Monday, April 6, 2015

ဧ၇ာဝတီတိုင်း မော်ကျွန်းမှာ သီချင်းသွားဆိုဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါ



ခင်ဝင့်ဝါက မတ်လထဲမှာ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့က စေတီရန်ပုံ ငွေပွဲမှာ သီချင်းသွားဆိုဖြစ်ခဲ့ကြောင်းသိရပြီး ဒီရန်ပုံငွေပွဲမှာ အောင်ရဲလင်းနဲ့ ကောင်းပြည့်တို့လည်း ပါဝင်သီဆိုဖျော်ဖြေကြောင်း သိရပါတယ်။ ပထမဦးဆုံး သီချင်းဆိုဖြစ်တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု တွေလည်းရရှိခဲ့ကြောင်း ကို ခင်ဝင့်ဝါက "ဧရာဝတီ တိုင်းမော်ကျွန်းက ကမ်းပါးမှာတည်ထားတဲ့ စေတီ က ကမ်းပါးပြိုကျတော့မယ့်အတွက် ပြုပြင်ဖို့ ရန်ပုံငွေပွဲပါ။

ပထမဆုံးသီဆိုရတော့ တအား လည်းကြောက်တယ်။ ညီမအသံကလည်း မကောင်း ဘူး။ ဒါပေမဲ့ ပရိသတ်တွေ အားပေးကြတဲ့ အတွက် တအားပျော်
ပါတယ်။ ပရိသတ်တစ် သောင်းကျော်ရှိပါတယ်။ ညီမအနေနဲ့က တော့ ပျော်ပွဲရွှင်ပွဲထက် ဒီလိုရန်ပုံငွေပွဲ ဆိုရင်တော့ သေချာစဉ်းစားပြီးဆို ဖြစ်မှာပါ။ အမြဲ တမ်းတော့ဆိုဖြစ်မှာ မဟုတ်ပါဘူး။
ပရိသတ်တော်တော် များများက ညီမအသံက နည်း နည်းအက်တဲ့အသံ ပေါက်တော့ အသံနဲ့ရုပ်နဲ့မလိုက်ဘူးလို့ ဝေဖန် တာရှိတယ်။ ညီမလည်း အတတ်နိုင် ဆုံး အကောင်းဆုံးကြိုး စားတယ်။ မွေး ရာပါအသံဖြစ်တဲ့အတွက် တော့ ဘယ်လိုမှ ပြုပြင်လို့မရဘူး လေ" လို့ ပြောပါတယ်။
ခင်ဝင့်ဝါက သင်္ကြန်မတိုင်ခင် အောင်ဇမ္ဗူ တောရကျောင်းတိုက်မှာ ၅ရက်ကြာ ရိပ်သာဝင်မှာဖြစ် ကြောင်း ပြောပါ တယ်။ ရိပ်သာဝင် ဖြစ်ပုံကိုတော့ ခင်ဝင့်ဝါက "ဒီနှစ်စိတ် တွေတအား ရှုပ်ထွေးထယ်။ ဖိဆီးမှုတွေလည်းများ တယ်။ သင်္ကြန်မှာ မနှစ်ကဝင်မယ် ဆိုပြီး မဝင်ဖြစ်ဘူး။ ဒီနှစ်တော့ ရိပ်သာဝင် ဖြစ်အောင် ဝင်မှာပါ" လို့ ပြောပါတယ်။
ဒီနှစ်သင်္ကြန်ကိုတော့နေပြည်တော်က ACE မဏ္ဍပ်မှာရှိမှာဖြစ်ကြောင်း ခင်ဝင့်ဝါက ပြော ပါတယ်။
ခိုင်ဝေလွင်၊ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

No comments:

Post a Comment