသည် တိုင်းပြည်အတွက် အရေးအကြီး ဆုံးဖြစ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ရည်ရွယ်၍ လာမည့် လွှတ်တော် သို့တင်သွင်းရန် အမြန်ဆုံးစီစဉ် နေခြင်းဖြစ်သည်ဟု ဦးစောလှ ထွန်းက ဆိုသည်။
လွှတ်တော်သို့ တင်သွင်း မည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရာ၌ အကျပ်အတည်းမဖြစ်စေ ရန် ရည်ရွယ်၍ တွေ့ဆုံသည့် နိုင်ငံရေးခေါင်းဆောင် ခြောက်ဦး တွေ့ဆုံမှုရလဒ်များကို ထည့်သွင်း သွားရန်ရှိကြောင်း ၎င်းက ပြော သည်။
ယခုလ ၁၀ ရက်က သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တိုင်း ရင်းသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်တို့ ပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ ဆုံမှုကို ပထမဆုံးအကြိမ် ပြုလုပ် ခဲ့ပြီး လာမည့် မေလအတွင်း ထပ်မံတွေ့ဆုံရန်လည်း ရှိနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ယခုလဆန်းပိုင်းက ကျင်းပပြီးစီးခဲ့သည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း တင်သွင်းနိုင်ခဲ့ခြင်းမရှိပေ။
လာမည့် မေလအတွင်း ပြန် လည်ကျင်းပမည့် လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်သည့် ဥပဒေမူကြမ်းအား လွှတ် တော်တွင် စတင်မဆွေးနွေးနိုင်ပါ က ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်နိုင် ရေးမှာ လွယ်ကူတော့မည်မဟုတ် ကြောင်း ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအုန်းတင်က ပြောသည်။
‘‘ရွေးကောက်ပွဲ လုပ်မယ် ပြောတဲ့အချိန်က လေး၊ ငါးလ လောက်ပဲ လိုတော့တယ်။ ဒီလွှတ် တော်မှာမှ အခြေခံဥပဒေပြင်တဲ့ မူကြမ်းကို မဆွေးနွေးနိုင်ရင် အ ခြေခံဥပဒေကို ပြင်ဖို့က မလွယ် တော့ဘူး’’ ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအုန်းတင် က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းလဲနိုင်ပါက ရွေးကောက် ပွဲကို သပိတ်မှောက်ခြင်းသည် နည်းလမ်းတစ်ခုအဖြစ် လုပ် ကောင်းလုပ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုလဆန်းက ပြည်ပမီဒီယာတစ်ခုသို့ ပြောကြားထားသည်။
၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ယခုနှစ် အောက်တို ဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
7Day Daily 

No comments:

Post a Comment