Thursday, April 9, 2015

မြန်မာ-တရုတ်နယ်စပ် မှောင်ခိုကူးမှုများ ယူနန်အစိုးရနှိမ်နင်းမည်



မြန်မာနိုင်ငံမှ တရားဝင်ပို့ကုန်ဖြစ်သော်လည်း တရုတ်နိုင်ငံက တရားဝင်တင်သွင်းခွင့်ပြုမထား၍ မြန်မာ−တရုတ်နယ်စပ်တွင် လယ်ယာထွက်ကုန်အချို့ကို ကားချင်းကဲ့ယူ၍ တရုတ်သို့တင်ပို့ရန် ပြင်ဆင်နေစဉ်
 မြန်မာ-တရုတ်နယ်စပ်တွင် မှောင်ခိုကုန်ကူးမှုများကို ပထမဆုံးအကြိမ် ထိရောက်စွာ တားဆီးနှိမ်နင်းမှုများပြုလုပ်မည်ဟု တရုတ်နိုင်ငံယူနန်အစိုးရက ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသို့ စာပေးပို့ထားကြောင်း သတင်းရရှိသည်။မြန်မာ−တရုတ် နယ်စပ်ရှိ တုန်ဟို၊ ၀န်စန်း၊ စစ်ဆောင်ပန်း နာ၊ တယ်ဟုန်စသော ဒေသများ တွင် မှောင်ခိုကုန်ကူးမှုများကို ဧပြီ ၁ ရက်မှ မေလ ၃၁ ရက်ထိ နှစ်လကြာ သီးသန့်တားဆီးမှု ဆောင်ရွက်မည်ဟု မြန်မာကောင်စစ်ဝန်ရုံးသို့ ပေးပို့ထားသော စာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ အစိုးရအနေ ဖြင့် မြန်မာ-တရုတ် နယ်စပ်တစ် လျှောက်ရှိ မှောင်ခိုကုန်ကူးမှုများ သည် နယ်စပ်ဒေသရှိ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း များအတွက် အထောက်ကူပြုစေ သကဲ့သို့ တရုတ်နိုင်ငံနယ်စပ် ဒေသရှိ အစိုးရ၀န်ထမ်းများ အဂတိလိုက်စားမှု ဖြစ်ပေါ်စေသဖြင့် ထိ ရောက်စွာ နှိမ်နင်းရခြင်းဟု ဖော်ပြထားသည်။
‘‘စာပို့ထားတယ်တော့ကြား တယ်။ ၀န်ကြီးဌာနကတော့ ကျွန် တော်တို့ကို ဘာမှမပြောသေးဘူး’’ ဟု မူဆယ်မြို့တွင် တာဝန်ထမ်း ဆောင်နေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြော ကြားသည်။
 တရုတ်အစိုးရ အနေဖြင့် တရားမ၀င် မှောင်ခိုဖမ်းဆီးမှုသည် သစ်၊ နွားစသည့် မှောင်ခိုများဖမ်းဆီးသင့်သော်လည်း ဆန်၊ ပြောင်းစသော လယ်ယာထွက်ကုန်ပစ္စည်းများ ဖမ်းဆီးမည်ကို စိုးရိမ်ရကြောင်း ၎င်းက ပြောကြားသည်။
‘‘ကိုယ့်ဘက်ကတော့ သတိ ထားပြီး ရောင်းရမှာပဲ။ တစ်ဦးတစ်ယောက်တည်းကို ပုံရောင်းတာမျိုး ကို ရှောင်သင့်တယ်’’ဟု မူဆယ် ဆန်ကုန်စည်ဒိုင်မှ ဗဟိုအလုပ် အမှုဆောင်ဦးသောကြာက ပြော ကြားသည်။
လက်ရှိ မြန်မာ−တရုတ် ဆန် ဈေးကွက်တွင် ပုံမှန်အရောင်းအ ၀ယ်ရှိနေပြီး ဈေးနှုန်းမြင့်တက်မှုမရှိပေ။ မူဆယ်နယ်စပ်သို့ ပြည်ပမှ ဆန်အ၀င်မှာ တစ်ရက်လျှင် တန်ချိန် သုံးသောင်းဝန်းကျင်ရှိကြောင်း ၎င်းက ပြောကြားသည်။
‘‘ဒီဈေးကွက်ကို အားထား နေရတော့ သတိထားပြီး ရောင်း ၀ယ်လုပ်သင့်တယ်။ လက်ရှိ အ ချိန်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုက တရုတ်က သွင်းတာပိုများတယ်’’ ဟု ပြည်ပသို့ ဆန်တင်ပို့ရောင်းချ နေသော လုပ်ငန်းရှင် ဦးမျိုးသူရ က ပြောကြားသည်။
မြန်မာ−တရုတ် နယ်စပ်ကုန် သွယ်ရေးတွင် မြန်မာနိုင်ငံက တရားဝင်ခွင့်ပြုချက်ဖြင့် တင်ပို့နေသော်လည်း တရုတ်နိုင်ငံက မှောင်ခိုသာ ၀ယ်ယူနေသဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ မမျှတသကဲ့သို့ ဖြစ်နေကြောင်း မူဆယ်နယ်စပ်မှ ကုန်သည်များက ပြောကြားသည်။ မြန်မာနိုင်ငံမှ အဓိကပို့ကုန်သည် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်များနှင့် စက်မှုသီးနှံ ဖြစ်သော ရော်ဘာကုန်ကြမ်းများ သာဖြစ်ပြီး တရုတ်နိုင်ငံမှ သွင်း ကုန်များမှာ ဘိလပ်မြေ၊ ဆောက် လုပ်ရေးသုံးပစ္စည်းများ၊ အီလက် ထရွန်နစ်ပစ္စည်းများ၊ ဟန်းဆက်၊ဆိုင် ကယ်မှအစ လူသုံးကုန်၊ စား သောက်ကုန်ပစ္စည်းများစွာ တင် သွင်းနေသည်။
သွင်းကုန်အများစုမှာ တရားမ၀င်လမ်းမှ တင်သွင်းမှုများဖြစ်ပြီး ကျန်းမာရေးနှင့် မညီသော စားသောက်ကုန် ပစ္စည်းများလည်း ပါဝင်နေသည်။ မူဆယ်နယ်စပ်မှ တရားမ၀င်သွင်းကုန်များကို ရွေ့လျားမှောင်ခိုတားဆီးရေးအဖွဲ့မှ ဖမ်းဆီးရမှုသည် ၂၀၁၂ နိုဝင်ဘာမှ ၂၀၁၅ ဖေဖော်ဝါရီထိ ၃၈ လအတွင်း  ကျပ်ငွေ ၂၅ ဘီလီ ယံကျော်ဖိုး ဖမ်းဆီးမိကြောင်း တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ စာရင်းများအရ သိရသည်။၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်  ဒေါ်လာ ခြောက်ဘီလီယံကျော်ထိရှိကြောင်း သိရသည်။
7Day

No comments:

Post a Comment