Thursday, April 9, 2015

ဖမ်းဝရမ်းထုတ်ခံထားရသော ဂရိတ်ဝေါဦးတင်မောင် စင်ကာပူနိုင်ငံတွင် ဆေးကုသခံနေဟုဆို



တော်ဝင်နှင်းဆီဆေးရုံကို တွေ့ရစဉ် (ဓာတ်ပုံ−မောင်တာ)
 တရုတ်နိုင်ငံသားများ တရားမ၀င်ဆေးခန်းဖွင့်လှစ်မှု ဖြင့် ဆေးရုံပိတ်သိမ်းခံရပြီးနောက် ထွက်ပြေး တိမ်းရှောင်နေသည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော တော်ဝင်နှင်းဆီဆေးရုံပိုင်ရှင် ဂရိတ်ဝေါဦးတင်မာင်သည် စင်ကာပူနိုင်ငံ၌ ဆေးကုသမှုခံယူ နေကြောင်း ဂရိတ်ဝေါကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။

ဧပြီ ၈ ရက်က ဂရိတ်ဝေါ ရုံးခန်းတွင် ဦးတင်မောင်ပညာ သင်ဆုနှင့် ပတ်သက်၍ မီဒီယာ များနှင့် တွေ့ဆုံရာ၌ ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဂရိတ်ဝေါဦးတင်မောင်သည် နေပြည်တော်နှင့် အခြားနေရာများ၌ ထွက်ပြေးတိမ်းရှောင်နေ သည်ဟု သတင်းများထွက်ပေါ်နေ မှုမှာ မဟုတ်မှန်ကြောင်း၊ စင်ကာ ပူနိုင်ငံရှိ ဆေးရုံတွင် ဆေးကုသ နေခြင်းဖြစ်ကြောင်း၊ အမှုဖြစ်မှ ထွက်ခွာသွားခြင်းမဟုတ်ဘဲ ၂၀၁၄ ခုနှစ် ဇန်န၀ါရီကတည်းက သွားရောက်ခြင်းဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် ရှိနေကြောင်း မြန်မာသံရုံးမှ ထောက်ခံစာကို တရားရုံးသို့ တင်ပြထားကြောင်း ၎င်းတို့က ပြောသည်။
မည်သည့်အချိန်တွင် ဆေး ကုသမှုပြီးဆုံး၍ အမှုလာရောက် ရင်ဆိုင်မည်ကိုမူ ကုမ္ပဏီတာဝန် ရှိသူများက အဖြေပေးခဲ့ခြင်း မရှိ ပေ။
‘‘ဥပဒေအတိုင်းပဲ ရင်ဆိုင်ဖို့ ရှိတယ်။ ဦးတင်မောင်နဲ့ ပတ်သက် ပြီး ဘာမှပြောစရာမရှိဘူး။ ငြင်း စရာလည်း မရှိဘူး။ ၀န်ခံစရာ လည်း မရှိဘူး။ ဦးတင်မောင် သူ့ ကိစ္စ သူ့ဟာသူဆောင်ရွက်မှာပဲ’’ ဟု ဂရိတ်ဝေါကုမ္ပဏီ ပညာရေးကော်မတီဒုဥက္ကဋ္ဌ ဦးတင်မောင် အုန်းက ပြောသည်။
ဦးတင်မောင်သည် ဖမ်းဝ ရမ်းထုတ်ခြင်း   ခံထားရသော် လည်း ကုမ္ပဏီအနေဖြင့် ဆက်လက်လည်ပတ်နေပြီး    ပညာသင်ဆုထောက်ပံ့မှုကို ဆက်လက်ဆောင်ရွက်နေကြောင်း ဂရိတ်ဝေါကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။
မန္တလေးမြို့ရှိ တော်ဝင်နှင်း ဆီဆေးရုံ၏ သုံးလွှာတွင် တရုတ် နိုင်ငံသားများ တရားမ၀င်ဆေး ခန်းဖွင့်မှုဖြင့် ယခုနှစ် ဇန်န၀ါရီ မှစ၍ ဆေးရုံပိတ်သိမ်းကာ ဆေးရုံပိုင်ရှင် ဂရိတ်ဝေါဦးတင်မောင်နှင့် တရုတ်နိုင်ငံသားများအား ထွက်ပြေးတိမ်းရှောင်သည်ဟု ဆိုကာ ဖမ်းဝရမ်းထုတ်ထားပြီး အမှုကို ချမ်းအေးသာစံမြို့နယ် တရားရုံး၌ စစ်ဆေးနေပြီဖြစ်သည်။
ထို့ပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက လည်း တော်ဝင်နှင်းဆီဆေးရုံနေ ရာမှာ ဆေးရုံဆောက်လုပ်ဖွင့်လှစ် ရန် ခွင့်ပြုထားခြင်းမဟုတ်ဘဲ ပလာဇာအဖြစ် ခွင့်ပြုထားခြင်း၊ သတ်မှတ်အမြင့်ထက် ပိုမိုဆောက်လုပ်ခြင်းနှင့် စာချုပ်ပါ စည်းကမ်း ချက်များ ဖောက်ဖျက်ခြင်းတို့ ကြောင့် အရေးယူသွားမည်ဟု စည်ပင် တာဝန်ရှိသူများက ဆိုသည်။
7Day

No comments:

Post a Comment