Thursday, April 9, 2015

အရေးပါသော တောင်ကုန်းများကို တပ်မတော်က ဆက်လက်သိမ်းယူ

 မြန်မာ့တပ်မတော်စစ်ကြောင်းများက ကိုးကန့်တိမ်း ရှောင်အဖွဲ့ နေရာယူထားသော အရေးပါသည့် တောင်ကုန်းများ ကို ဧပြီ ၈ ရက်က သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ချင်းရွှေဟော်နှင့် လောက်ကိုင်ကြား လုံထန်တောင်ကြောရှိ အရေးပါသည့် ပွိုင့် ၁၅၈၄၊ ၁၈၅၄ နှင့် ၁၅၀၈ တောင်ကုန်းသုံးခုကို တပ်မ ၆၆စစ်ကြောင်းများက လက်နက်ကြီးပစ်ကူဖြင့် သိမ်းပိုက်ရရှိခဲ့ကြောင်း ရှေ့တန်းတပ်မတော်အရာရှိတစ်ဦးက ပြောသည်။

‘‘ပင်မကုန်းဖြစ်တဲ့ ပွိုင့် ၁၇၅၃ ပဲကျန်တယ်။ ထွက်ပြေးကုန် ပါပြီ’’ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
တပ်မတော်ဘက်က သိမ်း ပိုက်ရရှိခဲ့သော တောင်ကုန်းများ မှာ ပြီးခဲ့သည့် လပိုင်းအတွင်း ကြက်ခြေနီကားများ ပစ်ခတ်ခြင်းခံခဲ့ရသည့်နေရာဝန်းကျင်တွင် တည်ရှိသည်။ ယင်းတောင်ကုန်းများကို ဖေဖော်ဝါရီအတွင်းကပင် တပ်မတော်စစ်ကြောင်းများက ရှင်းလင်းမှုများ  ပြုလုပ်နေပြီး  ဖျက်အားပြင်းဗုံးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။ လောက်ကိုင်နှင့် ချင်းရွှေဟော်ကြားရှိ လုံထန်ကျေးရွာအနီးတွင် ကြက်ခြေနီအလံလွှင့်ထူထားသော ကယ်ဆယ်ရေးယာဉ်များ နှစ်ကြိမ်တိုင်ပစ်ခတ်ခြင်းခံရပြီး ကိုယ်တွေ့ကြုံခဲ့ရသူများက ကိုးကန့်အဖွဲ့မှပစ်ခတ်ခြင်းဟု ပြောကြားခဲ့ကာ ကိုးကန့်အဖွဲ့က ငြင်းဆိုထားသည်။
မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်၏ ကိုးကန့်တိမ်းရှောင် အဖွဲ့တို့ ဖေဖော်ဝါရီ ၈ ရက်မှစ၍ လောက်ကိုင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
7Day

No comments:

Post a Comment