Saturday, September 14, 2013

ခလရ(၁၃၇)မှ အရာရှိ၏ ဖြစ်ရပ်မှန်

Photo: ခလရ(၁၃၇)မှ အရာရှိ၏ ဖြစ်ရပ်မှန်
Saturday, September 14, 2013

ယခုအပတ်တွင် KIA မှ စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲဘော် (၂) ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်မှုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး မှုတွေ တွေ့နေရပါတယ်။ အမှန်တကယ်ဖြစ်ပွားမှုမှာ ခလရ(၁၃၇) က ဗိုလ်ဇော်မျိုးထက်အပါအ၀င် (၁၂) ဦးက တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်း KIA က မလွမ်ဒိန်စာရွာ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ စစ်တပ်ဘက်က (၂)ယောက်သေပြီး (၁)ယောက်ထိခိုက် ကာ KIA ဘက်က (၁) ယောက်သေပါတယ်။ တောင်တက်အဖွဲ့အား အင်ခဂါးရွာသို့ ဆက်လက်ပို့ဆောင်စဉ် KIA မှ အင်အား (၃၀)ကျော် နှင့် စစ်တပ်လုံခြုံရေးအဖွဲ့ဝင်များအား ခြုံခိုတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အင်အားခြင်းမမျှတတာကြောင့် စစ်တပ်က ပြန်ဆုပ်တဲ့အချိန်မှာ ဗိုလ်ဇော်မျိုးထက် မပါလာကြောင်း သူ့အဖွဲ့က သိရှိရပါတယ်။

ခလရ(၁၃၈)မှ အဖွဲ့က ဗိုလ်ဇော်မျိုးထက်ကို ထပ်မံရှာဖွေခဲ့ရာ ဒီလ (၅) ရက်နေ့မှာ အင်ဒဂါးရွာအနီးတွင် ဦးခေါင်းပြတ်ပြီး မြေမြှုပ်ထားကြောင်း ရွာသားများ၏ ပြောဆိုမှုအရ အလောင်းအားရှာဖွေတွေ့ရှိခဲ့ရပါတယ်။
မျက်မြင် တွေ့ရှိခဲ့ရတဲ့ ရွာသားတွေရဲ့ပြောဆိုချက်အရ စစ်တပ်က အရာရှိကို KIA က ဖမ်းလာခဲ့ပြီး ရွာအနောက်ဘက် တောအုပ် မှာ ခေါင်းဖြတ်သတ် ခဲ့တာပါ။ ခေါင်းဖြတ်သတ်တာ အရင်တုန်းက KIA တွေတစ်ခါမှ မလုပ်ခဲ့ပါဘူး။ ဖြတ်တဲ့ လူပုံကလဲ ကုလားနဲ့ဆင်ပြီး ကချင်လူမျိုးမဖြစ်နိုင်ပါဘူး။ ကုလားတွေ KIA ထဲရောက်လာလို့ ခုလိုဖြစ်ရတာ၊ အစိုးရ တပ်ကပဲ တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်းနဲ့ ခုလိုတိုက်ပွဲဖြစ်သွားတာပါ။ ငြိမ်းချမ်းရေး လုပ်နေစဉ် အတောအတွင်းမှာ ခုလို KIA က စစ်ပွဲမှာဖမ်းမိတဲ့ အရာရှိကို ခုလို ရက်ရက် စက်စက်သတ်ဖြတ်တာကတော့ မကောင်းဘူးပေါ့ဗျာ။ ငါတို့ အားလုံးလည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဒါပေမဲ့ KIA ကအခုလို ရန်သူကို လူမဆန် သလို လုပ်တာတော့ ငါတို့လည်း မကြိုက်ဘူး ဟု အင်ခဂါးရွာသားတစ်ဦးက ပြောပြခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့သတင်းတွေက အရာရှိကို ခေါင်းဖြတ်နှိပ်စက်တာကို သူ့ရဲဘော်တွေ ကိုကြည့်ခိုင်းပြီးမှ ကျန်တဲ့ ရဲဘော်တွေ ကို နောက်မှ ခေါင်းဖြတ် သတ်မယ် ဆိုပြီး သတင်းတွေ အမျိုးမျိုးပျံ့နှံ့နေ ပါတယ်။ ဒါပေမဲ့ အရာရှိကိုသာ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ရဲဘော် (၂)ဦးက တိုက်ပွဲမှာသေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖမ်းမိတဲ့ ရန်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ကျွန်တော်တို့တွေလည်းလက်မခံ သလို ဘယ်သူမှ လည်းလက်မခံနိုင်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့ အချိန်မှာ ဖြစ်တာကြောင့်မို့ ပိုဆိုးဝါးပေမဲ့ အစိုးရဘက်က သဘော ထားကြီးစွာ ထားပြီး လုပ်ဆောင် သင့်ပါတယ်။ ပျံ့နှံ့နေတဲ့သတင်းတွေ ကို သေချာ လေ့လာပြီးမှယုံကြည်ကြပြီး အဖြစ်မှန်ကိုသိရှိဖို့ ဖော်ပြလိုက်ရ ပါတယ်။

အင်နော်သား
Kachin Daily News
ယခုအပတ်တွင် KIA မှ စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲဘော် (၂) ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်မှု သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး မှုတွေ တွေ့နေရပါတယ်။ အမှန်တကယ်ဖြစ်ပွားမှုမှာ ခလရ(၁၃၇) က ဗိုလ်ဇော်မျိုးထက်အပါအ၀င် (၁၂) ဦးက တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်း KIA က မလွမ်ဒိန်စာရွာ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။
စစ်တပ်ဘက်က(၂)ယောက်သေပြီး (၁)ယောက်ထိခိုက်ကာ KIA ဘက်က (၁)ယောက်သေပါတယ် ။ တောင်တက်အဖွဲ့အား အင်ခဂါးရွာသို့ ဆက်လက်ပို့ဆောင်စဉ် KIA မှ အင်အား (၃၀)ကျော် နှင့် စစ်တပ်လုံခြုံရေးအဖွဲ့ဝင်များအား ခြုံခိုတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အင်အားခြင်းမမျှတတာကြောင့် စစ်တပ်က ပြန် ဆုပ်တဲ့အချိန်မှာ ဗိုလ်ဇော်မျိုးထက် မပါလာကြောင်း သူ့အဖွဲ့က သိရှိရပါတယ်။

ခလရ(၁၃၈)မှ အဖွဲ့က ဗိုလ်ဇော်မျိုးထက်ကို ထပ်မံရှာဖွေခဲ့ရာ ဒီလ (၅) ရက်နေ့မှာ အင်ဒဂါးရွာအနီးတွင် ဦးခေါင်းပြတ်ပြီး မြေမြှုပ်ထားကြောင်း ရွာသားများ၏ ပြောဆိုမှုအရ အလောင်းအားရှာဖွေတွေ့ရှိခဲ့ ရပါတယ်။ မျက်မြင်တွေ့ရှိခဲ့ရတဲ့ ရွာသားတွေရဲ့ပြောဆိုချက်အရ စစ်တပ်ကအရာရှိကို KIA က ဖမ်းလာ ခဲ့ပြီး ရွာအနောက်ဘက် တောအုပ်မှာ ခေါင်းဖြတ်သတ်ခဲ့တာပါ။ ခေါင်းဖြတ်သတ်တာ အရင်တုန်းက KIA တွေတစ်ခါမှ မလုပ်ခဲ့ပါဘူး။ ဖြတ်တဲ့လူပုံကလဲ ကုလားနဲ့ဆင်ပြီး ကချင်လူမျိုးမဖြစ်နိုင်ပါဘူး။ ကုလားတွေ KIA ထဲရောက်လာလို့ ခုလိုဖြစ်ရတာ၊ အစိုးရတပ်ကပဲ တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်းနဲ့ ခုလိုတိုက်ပွဲဖြစ်သွားတာပါ။ ငြိမ်းချမ်းရေး လုပ်နေစဉ် အတောအတွင်းမှာ ခုလို KIA က စစ်ပွဲမှာဖမ်းမိတဲ့အရာရှိကို ခုလို ရက်ရက်စက်စက်သတ်ဖြတ်တာကတော့ မကောင်းဘူးပေါ့ဗျာ။ ငါတို့ အားလုံးလည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဒါပေမဲ့ KIA ကအခုလို ရန်သူကို လူမဆန်သလို လုပ်တာတော့ ငါတို့လည်း မကြိုက်ဘူး ဟု အင်ခဂါးရွာသားတစ်ဦးက ပြောပြခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့သတင်းတွေက အရာရှိကို ခေါင်းဖြတ်နှိပ်စက်တာကို သူ့ရဲဘော်တွေ ကိုကြည့်ခိုင်းပြီးမှ ကျန်တဲ့ ရဲဘော်တွေကို နောက်မှ ခေါင်းဖြတ်သတ်မယ်ဆိုပြီး သတင်းတွေ အမျိုးမျိုးပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ အရာရှိကိုသာ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ရဲဘော် (၂)ဦးက တိုက်ပွဲမှာသေတာဖြစ်ပါတယ်။ ဒီလိုမျိုး ဖမ်းမိတဲ့ ရန်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ကျွန်တော်တို့တွေလည်းလက်မခံ သလို ဘယ်သူမှ လည်းလက်မခံနိုင်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့အချိန်မှာ ဖြစ်တာကြောင့်မို့ ပိုဆိုးဝါးပေမဲ့ အစိုးရ ဘက်က သဘောထားကြီးစွာထားပြီး လုပ်ဆောင်သင့်ပါတယ်။ ပျံ့နှံ့နေတဲ့သတင်းတွေကို သေချာ လေ့ လာပြီးမှ ယုံကြည်ကြပြီး အဖြစ်မှန်ကိုသိရှိဖို့ ဖော်ပြလိုက်ရ ပါတယ်။

အင်နော်သား
Kachin Daily News

2 comments:

  1. မ လို ချင် ဘူး ကွာ၊ မင်း တို့ တိုင်း ရင်း သား တွေ ကို တော့ ချစ် ပါ တယ် ၊ ဒါ ပေ မဲ့ KIA ယုတ် မာ တာ ကို တော့ ဘယ် လို မှ သီး ခံ နိုင် စ ရာ အ ကြောင်း မ ရှိ ဘူး ၊ ဆောင်း ပါး ရေး တဲ့ သူ သာ ကာ ယ ကံ ရှင် ရဲ့ မိ ဘ ဆွေ မျိုး ဆို ရင် ဘယ် လို ခံ စား ရ မ လဲ ။ KIA ကို အ ပြတ် ချေ မှုန်း သင့် ပါ ပြီ ။

    ReplyDelete
  2. စစ်ဆိုတာ တရားသောစစ်ဖြစ်ဖို့လိုတယ် ငြိမ်းချမ်းရေးအတွက်အားလုံး အမြင်မတူတာတွေ ခ၀ါချပြီးကြိုးစားလုပ်ဆောင်နေချိန်မှာ စစ်သုံးပန်တစ်ယောက်
    ကိုဒီလိုလုပ်တဲ့လုပ်ရက်ကိုတော့ နားလည်ပေးရန် အသိတရား လူတိုင်းမှာမရှိနိုင်
    ဘူးလို့ထင်ပါတယ် နားလည်ပေးတဲ့သူ မသိချင်ယောင်ဆောင်နေတဲ့သူ ကောင်း
    ချီးသြဘာပေးတဲ့သူတွေဟာလည်း လူအမည်ခံ လုတရိစ္ဆာန်များသာဖြစ်ပါလိမ့်မယ်
    ဒီကောင်တွေရဲ့မတရားတဲ့လုပ်ရပ်အပေါ် တပ်မတော်ကပြန်လည်တိုက်ခိုက်ချေ
    မှုန်းမှု့သည်တရားသောစစ်ကိုဆင်နွဲခြင်းဖြစ်တယ် ငါတိုပြည်သူတွေနားမှု့လွဲနေ
    ကြတယ် တပ်မတော်သားတွေနဲ့တပ်မတော်အပေါ်အမုန်းတရားမဖြစ်ရပါဘူး
    တပ်မတော်အပေါ်အသုံးချ ကိုယ်ကျိုးအတွက်အခွင့်ကောင်းယူခဲ့ကြတဲ့ လူပုဂ္ဂို
်လ်တွေကိုသာနာကြည်းမုန်းတီးရမှာပါ နိုင်ငံတော်အလံကိုင်ပြီးသစ္စာဆိုခဲ့တဲ့
    အဲ့ဒီလူတွေဟာ နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာဖောက်ပြီးအမိတပ်မတော်ကြီးကို
    ပါအရောင်တွေညစ်ထေးအောင်လုပ်ခဲ့ကြတာကိုနားလည်ကြပါ။

    ReplyDelete